Numbers 3
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ မောရှ အား ဗျာဒိတ် ပေးတော်မူသောအခါ၊ အာရုန် နှင့် မောရှေ အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များကို မှတ်သားသည်တွင်၊ 2အာရုန် ၏သား ဟူမူကား၊ သားဦး နာဒပ် ၊ ညီအဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။ 3ဤ သူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကိုပေး ၍ အရာ၌ခန့်ထားသော အာရုန် ၏ သား ဖြစ်ကြသတည်း။ 4နာဒပ် နှင့် အဘိဟု သည်၊ သိနာ တော တွင် ထာဝရဘုရား ရှေ့ တော်၌၊ ထူးခြား သောမီး ကို ပူဇော် သောအခါ ၊ ထာဝရဘုရား ရှေ့ တော်၌ သေ ကြ၏။ သူတို့၌ သား မ ရှိ သည်ဖြစ်၍၊ ဧလာဇာ နှင့် ဣသမာ သည်၊ အဘ အာရုန် ရှေ့ မှာ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်ကြ၏။ 5ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ 6သင်သည် လေဝိ အမျိုးသား တို့ကို ခေါ် ခဲ့၍ ယဇ်ပုရောဟိတ် အာရုန် အမှု ကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌နေရာ ချလော့။ 7သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ် အပေါင်း တို့ ဆောင် ရသောအမှု တည်းဟူသောတဲ တော်အမှု ကို ဆောင်ရွက် ရကြမည်။ 8သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော် တန်ဆာ ရှိသမျှ တို့ကို ကြည့်ရှု ပြုစု၍ ၊ ဣသရေလ အမျိုးသား ဆောင်ရသောတဲ တော်အမှု ကို ဆောင် ရကြမည်။ 9လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏သား တို့၌ အပ် ရမည်။ ဣသရေလ အမျိုး ထဲက သူ တို့ကိုရွေး၍ ငါ့အား အပိုင်ပေး ရမည်။ 10အာရုန် နှင့် သူ ၏သား တို့ကိုလည်း ခန့်ထား ၍၊ သူတို့သည် ယဇ်ပုရောဟိတ် အမှုကို စောင့် ရကြမည်။ သူ၏အမျိုးမှတပါး၊ အခြား သောသူသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။ 11တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ 12ဣသရေလ အမျိုး တွင် အဦး ဘွားမြင်သော သားဦး များအတွက်၊ လေဝိ သားတို့ကို ငါ ရွေး ယူသောကြောင့်၊ လေဝိ သားတို့သည် အထူးသဖြင့်ငါ ၏လူဖြစ် ရကြမည်။ 13အကြောင်းမူကား ၊ အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါ သည် ဒဏ်ခတ် သောအခါ ၊ ဣသရေလ အမျိုးတွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ငါ့ အဖို့ ငါသန့်ရှင်း စေသောကြောင့်၊ သားဦး အပေါင်း တို့ကို အထူးသဖြင့်ငါ ပိုင် ရ၏။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။ 14တဖန် ထာဝရဘုရား သည်၊ သိနာ တော ၌ မောရှေ အား မိန့် တော်မူသည်ကား၊ 15လေဝိ သား တို့တွင် အသက်တလ ကျော် ရှိသောယောက်ျား အပေါင်း တို့ကို အဆွေအမျိုး အလိုက် ရေတွက် လော့ဟု၊ 16မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် လေဝိ သားတို့ကို ရေတွက် လေ၏။ 17လေဝိ သား တို့၏ နာမည် ဟူမူကား ၊ ဂေရရှုန် ၊ ကောဟတ် ၊ မေရာရိ တည်း။ 18မိမိ အဆွေအမျိုး အလိုက် ဂေရရှုန် သား တို့၏ အမည် ကား၊ လိဗနိ နှင့် ရှိမိ တည်း။ 19မိမိ အဆွေအမျိုး အလိုက် ကောဟတ် သား တို့၏ နာမည်ကား၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။ 20မိမိ အဆွေအမျိုး အလိုက် မေရာရိ သား တို့၏ နာမည်ကား၊ မဟာလိ နှင့် မုရှိ တည်း။ ဤ သူ တို့သည်၊ မိမိ ဘိုးဘ အမျိုး အလိုက် ရေတွက်သော လေဝိ အမျိုးအနွယ် ဖြစ်ကြ၏။ 21ဂေရရှုန် မှဆင်းသက်လာသောလိဗနိ အဆွေအမျိုး ၊ ရှိမိ အဆွေအမျိုး တို့သည်၊ ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊ 22ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက် တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ခုနစ် ထောင် ငါး ရာ ရှိသတည်း။ 23ဂေရရှုန် အဆွေအမျိုး တို့သည်၊ တဲ တော်အနောက် မျက်နှာ၌ နေရာ ချရမည်။ 24ဂေရရှုန် အဆွေအမျိုး သူကြီး ကား၊ လေလ သား ဧလျာသပ် တည်း။ 25ဂေရရှုန် သား တို့ အငန်းအတာ ဟူမူကား၊ ပရိသတ်စည်းဝေး ရာ တဲ တော်၊ အပေါ်တဲ ၊ အပေါ်တဲ အဖုံး ၊ ပရိသတ်စည်းဝေး ရာတဲ တော်တံခါးဝ ၌ ကာသော ကုလားကာ ၊ 26တဲ တော်နှင့် ယဇ်ပလ္လင် ပတ်လည် ဝင်း ကုလားကာ ၊ ဝင်း တံခါးဝ ၌ ကာသောကုလားကာ ၊ ကြိုး များ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။ 27ကောဟတ် မှဆင်းသက်သော အာမရံ အဆွေအမျိုး ၊ ဣဇဟာ အဆွေအမျိုး ၊ ဟေဗြုန် အဆွေအမျိုး ၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ် အမျိုးအနွယ် ဖြစ်ကြ၏။ 28တဲ တော်ကို စောင့် သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ရှစ် သောင်း ခြောက် ရာ ရှိသတည်း။ 29ကောဟတ် အဆွေအမျိုး တို့သည်၊ တဲ တော် တောင် မျက်နှာ၌ နေရာ ချရမည်။ 30ကောဟတ် အဆွေအမျိုး သူကြီး ကား၊ ဩဇေလ သား ဧလိဇာဖန် တည်း။ 31သူ တို့အငန်းအတာ ဟူမူကား၊ သေတ္တာ ၊ စားပွဲ ၊ ယဇ်ပလ္လင် များ၊ အမှု တော်ထမ်းစရာ တဲ တော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြ မည်။ 32ယဇ်ပုရောဟိတ် အာရုန် သား ဧလာဇာ သည်၊ လေဝိ အဆွေအမျိုးသူကြီး တို့ကို အုပ်၍၊ တဲ တော်စောင့် သောသူတို့ ကို ကြည့်ရှု စီရင်ရမည်။ 33မေရာရိ မှ ဆင်းသက်သော မဟာလိ အဆွေအမျိုး ၊ မုရှိ အဆွေအမျိုး တို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။ 34ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက်တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ခြောက် ထောင် ခုနစ် ရာရှိသတည်း။ 35မေရာရိ အဆွေအမျိုး သူကြီး ကား၊ အဘိဟဲလ သား ဇုရေလ တည်း။ ဤသူတို့သည် တဲ တော်မြောက် မျက်နှာ၌ နေရာ ချရမည်။ 36မေရာရိ သား တို့ အငန်းအတာ ဟူမူကား၊ တဲ တော်ပျဉ်ပြား များ၊ ကန့်လန့်ကျင် များ၊ တိုင် များ၊ ခြေစွပ် များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာ များ အစရှိသည်တို့ကို၎င်း၊ ဝင်း တိုင် များ၊ 37ခြေစွပ် များ၊ တံသင် များ၊ ကြိုး များတို့ကို၎င်းကြည့်ရှု ပြုစုရကြမည်။ 38မောရှေ နှင့် အာရုန် မှစ၍၊အာရုန် ၏ သား တို့ သည်၊ ဣသရေလ အမျိုးသား တို့အဘို့ ၊ သန့်ရှင်း ရာဌာန တော်ကို စောင့် လျက်၊ ပရိသတ်စည်းဝေး ရာတဲ တော် အရှေ့ မျက်နှာ၌ နေရာ ချရမည်။ သူတို့အမျိုးမှတပါး၊ အခြား သောသူသည် ချဉ်းကပ် လျှင် အသေ သတ်ခြင်းကိုခံရမည်။ 39ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် လေဝိ သားတို့ကို အဆွေအမျိုး အလိုက် ရေတွက် ၍၊ အသက်တလ ကျော် ရှိသောယောက်ျား အပေါင်း ကား၊ နှစ်သောင်း နှစ်ထောင်ရှိသတည်း။ 40တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့တွင်၊ အသက် တလ ကျော် ရှိသောသားဦး ယောက်ျား အပေါင်း တို့ကို ရေတွက် ၍ စာရင်း ယူလော့။ 41ဣသရေလ အမျိုး သားဦး အပေါင်း တို့အတွက် လေဝိ သားတို့ကို၎င်း ၊ ဣသရေလ အမျိုးသား တို့၌ တိရစ္ဆာန် သားဦး အပေါင်း တို့အတွက် လေဝိ သား တို့၌ ရှိသောတိရစ္ဆာန် များကို၎င်း၊ ငါ့ အဘို့ ယူ လော့။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု၊ 42မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ဣသရေလ အမျိုး သားဦး အပေါင်း တို့ကို ရေတွက် ၍ ၊ 43အသက်တလ ကျော် ရှိသောသားဦး ယောက်ျား နာမည် ပေါင်း ကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ် သုံး ယောက် ရှိ သတည်း။ 44တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ 45ဣသရေလ အမျိုး သားဦး အပေါင်း တို့အတွက် လေဝိ သားတို့ကို၎င်း ၊ ဣသရေလ အမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိ သားတို့၌ရှိသောတိရစ္ဆာန် များကို၎င်းယူ လော့။ လေဝိ သားတို့သည် ငါ ၏ လူဖြစ် ရကြမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။ 46လေဝိ သားတို့ထက် ပို သော ဣသရေလ အမျိုး သားဦး နှစ်ရာ ခုနစ်ဆယ် သုံး ယောက်တို့ကို ရွေး ရမည်အမှု မှာ၊ 47အကျပ် တော်အလိုက် လူတကိုယ်လျှင် ငါး ကျပ် စီ ခံယူ ရမည်။ အကျပ် ကား၊ ဂေရ နှစ်ဆယ် ဖြစ်သတည်း။ 48ပို သောသူတို့ပေးရသောအရွေး ငွေကို၊ အာရုန် နှင့် သူ ၏သား တို့အား ပေး ရမည်ဟု မိန့် တော်မူသည် အတိုင်း ၊ 49လေဝိ သားတို့နှင့် ဣသရေလ အမျိုး သားဦး တို့ကိုရွေး ၍၊ ပို သေးသော သားဦးတို့၏ အရွေး ငွေ ကို၊ 50မောရှေ သည် အကျပ် တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံး ပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင် ၊ 51ထာဝရဘုရား မှာထား တော်မူသောစကား တော်အတိုင်း ၊ ထိုအရွေး ငွေ ကို အာရုန် နှင့် သူ ၏သား တို့အား ပေး လေ၏။

Did you know?
The Levites and the Firstborn
- The Levites were designated by God to assist Aaron and his sons in tabernacle service in place of all firstborn Israelite males, whom God had claimed as his own when he struck down the firstborn in Egypt. Because the firstborn Israelites numbered 22,273 and the Levites totaled 22,000, a redemption price of five shekels each was collected for the surplus 273 firstborn and given to the priests.Sources: the Bible text itself
- The Levites were organized by the three sons of Levi: Gershon, Kohath, and Merari. Each clan was assigned a specific campsite around the tabernacle and distinct duties: Gershonites managed the fabrics and curtains, Kohathites transported the sacred furnishings such as the ark and lampstand, and Merarites maintained the heavy structural frames, posts, and bases.Sources: the Bible text itself · Gershon · Kohath · Merari
- Aaron's two eldest sons, Nadab and Abihu, had died before the Lord in the Wilderness of Sinai after offering unauthorized fire, leaving no descendants. Consequently, only his younger sons, Eleazar and Ithamar, served as priests during Aaron's lifetime, with Eleazar appointed as chief overseer of the Levites.Sources: the Bible text itself · Aaron · Nadab
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
- Wilderness of Sinai · Today: about 50 km around Jebel Musa · 28.540, 33.973 · verses 4, 14
- Egypt · 30.129, 31.308 · verse 13
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org