Nations Bible

Numbers 27

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1ထိုအခါ ယောသပ် ၏သား ၊ မနာရှေ အဆွေအမျိုး ၌ပါလျက်၊ မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖေရ တို့မှ ဆင်းသက်သော ဇလောဖဒ် ၏သမီး မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တို့သည်လာ ၍၊ 2ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ ၊ မင်း များ၊ ပရိသတ် များအပေါင်း တို့ ရှေ့မှာ ရပ် လျက်၊ 3အကျွန်ုပ် တို့၏အဘ သည် တော ၌ သေ ပါ၏။ ထာဝရဘုရား တဘက် ၌ စုဝေး သော အပေါင်းအသင်း ၊ ကောရ ၏အပေါင်းအသင်း ၌ မ ပါ။ မိမိ အပြစ် ကြောင့် သေ ပါ၏။ သူ ၌ သား ယောက်ျား မ ရှိ ပါ။ 4ထိုသို့ သား ယောက်ျားမ ရှိ သောကြောင့် ၊ အကျွန်ုပ် တို့အဘ ၏ အမည် သည် အကျွန်ုပ်တို့အဆွေအမျိုး ၌ ပျောက် ရပါမည်လော။ အကျွန်ုပ် တို့အဘ ၏ ညီအစ်ကို တို့နှင့်အတူ ၊ အကျွန်ုပ် တို့အား အမွေပေး ပါဟု လျှောက် ကြ၏။ 5သူ တို့အမှု ကို မောရှေ သည် ထာဝရဘုရား ရှေ့ တော်၌ ထား လေ၏။ 6ထာဝရဘုရား ကလည်း ၊ ဇလောဖဒ် သမီး တို့၏ စကားသည် လျောက်ပတ် ပေ၏။ 7အကယ်စင်စစ်သူ တို့အဘ ၏ ညီအစ်ကို တို့နှင့်အတူ အမွေ ခံရသောအခွင့်ကို သူ တို့အား ပေး ရမည်။ သူ တို့အဘ ၏အမွေ ဥစ္စာသည် သူ တို့လက်သို့ ရောက် စေရ မည်။ 8သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ လူ သည် သား ယောက်ျားမ ရှိဘဲသေ လျှင် ၊ သူ ၏အမွေ ဥစ္စာကို သူ ၏သမီး လက်သို့ ရောက် စေရမည်။ 9သမီး မ ရှိလျှင် ၊ သူ ၏ အမွေ ဥစ္စာကို သူ ၏ ညီအစ်ကို တို့အား ပေး ရမည်။ 10ညီအစ်ကို မ ရှိလျှင် ၊ အမွေ ဥစ္စာကို ဘကြီး ဘထွေးတို့အား ပေး ရမည်။ 11ဘကြီး ဘထွေးမ ရှိလျှင် ၊ သူ ၏အဆွေအမျိုး ၌ နီးစပ် ရင်းခြာသော ပေါက်ဘော် အား ပေး ၍ ၊ ထိုသူသည် ပိုင် ရမည်။ ဤရွေ့ကား၊ ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့၌ စီရင် ထုံးဖွဲ့ချက်ဖြစ် စေဟု မောရှေ အား မိန့် တော်မူ၏။ 12တဖန် ထာဝရဘုရား က၊ သင်သည် ဤ အာဗရိမ် တောင် ပေါ်သို့ တက် လော့။ ဣသရေလ အမျိုးသား တို့ အား ငါပေး သောပြည် ကို ကြည့်ရှု လော့။ 13သို့ပြီးမှ ၊ သင် ၏အစ်ကို အာရုန် သည် မိမိ လူမျိုး စည်းဝေး ရာသို့ သွားသကဲ့သို့ ၊ သင် သည်လည်း သွား ရမည်။ 14အကြောင်းမူကား၊ ပရိသတ် တို့သည် ဇိန တော ၊ ကာဒေရှ အရပ်၊ မေရိဘ စမ်းရေ အနား၌ ရုန်းရင်းခတ် ပြု ကြသောအခါ ၊ သင်တို့သည် ငါ့စကား ကို ဆန့်ကျင်ဘက် ပြု၍၊ သူ တို့ရှေ့မှာ ငါ့ကို မရိုမသေ ပြုသော အပြစ်ရှိသည် ဟု မောရှေ အား မိန့် တော်မူ၏။ 15မောရှေ ကလည်း ၊ ထာဝရဘုရား ၏ ပရိသတ် တို့သည် အထိန်း မ ရှိသော သိုး ကဲ့သို့ မ ဖြစ် မည် အကြောင်း ၊ ခပ်သိမ်း သော သတ္တဝါ တို့၏ အသက် ဝိညာဉ် ကို အစိုးရတော်မူသောဘုရားသခင် ထာဝရဘုရား သည်၊ ဤပရိသတ် တို့ရှေ့၌ ထွက် ဝင် နိုင်သောသူ ၊ ပြင် သို့ ထုတ် ခြင်း၊ အတွင်း သို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက် ကို သူ တို့အပေါ် မှာ ခန့်ထား တော်မူပါစေသောဟု ထာဝရဘုရား အား လျှောက် လေ၏။ 18ထာဝရဘုရား ကလည်း ၊ ဝိညာဉ် တော်ကိုရသော နုန် ၏သား ယောရှု ကိုခေါ် ၍ ၊ သင် ၏လက် ကို သူ့ အပေါ် မှာတင် လော့။ 19ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့ ၊ ပရိသတ် အပေါင်း တို့ရှေ့၌ သူ့ ကိုထား ၍ မှာ ခဲ့လော့။ 20ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ သူ၏ စကားကို နားထောင် မည်အကြောင်း ၊ သင် ၏ ဘုန်း အသရေအချို့ ကို သူ့ အပေါ် ၌ တင် ထားလော့။ 21ထိုသူသည်ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့မှာ ရပ် သောအခါ ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ တော်၌ ဥရိမ် စီရင် ဆုံးဖြတ်သော တရားအတိုင်း၊ သူ့ အတွက် မေးမြန်း ရမည်။ သူ စီရင် သည်အတိုင်း ၊ သူ နှင့်အတူ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် ထွက် ဝင် ရကြမည်ဟု ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း မောရှေ ပြု လျက်၊ ယောရှု ကိုခေါ် ၍ ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့ ၊ ပရိသတ် အပေါင်း တို့ရှေ့၌ ထား ပြီးလျှင် ၊ 23သူ့ အပေါ် မှာလက် ကိုတင် ၍ မှာ ခဲ့လေ၏။ ထိုသို့ ထာဝရဘုရား သည်မောရှေ အားဖြင့် ပညတ် ထားတော်မူ၏။
Artistic illustration — an interpretation, not a historical record.

Did you know?

Inheritance and the Succession of Leadership

  • When the five daughters of Zelophehad—Mahlah, Noah, Hoglah, Milcah, and Tirzah—appealed for land because their father died leaving no sons, a new legal statute was established allowing daughters to inherit their family's portion.Sources: Zelophehad · the Bible text itself
  • Moses was instructed to view the promised land from the Abarim mountain range before his death, which was foretold because of what occurred at the waters of Meribah in Kadesh, within the Wilderness of Zin.Sources: Abarim · Meribah (of Kadesh) · Kadesh · the Bible text itself
  • To ensure the community would not be left like sheep without a shepherd, Moses publicly laid his hands on Joshua before high priest Eleazar and the congregation, formally commissioning him as his successor.Sources: Joshua · Eleazar · the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Abarim · 31.754, 35.715 · verse 12
  • Meribah · Today: Ain el Qudeirat · 30.648, 34.422 · verse 14
  • Zin · Today: Zin Desert · 30.971, 35.325 · verse 14

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.