Nations Bible

Psalms 101

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1ငါသည် သနား စုံမက်ခြင်း၊ တရား သဖြင့် စီရင်ခြင်း ကို အကြောင်းပြု၍ သီချင်း ဆိုပါမည်။ အို ထာဝရဘုရား ၊ ရှေ့ တော်၌ သီချင်း ဆိုပါမည်။ 2စုံလင် သော တရား အတိုင်း ပညာ သတိနှင့် ကျင့်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ် ဆီ သို့ အဘယ် ကာလမှ ကြွလာ တော်မူမည်နည်း။ ကိုယ် အိမ် တွင် သန့်ရှင်း သော စိတ် နှလုံးနှင့် ကျင့် ပါမည်။ 3အဓမ္မ အမှု အရာကို မျက်မှောက် မ ပြု ပါ။ လမ်းလွှဲ သောသူ ၏ အမှု ကို ရွံရှာ သည်ဖြစ်၍၊ ငါ ၌ မ မှီ မကပ်ရ။ 4သဘော ကောက် သောသူသည် ငါ့ ထံ မှ ထွက်သွား ရမည်။ မ ကောင်းသောသူနှင့် ငါမ ပေါင်းဘော်။ 5မိမိ အိမ်နီးချင်း ၏ အသရေ ကို တိတ်ဆိတ် စွာ ဖျက်သောသူကို ငါပယ်ဖြတ် မည်။ မျက်နှာ ထောင်လွှား ၍ စိတ် မြင့် သောသူကို သည်း မ ခံ။ 6သစ္စာရှိ သော ပြည်သားတို့ သည် ငါ့ ထံ မှာနေ မည်အကြောင်း သူတို့ကို ငါ ကြည့်ရှု မည်။ စုံလင် သောတရား ၌ ကျင်လည် သောသူသည် ငါ ၏ အမှု ကို ဆောင်ရွက်ရမည်။ 7လှည့်စား တတ်သောသူမူကား၊ ငါ့ အိမ် ၌ မ နေ ရ။ မုသာ စကားကို ပြော တတ်သောသူသည် လည်း၊ ငါ့ မျက်မှောက် ၌ အခွင့် မ ရှိရ။ 8ဆိုး သောအမှုကို ပြု သောသူအပေါင်း တို့ကို ထာဝရဘုရား ၏ မြို့ တော်မှ ပယ်ဖြတ် မည်အကြောင်း ၊ မ တရားသော ပြည်သား ရှိသမျှ တို့ကို စောစော ဖျက်ဆီး လေအံ့သတည်း။

Artistic illustration — an interpretation, not a historical record.

Did you know?

Vows of a Blameless Leader

  • The psalm is traditionally attributed to David as a declaration of personal ethics and leadership standards. The speaker pledges to maintain integrity first within his own household and inner circle before extending justice throughout the land.Sources: the Bible text itself
  • The phrase about removing the wicked every morning refers to the ancient practice of conducting judicial affairs at the beginning of the day, ensuring corruption and slander were systematically confronted in the city of the Lord.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.