Leviticus 26
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1သင် တို့သည် ကိုယ် အဘို့ ထုလုပ် သော ရုပ်တု ဆင်းတု ကို မ ရှိစေရ။ သင် တို့ပြည် ၌ ကိုးကွယ် စရာ မှတ်တိုင် ကို မ စိုက် ရ။ ထုသောကျောက် ကို ထောင်၍မ ထား ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ 2ငါ့ ဥပုသ် နေ့တို့ကိုစောင့် ၍ ၊ ငါ့ သန့်ရှင်း ရာဌာနတော်ကို ရိုသေ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။ 3သင်တို့သည်၊ ငါ့ ထုံးဖွဲ့ ရာလမ်းသို့ လိုက် ၍၊ ငါ ပညတ် တို့ကို ကျင့် စောင့် လျှင်၊ 4အချိန် တန်မှ ငါသည် သင် တို့အဘို့ မိုဃ်း ရွာစေ သဖြင့် ၊ မြေ သည် မိမိ ဘဏ္ဍာ ကိုပေး ၍ ၊ ဥယျာဉ် အပင် တို့သည် အသီး သီး ကြလိမ့်မည်။ 5စပါးနင်း နယ်သော အမှုသည်၊ စပျစ်သီး ညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီး ညှစ်သောအမှုသည်၊ မျိုးစေ့ ကြဲရာ ကာလတိုင်အောင်၎င်း မှီ သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ၊ ကိုယ် ပြည် ၌ ဘေး လွတ်လျက် နေ ရကြလိမ့်မည်။ 6သင်တို့ပြည် ၌ စစ်မှုကို ငါငြိမ်း စေ၍ ၊ ခြိမ်းချောက် သောသူ မ ရှိဘဲ သင်တို့သည် အိပ် ရကြလိမ့်မည်။ ဆိုး သော သားရဲ တို့ကိုလည်း ငါပယ်ရှား မည်။ တပြည်လုံး သည် ထား ဘေးနှင့် ကင်းလွတ် လိမ့်မည်။ 7သင်တို့သည် ရန်သူ များကို လိုက် ၍ ထား လက်နက်ဖြင့် အောင်ကြလိမ့်မည်။ 8သင် တို့တွင် လူငါး ယောက်သည်၊ ရန်သူတရာ ကို လိုက် လိမ့်မည်။ လူတရာ သည် ရန်သူ တ သောင်းကို ပြေး စေ၍ ၊ ထား လက်နက်ဖြင့် အောင် ကြလိမ့်မည်။ 9သင် တို့ကို ငါစောင့်မ သဖြင့် တိုးပွား များပြားစေ၍ ၊ သင် တို့နှင့် ငါ ပြုသော ပဋိညာဉ် ကို ငါမြဲမြံ စေမည်။ 10သိုထားသော စပါးဟောင်း ကို စား ၍ မကုန်မှီ၊ စပါးသစ် ပေါ်သောကြောင့် ၊ အဟောင်း ကို ထုတ် ရကြမည်။ 11ငါသည် စက်ဆုပ် ရွံရှာခြင်းမ ရှိဘဲ သင် တို့တွင် တဲ တော်ကို တည် မည်။ 12သင် တို့တွင် လည်း လှည့်လည် ၍ သင် တို့၏ ဘုရား သခင်ဖြစ် မည်။ သင် တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ 13အဲဂုတ္တု ပြည် ၌ အစေ ကျွန်ခံရ သော သင် တို့ကို ငါလွှတ်၍ နှုတ် ဆောင်သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ သင် တို့၏ ထမ်းဘိုး ကြိုးကို ငါဖြတ် ၍ သင် တို့ကို တည့်မတ် စေပြီ။ 14သင်တို့သည် ငါ့ စကားကို နား မထောင်၊ ဤ ပညတ် အလုံးစုံ ကို မ စောင့်၊ 15ငါ့ စီရင် ထုံးဖွဲ့ချက်များကို ရွံရှာ ၍ ၊ မထီမဲ့မြင် ပြုလျက် ၊ ငါ့ ပညတ် တရားကိုမ ကျင့် ၊ ငါ့ ပဋိညာဉ် သစ္စာကို ဖျက် လျှင်၊ 16သင် တို့၌ ငါ ပြု လတံ့သောအမှုဟူမူကား ၊ သင် တို့၌ မျက်စိ ပျက် လျက် ၊ စိတ်ပူပန် လျက် ရှိစေခြင်းငှါ၊ ထိတ်လန့် သော သဘော၊ တူလာ ၊ ဖျားနာ တို့ကို သင်တို့အပေါ်မှာ ငါခန့် ထားမည်။ သင် တို့သည် မျိုးစေ့ ကို ကြဲ သော်လည်းအကျိုး မရှိ။ ရန်သူ တို့သည် အသီးအနှံကို စား ကြလိမ့်မည်။ 17သင် တို့ကို ငါ မျက်နှာ ထား ၍ ၊ ရန်သူ ရှေ့ မှာ ဆုံး စေမည်။ သင် တို့သည် ရန်သူ ၏ အုပ်စိုး ခြင်းကို ခံရ၍ ၊ အဘယ်သူမျှမ လိုက် သော်လည်း ၊ ပြေး ကြလိမ့်မည်။ 18ထိုမျှလောက် ခံရသော်လည်း၊ ငါ့ စကားကို နား မ ထောင်ဘဲ နေသေးလျှင် ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆသော ဒဏ် ကို ငါပေးဦးမည်။ 19သင် တို့မာန အစွယ်ကို ငါချိုး မည်။ မိုဃ်းကောင်းကင် ကို သံ ကဲ့သို့ ၎င်း၊ မြေကြီး ကို ကြေးဝါ ကဲ့သို့ ၎င်း၊ ငါဖြစ် စေသဖြင့်၊ 20သင် တို့သည် အချည်းနှီး ကြိုးစား အားထုတ် ကြလိမ့်မည်။ သင် တို့မြေ သည် မိမိ ဘဏ္ဍာ ကို မ ပေး။ ဥယျာဉ် အပင် တို့သည် အသီး မ သီး ကြ။ 21သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ ငါ့ ကို ဆန့်ကျင်ဘက် ပြုလျှင် ၊ သင် တို့အပြစ် အလျောက် ခုနစ် ဆ သောဘေး ကြီးကို ငါသက်ရောက်စေမည်။ 22သင် တို့၏ သား သမီးများကို ချီသွား၍ ၊ သင် တို့၏ တိရစ္ဆာန် များကို ဖျက်ဆီး လျက် ၊ သင် တို့ကို နည်း စေ ခြင်းငှါ ၊ သားရဲ များကို ငါစေလွှတ် သဖြင့် ၊ သင် တို့သွားရာ လမ်းမ တို့သည် လူဆိတ်ညံ ရာ ဖြစ်ကြလိမ့်မည်။ 23ထိုသို့ ခံရသော်လည်း၊ သင်တို့သည် သတိမရ၊ ငါ့ ကို ဆန့်ကျင် ဘက် ပြုသေးလျှင်၊ 24ငါ သည်လည်း သင် တို့ကို ဆန့်ကျင် ဘက်ပြု၍ ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆသော ဒဏ် ကိုပေး ဦးမည်။ 25ငါ့ပဋိညာဉ် ဘက်၌ နေ၍၊ တရားစီရင် ရသောထား ဘေးကိုသင် တို့အပေါ် မှာ ငါသက်ရောက် စေမည်။ သင် တို့သည် မြို့ ထဲ ၌ စုဝေး သောအခါ ၊ ကာလနာ ဘေးကို ငါစေလွတ် ၍ ၊ ရန်သူ လက် သို့ ရောက် စေမည်။ 26သင် တို့၏ အစာ အာဟာရ အထောက် အပင့်ကို ငါ ပယ်ရှား သောအခါ ၊ မိန်းမ တကျိပ် တို့သည် သင် တို့၏ မုန့် ကို မီးဖို တဖို၌ ဖုတ် ပြီးမှ ၊ ထိုမုန့် ကို ချိန် ပေးသဖြင့် သင်တို့သည် ဝ စွာမ စား ရကြ။ 27ထိုမျှလောက် ခံရသော်လည်း၊ ငါ့ စကားကို နား မ ထောင်၊ ငါ့ ကို ဆန့်ကျင် ဘက် ပြုသေးလျှင်၊ 28ငါသည်လည်း အမျက် ထွက်၍ သင် တို့ကို ဆန့်ကျင် ဘက်ပြုသဖြင့် ၊ သင် တို့အပြစ် ကြောင့် ခုနစ် ဆ သော ဒဏ် ကိုပေး ဦးမည်။ 29သင်တို့သည် ကိုယ် သား သမီး တို့၏ အသား ကို စား ရကြလိမ့်မည်။ 30သင် တို့မြင့် သော အရပ်များကို ငါဖြိုဖျက် ၍ ၊ ရုပ်တု ဆင်းတုများကို ခုတ်လှဲ မည်။ သင် တို့အသေ ကောင် များကို၊ ရုပ်တု ဆင်းတုအသေ ကောင်အပေါ် မှာ ပစ်ချ ၍ ၊ သင် တို့ကို စက်ဆုပ် ရွံရှာမည်။ 31သင် တို့မြို့ များကို ငါဖျက်ဆီး ၍ ၊ သန့်ရှင်း ရာဌာနတော်ကို သုတ်သင် ပယ်ရှင်းသဖြင့် ၊ သင် တို့နံ့သာပေါင်း အမွှေး အကြိုင်ကို ငါမ နမ်း။ 32တပြည်လုံး ကို ငါ သုတ်သင် ပယ်ရှင်းသော အမှုကို၊ ထိုပြည်၌ နေ သော သင် တို့၏ ရန်သူ တို့သည် မြင်၍ မိန်းမော တွေဝေကြလိမ့်မည်။ 33သာသနာပ လူတို့တွင် သင် တို့ကို အရပ်ရပ်ငါကွဲပြား စေ၍ ၊ ထား မိုးလျက် လိုက်မည်။ သင် တို့ပြည် သည်လည်း လူဆိတ်ညံ လျက် ၊ မြို့ သည်လည်း ပျက်စီး လျက်ရှိ လိမ့်မည်။ 34ထိုသို့ သင် တို့သည် ရန်သူ ပြည် ၌ နေ၍၊ ကိုယ်ပြည် သည် လူဆိတ်ညံ လျက်နေသောကာလ ပတ်လုံး ငြိမ်ဝပ် စွာနေ၍ ၊ မိမိ ဥပုသ် နေ့တို့၌ မွေ့လျော် ရလိမ့်မည်။ 35လူဆိတ်ညံ လျက်နေရသော ကာလ ပတ်လုံး ငြိမ်ဝပ် လိမ့်မည်။ သင် တို့ရှိနေ သောအခါ ၊ ဥပုသ် နေ့တို့၌ ပြည်သည် မ ငြိမ် မဝပ်ရ။ 36ရန်သူ ပြည် မှာ ကျန် ကြွင်းသော သင် တို့စိတ် နှလုံးထဲ သို့၊ ထိတ်လန့် သော သဘောကို ငါပေးသွင်း သဖြင့် ၊ သစ်ရွက် လှုပ်သံ ကြောင့် သင်တို့သည် ကြောက်၍၊ ထား ဘေးမှ ပြေး သကဲ့သို့ပြေးကြလိမ့်မည်။ အဘယ်သူမျှ မ လိုက် သော်လည်းလဲ ကြလိမ့်မည်။ 37အဘယ်သူမျှမ လိုက် ဘဲ ထား ဘေးမှ ပြေးသောသူကဲ့သို့ တယောက် အပေါ် မှာ တယောက် လဲ ကြလိမ့်မည်။ ရန်သူ ရှေ့ မှာ ရပ် နိုင်သော တန်ခိုးမ ရှိ ရ။ 38ရန်သူ ပြည် သည် သင် တို့ကို မျိုစား ၍ ၊ သာသနာပ လူတို့တွင် ဆုံးရှုံး ကြလိမ့်မည်။ 39ကျန် ကြွင်းသော သင် တို့သည်၊ ရန်သူ ပြည် ၌ ကိုယ် အပြစ် ၊ ဘိုးဘ တို့အပြစ် ကိုခံ လျက်၊ ဘိုးဘနှင့်တကွ အားလျော့ ကြလိမ့်မည်။ 40သို့ရာတွင် သူတို့သည် ငါ့ ကို ပြစ်မှား ၍ ၊ ငါ့ ကို ဆန့်ကျင် ဘက်ပြုသောကြောင့်၊ 41ငါ သည် သူ တို့ကို ဆန့်ကျင် ဘက်ပြု၍ ရန်သူ ပြည် သို့ ပို့ဆောင် သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ် ၊ ဘိုးဘ တို့ အပြစ် များကို ဘော်ပြ တောင်းပန်လျှင်၎င်း၊ အရေဖျား လှီးခြင်းကို မခံသော မိမိ တို့ နှလုံး ကို နှိမ့်ချ ၍ ၊ မိမိ တို့အပြစ် ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊ 42ငါသည် ယာကုပ် နှင့်ပြုသောပဋိညာဉ် ၊ ဣဇာက် နှင့်ပြုသောပဋိညာဉ် ၊ အာဗြဟံ နှင့်ပြုသောပဋိညာဉ် ကို၎င်း၊ ထိုပြည် ကို၎င်းငါအောက်မေ့ မည်။ 43ထိုပြည် သည် သူ တို့ လက်မှ လွတ် ၍၊ သူ တို့မရှိဘဲ လူဆိတ်ညံ လျက်နေစဉ် တွင် မိမိ ဥပုသ် နေ့တို့၌ မွေ့လျော် လိမ့်မည်။ သူတို့သည် ငါ့ စီရင် ထုံးဖွဲ့ချက်များကို ရွံရှာ ၍ မထီမဲ့မြင် ပြုသော အပြစ် ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။ 44သို့ရာတွင် ရန်သူ ပြည် ၌ နေ ကြသောအခါ ၊ သူ တို့ကို ရှင်းရှင်းဖျက်ဆီး ၍ ၊ သူ တို့နှင့် ငါပြုသော ပဋိညာဉ် ကို ပယ် သည်တိုင်အောင် သူ တို့ကို ငါမ စွန့်ပစ် မ ရွံရှာ။ ငါ သည် သူ တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ 45ငါသည် သူ တို့၏ ဘုရား သခင်ဖြစ် အံ့သောငှါ သာသနာပ လူတို့ မျက်မှောက် ၌ ၊ အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်သော သူ တို့ ဘိုးဘေး နှင့် ငါပြုသော ပဋိညာဉ် ကို သူ တို့အတွက် ငါအောက်မေ့ မည်၊ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။ 46ဤ ရွေ့ကား ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ ဣသရေလ အမျိုးသား တို့အဘို့ မောရှေ လက် တွင် ထား တော်မူသော စီရင် ထုံးဖွဲ့ချက် ပညတ် တရား ဖြစ်သတည်း။

Did you know?
Blessings, Warnings, and the Covenant at Sinai
- The laws and decrees concluding this section were established between the LORD and the Israelites through Moses while encamped at Mount Sinai. These stipulations set out concrete blessings for obedience, such as agricultural abundance and peace, alongside progressive disciplinary consequences for breaking the covenant.Sources: the Bible text itself · Mount Sinai · Moses
- The warnings in this chapter connect the observance of Sabbath laws directly to the soil. If the people failed to give the land its required rest, the passage warns that foreign conquest and exile would leave the fields desolate, allowing the land to finally enjoy its missed Sabbaths.Sources: the Bible text itself
- Even in the event of severe punishment and dispersal among enemy nations, the passage promises that repentance will lead God to remember His covenant with Abraham, Isaac, and Jacob. The covenant would not be permanently broken because God remains committed to the promises made to the patriarchs.Sources: the Bible text itself · Abraham · Isaac · Jacob (Israel)
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org