Nations Bible

Psalms 107

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ 2- 3ရန်သူ ၏လက် မှ ထာဝရဘုရား နှုတ် ၍ အရှေ့ အနောက် တောင် မြောက် အရပ်ရပ် ထဲ က စုသိမ်း သော သူတည်းဟူသော၊ ရွေး တော်မူသောသူတို့ သည် ဝန်ခံ ကြစေ။ 4သူတို့သည် တော တွင် လူ ဆိတ်ညံရာအရပ်၌ လည် ၍၊ နေစရာ မြို့ သို့ ရောက်သောလမ်း ကို မ တွေ့ ကြ။ 5ဆာငတ် မွတ်သိပ် ၍ စိတ်ပျက် ကြ၏။ 6ဆင်းရဲ ခံရသောအခါ ၊ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲ က ဆယ် နှုတ်တော်မူ၏။ 7သူတို့နေစရာ မြို့ သို့ ရောက် စေခြင်းငှါ ၊ ဖြောင့် သောလမ်း ဖြင့် ပို့ဆောင် တော်မူ၏။ 8လူသား တို့၌ ပြုတော်မူသောကရုဏာ နှင့် အံ့ဘွယ် သော အမှုတော်တို့ကိုထောက် ၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြစေ။ 9အကြောင်း မူကား၊ တောင့်တ သော ဝိညာဉ် ကို ရောင့်ရဲ စေ၍၊ မွတ်သိပ် သော ဝိညာဉ် ကိုလည်း ၊ ကောင်း သောအရာနှင့် ဝ စေတော်မူ၏။ 10- 11ထိုသူတို့သည် ဘုရား သခင်၏ အမိန့် တော်ကို ငြင်းဆန် ၍၊ အမြင့်ဆုံး သော ဘုရား၏ အကြံ တော်ကို မထီမဲ့မြင် ပြုသောကြောင့် ၊ မှောင်မိုက် ၊ သေမင်း အရိပ်၌ထိုင် လျက်၊ ဒုက္ခ နှင့်၎င်း၊ သံကြိုး နှင့်၎င်း ချည်နှောင် လျက်နေရကြ၏။ 12ဘုရားသခင်သည် အမှု ရောက်စေ၍ ၊ သူ တို့ စိတ် ကိုနှိမ့်ချ တော်မူ၏။ သူတို့သည် လဲ ၍ ထောက်မ သော သူမ ရှိဘဲ၊ 13ဆင်းရဲ ခံရသောအခါ ၊ ထာဝရဘုရား ကို အော်ဟစ် ၍ ဆင်းရဲ ဒုက္ခထဲ က ကယ်တင် တော်မူ၏။ 14မှောင်မိုက် နှင့် သေမင်း အရိပ်ထဲ က ထုတ် ဆောင်၍ သူ တို့ချည်နှောင် ခြင်းကို ဖြေ တော်မူ၏။ 15လူသား တို့၌ ပြုတော်မူသောကရုဏာ နှင့် အံ့ဘွယ် သောအမှုတော်တို့ကိုထောက်၍၊ ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးကို ချီးမွမ်း ကြစေ။ 16အကြောင်း မူကား၊ ကြေးဝါ တံခါး တို့ကို ချိုး ၍ ၊ သံ ကန့်လန့် တို့ကို အပိုင်းပိုင်းဖြတ် တော်မူ၏။ 17မိုက် သောသဘောရှိသောသူတို့ သည်လမ်း လွှဲ ၍ ၊ ဒုစရိုက် ကို ပြုသောကြောင့် ဆင်းရဲခြင်း နှင့် တွေ့ကြုံရကြ၏။ 18စား စရာမျိုးကို ရွံ ၍ သေခြင်း တံခါး ငါ့အနီး သို့ ရောက်ကြ၏။ 19ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲ က ကယ်တင် တော်မူ၏။ 20နှုတ်ကပတ် တော်ကိုလွှတ် သဖြင့် ၊ သူ တို့အနာ ကို ငြိမ်းစေ၍ ၊ ဖျက်ဆီး ခြင်းအရာများထဲ က နှုတ်ယူ တော်မူ ၏။ 21လူသား တို့၌ ပြုတော်မူသောကရုဏာ နှင့် အံ့ဘွယ် သောအမှုတော်တို့ကိုထောက် ၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြစေ။ 22ကျေးဇူး တော် ဝန်ခံရာယဇ် ကို ပူဇော် ၍ ၊ ရွှင်လန်း သော အသံနှင့်တကွ အမှုတော် တို့ကို ကြား ပြော ကြစေ။ 23သင်္ဘော စီးလျက် ပင်လယ် ကိုကူး ၍၊ ရေ များ ပေါ် မှာ လုပ်ဆောင် သောသူတို့ သည်၊ 24နက်နဲ ရာအရပ်၌ ထာဝရဘုရား ၏ အမှုတော် တို့နှင့်၊ အံ့ဘွယ် သော အမှုတော်တို့ကို မြင် ရကြ၏။ 25အမိန့် တော်ရှိ၍ လေပြင်း မုန်တိုင်း တိုက် သဖြင့် ၊ လှိုင်း တံပိုးတို့ကို ထ စေ၏။ 26မိုဃ်း ကောင်းကင်တိုင်အောင်တက် လျက်၊ နက်နဲ ရာထဲသို့ ဆင်း လျက် တွေ့သောဘေး ကြောင့် ၊ သူတို့သည် စိတ်ပျက် ကြ၏။ 27တလည်လည် သွားလျက် ယစ်မူး သော သူကဲ့သို့ တိမ်းယိမ်း လျက်နေ၍ ဉာဏ် တိမ် မြုပ်ခြင်းရှိကြ၏။ 28ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲ က ထုတ် ဆောင်တော်မူ၏။ 29လေပြင်း ကို ပျောက် စေတော်မူ၍ ၊ လှိုင်း တံပိုးများလည်း ငြိမ်ဝပ် ကြ၏။ 30ထိုသို့ ငြိမ်ဝပ် သောကြောင့် သူတို့သည် ဝမ်းမြောက် ကြ၏။ အလို ရှိရာ သင်္ဘော ဆိပ်သို့ ပို့ဆောင် တော်မူ၏။ 31လူ သားတို့၌ ပြုတော်မူ သော ကရုဏာ နှင့် အံ့ဘွယ် သော အမှုတော တို့ကို ထောက် ၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြစေ။ 32လူ ပရိတ်သတ် ၏ အလယ် မှာ ထာဝရ ဘုရားကို ချီးမြှောက် ၍ အသက်ကြီး သူတို့၏ အစည်း အဝေး၌ ချီးမွမ်း ကြစေ။ 33မြစ် တို့ကို လွင်ပြင် ဖြစ် စေခြင်းငှါ၎င်း၊ စမ်း ရေ ထွက်ရာ အရပ် ကို လည်း သွေ့ ခြောက်စေခြင်းငှါ ၎င်း ပြု တော်မူ၏။ 34မြေ ကောင်းသော ပြည် ကို ပြည်သူ ပြည်သားတို့ ၏ အပြစ် ကြောင့် ဆား မြေဖြစ်စေ တော်မူ၏။ 35တဖန်လွင်ပြင် ကို ရေ နှင့်ပြည့် စေခြင်းငှါ ၎င်း ၊ သွေ့ခြောက် သော အရပ် ကိုလည်း စမ်းရေ ထွက်စေ ခြင်းငှါ ၎င်း ပြု တော်မူ၏။ 36ထိုအရပ် ၌လည်း ၊ ငတ်မွတ် သောသူတို့ကို နေရာ ချတော်မူ၍ ၊ သူတို့သည် မိမိနေ စရာဘို့မြို့ ကို တည် ကြ၏။ 37လယ် လုပ် လျက် ၊ စပျစ် ဥယျာဉ်ကိုလည်း စိုက်ပျိုး လျက် ၊ မြေ အသီးအနှံတို့ကို ပြုစု ကြ၏။ 38ကောင်းကြီး ပေးတော်မူ၍ ၊ သူတို့သည် အလွန် ပွားများ ကြ၏။ သူ တို့သိုး နွားများကိုလည်း လျော့ စေတော်မ မူ။ 39တဖန် သူတို့သည် လျော့ ၍ ညှဉ်းဆဲ ခြင်း၊ ငြိုငြင် ခြင်း၊ စိတ် ပူပန်ခြင်းအားဖြင့် နှိမ့်ချ လျက်နေရကြ၏။ 40မင်းသား တို့ကို အရှက်ခွဲ ၍ ၊ လမ်း မ ရှိသော တော အရပ်၌ လည် စေတော်မူ၏။ 41ဆင်းရဲ သောသူကိုလည်း ဒုက္ခ မှ ထမြောက် စေ ၍ ၊ သိုးစု ကဲ့သို့ အိမ်ထောင် ပွားများ စေတော်မူ၏။ 42ဖြောင့်မတ် သောသူတို့ သည် မြင် ၍ ၊ ဝမ်းမြောက် ကြ၏။ ခပ်သိမ်း သော ဒုစရိုက် သည်လည်း မိမိ နှုတ် ကို ပိတ် ရ၏။ 43အကြင် သူသည်ပညာရှိ ၏။ ထိုသူသည် ဤ အမှုအရာ တို့ကို ဆင်ခြင် ၍ ၊ ထာဝရဘုရား ၏ ကရုဏာ ကျေးဇူးတော်ကို နားလည် လိမ့်မည်။

Artistic illustration — an interpretation, not a historical record.

Did you know?

Thanksgiving for Deliverance from Trouble

  • Psalm 107 portrays four distinct groups facing perilous situations: travelers lost in waterless wastelands, prisoners trapped in dark dungeons, people suffering life-threatening sickness, and seafaring merchants caught in a violent storm. In each crisis, the sufferers cry out for help and receive rescue.Sources: the Bible text itself
  • The psalm uses a structured, repetitive poetic refrain across each scenario. Each deliverance is followed by an identical call urging those who were rescued to give thanks for the Lord's loving devotion and wonderful deeds.Sources: the Bible text itself
  • The closing portion describes dramatic reversals of fortune in both nature and society. Fertile lands turn to barren wastes and dry deserts become flowing springs, while oppressive nobles are humbled and the impoverished are lifted up.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.