Psalms 136
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ 2ဘုရား တို့၏အရှင် ၊ ဘုရား သခင်၏ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ 3အရှင် တို့၏သခင် ၊ ဘုရား ရှင်၏ ကရုဏာ တော် အစဉ် အမြဲတည် သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ 4ကရုဏာ တော် အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အံ့ဘွယ် သောအမှုတို့ကို တပါး တည်းသာ ပြု တော်မူထသော၊ 5ကရုဏာ တော်အစဉ် အမြဲတည် သည်ဖြစ်၍ ၊ ပညာ တရားအတိုင်း ကောင်းကင် ကို ဖန်ဆင်း တော်မူထသော၊ 6ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ရေ ပေါ် မှာ မြေကြီး ကို ဖြန့် တော်မူထသော၊ 7ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အလင်း အိမ်ကြီး တို့ကို ဖန်ဆင်း တော်မူထသော၊ 8ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ နေ့ ကိုအုပ်စိုး ရသောနေ ကို၎င်း ၊ 9ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ညဉ့် ကို အုပ်စိုး ရသောလ နှင့် ကြယ် များကို၎င်းဖန်ဆင်းတော်မူထသော၊ 10ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အဲဂုတ္တု ပြည်မှာ သားဦး များကို ဒဏ်ခတ် တော်မူထသော၊ 11ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အားကြီးသော လက်၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊ 12ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်သားတို့ အထဲ က ထုတ် ဆောင်တော်မူထသော၊ 13ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဧဒုံ ပင်လယ် ကို အပိုင်းပိုင်း ခွဲ တော်မူထသော၊ 14ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ပင်လယ်အလယ် ၌ ဣသရေလ အမျိုးကို ရှောက်သွား စေတော်မူထသော၊ 15ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဖာရော မင်းနှင့် ဗိုလ်ခြေ များကို ဧဒုံ ပင်လယ် ထဲ၌ လှဲချ တော်မူထသော၊ 16ကရုဏာ တော် အစဉ် အမြဲတည် သည်ဖြစ်၍ ၊ မိမိ လူစု ကိုတော ၌ ပို့ဆောင် တော်မူထသော၊ 17ကရုဏာ တော် အစဉ် အမြဲတည် သည်ဖြစ်၍ ၊ ကြီး သောဘုရင် တို့ကို ဒဏ်ခတ် တော်မူထသော၊ 18- 19- 20ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အာမောရိ ပြည်ကို အစိုးရ သောရှိဟုန် မင်းကို ၎င်း၊ ကရုဏာ တော်အစဉ် အမြဲတည် သည်ဖြစ်၍ ၊ ဗာရှန် ပြည် ကိုအစိုးရ သောဩဃ မင်းကို ၎င်း၊ ကရုဏာ တော် အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဘုန်းကြီး သော ဘုရင် များကို၎င်း၊ လုပ်ကြံ တော်မူထသော၊ 21ကရုဏာ တော် အစဉ် အမြဲတည်သည်ဖြစ်၍ ၊ သူ တို့နေရာမြေ ကို လွှဲ တော်မူထသော၊ 22ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ မိမိ ကျွန် ဣသရေလ အမျိုးအား အမွေ ကို ပေးချတော်မူထသော၊ 23ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ နှိမ့်ချ လျက်နေသောငါ တို့ကိုအောက်မေ့ တော်မူထသော၊ 24ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ငါ တို့ကိုရန်သူ တို့ အထဲ က ရွေးနှုတ် တော်မူထသော၊ 25ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ခပ်သိမ်း သောသတ္တဝါ တို့ကို ကျွေးမွေး တော်မူသော၊ 26ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင်၏ ကရုဏာ တော်သည် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
Did you know?
A Litany of Enduring Love
- Psalm 136 is structured as a litany where every single verse concludes with the antiphonal refrain affirming that God's loving devotion endures forever. The psalm systematically moves from the wonders of creation, such as the heavenly lights, to the major milestones of Israel's deliverance.Sources: the Bible text itself
- The psalm specifically commemorates the defeat of Sihon king of the Amorites and Og king of Bashan. These rulers controlled territory east of the Jordan River and attempted to block Israel's journey, but their defeat allowed their fertile lands to be given as a heritage to the tribes of Israel.Sources: the Bible text itself · Sihon · Og · Bashan
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org