Nations Bible

Leviticus 13

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1တဖန် ထာဝရဘုရား သည်၊ မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊ 2လူ သည် ကိုယ် အရေ ၌ အဖူး ဖြစ်စေ ၊ ယားနာ ဖြစ်စေ ၊ နူကွက် ဖြစ်စေ၊ နူ သောလက္ခဏာပေါ် လျှင် ၊ ထိုသူကို ယဇ်ပုရောဟိတ် အာရုန် ထံ သို့ဖြစ်စေ ၊ သူ ၏သား ယဇ်ပုရောဟိတ် တစုံ တယောက်ထံ သို့ဖြစ်စေခေါ် ခဲ့ရမည်။ 3ယဇ် ပုရောဟိတ်သည်၊ ထိုသူ၏ အရေ ၌ ပေါ်သော အနာ ကို ကြည့်ရှုသောအခါ၊ အနာ ၌ ရှိသောအမွေး သည် ဖြူ လျှင် ၎င်း၊ အနာ သည် အရေ အောက်၌ စွဲဟန် ရှိလျှင်၎င်း နူနာ မှန်၏။ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ကြည့်ရှု ပြီးမှ ၊ မ စင်ကြယ်ဟု စီရင်ရမည်။ 4ကိုယ် အရေ ၌ ရှိသောနူကွက် သည် ဖြူ လျှင် ၎င်း၊ အရေ အောက်၌ စွဲဟန် မ ရှိ၊ အမွေး မ ဖြူ လျှင်၎င်း၊ ယဇ် ပုရောဟိတ်သည်၊ အနာ ရှိသောသူကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။ 5သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာ သည် အရေ ၌ မ တိုးမလျော့နေလျှင် ၊ တဖန် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။ 6တဖန် သတ္တမ နေ့ ၌ ကြည့်ရှု ၍ အနာ သည် အရေ ၌ မ တိုးပွား ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ယားနာသက်သက် ဖြစ်၏။ မိမိ အဝတ် ကို လျှော် ၍ စင်ကြယ် ရ၏။ 7စင်ကြယ် စေခြင်းငှါ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြီးမှ ၊ နောက်တဖန် ယားနာ တိုးပွား ပြန်လျှင် ၊ ယဇ် ပုရောဟိတ် ကြည့်ရှု ပြန်၍၊ 8ယားနာ တိုးပွား သည်ကိုမြင် သောအခါ ၊ ထိုသူ သည် မ စင်ကြယ်ဟု စီရင်ရမည်။ နူနာ ဖြစ်၏။ 9နူနာ စွဲသောသူ ကို ယဇ်ပုရောဟိတ် ထံ သို့ခေါ် ခဲ့ရမည်။ 10ယဇ်ပုရောဟိတ် ကြည့်ရှု ၍ ၊ အရေ ၌ ထ သော အဖူးနှင့်တကွ အမွေး သည် ဖြူ လျှင် ၎င်း၊ အဖူး ၌ အသား စို ရှိလျှင်၎င်း၊ 11ကိုယ် အရေ ၌ ဟောင်း သော နူနာ ဖြစ်၏။ ထိုသူသည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်၍ ချုပ် ထားသဖြင့် ၊ သူ သည် မ စင်ကြယ်ဘဲနေရမည်။ 12နူနာ သည် အရေ ၌ တိုးပွား ၍ အနာ စွဲသော သူတကိုယ်လုံး ၊ ခေါင်း ထိပ်မှ သည် ခြေဘဝါး တိုင်အောင် ၊ ယဇ်ပုရောဟိတ် ကြည့်ရှု လေရာရာ ၌ နူနာ နှံ့ပြား လျှင်၊ 13ထိုသို့ တကိုယ်လုံး အနာ နှံ့ပြား သောသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင် ၍ စီရင်ရမည်။ တကိုယ်လုံး ဖြူ သည်ဖြစ်၍စင်ကြယ် ၏။ 14သို့မဟုတ် အသား စို ပေါ် လျှင် မ စင်ကြယ်။ 15ယဇ် ပုရောဟိတ်သည် အသား စို ကို ကြည့်ရှု ၍ ထိုသူ သည် မ စင်ကြယ်ဟု စီရင်ရမည်။ အသား စို သည် မ စင်ကြယ်။ နူနာ အမှန်ဖြစ်၏။ 16အသား စို သည် ခြားနား ၍ ဖြူ ပြန်လျှင် ၊ ယဇ်ပုရောဟိတ် ထံ သို့တဖန် လာ ရမည်။ 17ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာ ဖြူ ပြန်သည်ကိုမြင် လျှင် ၊ ထိုအနာ ရှိသောသူ စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရသဖြင့် သူ သည် စင်ကြယ် ၏။ 18ကိုယ် အရေ ၌ အနာစိမ်း ဖြစ် ၍ ပျောက် ပြီးမှ၊ 19အနာ ရွတ်၌ ဖြူ သောအဖူး ဖြစ်စေ ၊ ဖြူ နီ သော အနူ ကွက်ဖြစ်စေ၊ ပေါ် လာသည်ကို ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍၊ 20အရေ အောက်၌ စွဲဟန် ရှိ၍ အမွေး ဖြူ လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ အနာစိမ်း ထဲက ထွက်သော နူနာ ဖြစ်၏။ 21ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ ဖြူ သောအမွေး မ ရှိ၊ အရေ အောက်၌ မ စွဲ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။ 22အရေ ၌ တိုးပွား လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ ဖြစ်၏။ 23သို့မဟုတ် နူကွက် မ ရွေ့၊ မ တိုးပွား လျှင် အနာစိမ်း ရွတ် ဖြစ်၏။ ထိုသူ စင်ကြယ် ၏ဟု စီရင်ရမည်။ 24အရေ အသား ၌ မီး လောင် နာရှိ ၍ ၊ မီးလောင်နာ အသားစို၌ ဖြူ နီ သော နူကွက် ရှိ လျှင်၊ 25ယဇ် ပုရောဟိတ်သည် ကြည့်ရှု ရမည်။ နူကွက် အမွေး ဖြူ ၍ အရေ အောက်၌ စွဲဟန် ရှိလျှင် ၊ မီး လောင်နာ ထဲက ထွက် သော နူနာ ဖြစ်၏။ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ မှန်၏။ 26ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ နူကွက် ၌ ဖြူ သော အမွေး မ ရှိ၊ အရေ အောက်၌ မ စွဲ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ကို ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။ 27သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ နူကွက်သည် အရေ ၌ တိုးပွား လျှင် ၊ ထိုသူ သည် မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာ ဖြစ်၏။ 28သို့မဟုတ် နူကွက် မ ရွေ့ အရေ ၌ မ တိုးပွား ခပ်မည်းမည်း ဖြစ်လျှင် ၊ မီ လောင်နာ အဖူး ဖြစ်၏။ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မီး လောင်သော အနာရွတ် သက်သက်ဖြစ်၏။ 29ယောက်ျား မိန်းမ သည်လည်း ၊ ခေါင်း ၌ ဖြစ်စေ ၊ မေး ၌ ဖြစ်စေ၊ အနာ ပေါက်၍၊ 30ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ အရေ အောက်၌ စွဲဟန် နှင့်တကွ အမွေး ဝါဝါ ပါးပါး ရှိလျှင် ၊ ထိုသူ မ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ ခေါင်း ၌ဖြစ်စေ ၊ မေး ၌ဖြစ်စေ၊ ဗောက်နူနာ ဖြစ်၏။ 31ထိုအနာ ကို ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ ၊ အရေ အောက်၌ စွဲဟန် မ ရှိ၊ နက် သော အမွေး လည်း မ ရှိလျှင် ၊ ထိုအနာ ပေါက်သောသူကို၊ ယဇ် ပုရောဟိတ်သည် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။ 32သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အနာ မ တိုးပွား ၊ ပါးသောအမွှေး မ ရှိ ၊ အရေ အောက်၌ စွဲဟန် လည်း မ ရှိလျှင်၊ 33ထိုသူ၏ အမွေးကိုရိတ် ရမည်။ အနာ အမွေးကိုကား မ ရိတ် ရ။ တဖန် ခုနစ် ရက် ပတ်လုံးချုပ် ထားရမည်။ 34သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အရေ ၌ အနာ မ တိုးပွါး ၊ အရေ အောက်၌ မ စွဲလျှင် ၊ ထိုသူ သည် စင်ကြယ် ၏ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ မိမိ အဝတ် ကို လျှော် ၍ စင်ကြယ် ရ၏။ 35စင်ကြယ် စေပြီးမှ ၊ နောက်တဖန် ဗောက်နူနာ တိုးပွါး လျှင်၊ 36ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြန်၍ အနာ တိုးပွါး သည်မှန်လျှင် ၊ ယဇ် ပုရောဟိတ်သည် ဝါ သောအမွေး ကို မ ရှာ ရ။ ထိုသူ သည် မ စင်ကြယ်။ 37သို့မဟုတ် ဗောက်နူနာ သည် ရပ် နေဟန်ရှိ၍ နက် သော အမွေး ပေါက် လျှင် ၊ အနာ ပျောက် ၍ ထိုသူ သည် စင်ကြယ် သောကြောင့် ၊ ယဇ် ပုရောဟိတ်က ထိုသူ သည် စင်ကြယ် ၏ဟု စီရင်ရမည်။ 38ယောက်ျား မိန်းမ သည်လည်း ၊ ကိုယ် အရေ ၌ ဖြူ သောနူကွက် ရှိ ၍၊ 39ယဇ် ပုရောဟိတ်သည် ကြည့်ရှု သောအခါ မွဲ သောအဆင်းရှိလျှင်၊ အရေ ၌ ပေါက် သော ညှင်း ဖြစ်၏။ ထိုသူ သည် စင်ကြယ် ၏။ 40ဆံပင် ကျွတ် သောသူ သည်၊ ခေါင်းပြောင် သော်လည်း စင်ကြယ် ၏။ 41နဖူး ဆံ ကျွတ် သောသူ သည် နဖူးပြောင် သော်လည်းစင်ကြယ် ၏။ 42ပြောင် သောခေါင်း၌ ဖြစ်စေ ၊ ပြောင် သောနဖူး၌ ဖြစ်စေ၊ ဖြူ နီ သောအနာ ပေါက် လျှင် ၊ ထိုပြောင်ရာ၌ ပေါက်သော နူနာဖြစ်၏။ 43ထိုအခါ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ကိုယ် အရေ ၌ နူနာ ထင် သကဲ့သို့ ၊ ပြောင် ရာ၌ ပေါက်သော အနာ ၏အဖူး ဖြူ နီ လျှင်၊ 44ထိုသူ သည် မ စင်ကြယ်။ လူ နူ ဖြစ်၏။ ခေါင်း ၌ အနာ ပေါက်သောကြောင့်၊ အလျှင်းမ စင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။ 45နူနာ စွဲသောသူသည် စုတ် သော အဝတ် ကို ဝတ် ရမည်။ ခေါင်း ကို မ ဖုံး၊ အထက် နှုတ်ခမ်းကို ဖုံး လျက် ၊ မ စင်ကြယ်၊ မ စင်ကြယ်ဟု ဟစ်ကြော် ရမည်။ 46ထိုအနာ စွဲသည် ကာလ ပတ်လုံး ၊ သူသည် ညစ်ညူး ၏ မ စင်ကြယ်သည်ဖြစ်၍တယောက် တည်းနေ ရမည်။ သူ့ နေရာ သည် တပ် ပြင် မှာ ရှိရမည်။ 47၎င်း နည်းနူနာ စွဲသော အဝတ် သည်၊ ပိတ် အဝတ် ဖြစ်စေ ၊ သိုးမွေး အဝတ်ဖြစ်စေ၊ 48ရက်ကန်း ပင်ဖြစ်စေ ၊ ရက်ကန်း သားဖြစ်စေ၊ သားရေ ဖြစ်စေ၊ သားရေ နှင့်လုပ် သော အသုံးအဆောင် ဖြစ်စေ၊ 49အဝတ် ၌ စွဲသောအနာသည် ခပ်စိမ်းစိမ်း ၊ ခပ်နီနီ ရှိလျှင်၊ နူနာ ဖြစ် ၏။ ယဇ်ပုရောဟိတ် အား ပြ ရမည်။ 50ယဇ် ပုရောဟိတ်သည် အနာ စွဲသော အဝတ်ကို ကြည့်ရှု ၍ ခုနစ် ရက် ပတ်လုံးလုံခြုံ စွာ ထားရမည်။ 51သတ္တမ နေ့ ၌ တဖန်ကြည့်ရှု ၍ အဝတ် ၌ အနာ တိုးပွါး လျှင် ၊ ရက်ကန်း ပင်ဖြစ်စေ ၊ ရက်ကန်း သားဖြစ်စေ၊ သားရေ ဖြစ်စေ ၊ သားရေနှင့် လုပ် သော အရာ ဖြစ်စေ၊ မ စင်ကြယ်။ စားတတ်သော နူနာ စွဲပြီ။ 52ထိုအဝတ် ကို မီး ရှို့ရမည်။ စားတတ်သော နူနာ စွဲသော ရက်ကန်း ပင်၊ ရက်ကန်း သား၊ ပိတ် အဝတ်၊ သိုးမွေး အဝတ်၊ သားရေ အသုံး အဆောင်ကို မီး ရှို့ ရမည်။ 53ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်၌ အနာ မ တိုးပွါး လျှင်၊ 54အနာ စွဲသောအရာကို ဆေး လျော်စေမည်အကြောင်း ၊ ယဇ်ပုရောဟိတ် စီရင် ၍ တဖန် ခုနစ် ရက် ပတ်လုံး လုံခြုံ စွာ ထားရမည်။ 55ဆေး လျှော် ပြီးမှ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ပြန်၍ ၊ အနာ မ တိုးပွါး သော်လည်း ၊ အဆင်း မ ခြားနား လျှင် ၊ မ စင်ကြယ်။ မီး ရှို့ ရမည်။ အတွင်း ၌ ဖြစ်စေ ၊ ပြင် ၌ ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။ 56ဆေး လျှော်ပြီးမှ ၊ ယဇ် ပုရောဟိတ်သည် ကြည့်ရှု ၍ အနာ သည် ခပ်မည်းမည်း ဖြစ်လျှင် ၊ အဝတ် ၊ သားရေ ၊ ရက်ကန်း ပင်၊ ရက်ကန်း သားထဲက အနာကွက်ကို ဆုတ် ဖဲ့ရမည်။ 57နောက် တဖန် ထိုရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်၌ အနာပေါ် ပြန်လျှင် ၊ တိုးပွား တတ်သောအနာ ဖြစ်၏။ ထိုသို့အနာ စွဲသောဥစ္စာကို မီး ရှို့ ရမည်။ 58ရက်ကန်း ပင်၊ ရက်ကန်း သားအဝတ် ၊ သားရေ အသုံး အဆောင်ဟူသမျှ ကို ဆေး လျှော်၍ အနာ ပျောက် လျှင် ၊ ဒုတိယ အကြိမ် ဆေး လျှော်၍ စင်ကြယ် ရ၏။ 59ဤရွေ့ကား ၊ စင်ကြယ် သည်၊ မ စင်ကြယ်သည်ကို စီရင်စေခြင်းငှါ ၊ နူနာ စွဲသော ပိတ် အဝတ်၊ သိုးမွေး အဝတ် ၊ ရက်ကန်း ပင်၊ ရက်ကန်း သား၊ သားရေ အသုံး အဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။

Did you know?

Laws Concerning Skin Diseases and Contaminated Fabrics

  • The responsibility for diagnosing skin conditions fell upon Aaron and his sons rather than medical physicians. The priests inspected specific visual signs, such as whether hair turned white or yellow and whether an infection appeared deeper than the skin, often placing individuals in seven-day isolation to monitor whether the condition spread.Sources: the Bible text itself
  • A person declared ritually unclean due to a chronic skin disease was required to tear their garments, let their hair hang loose, cover their mouth, and cry out 'Unclean, unclean!'. For as long as the infection remained active, they had to dwell in isolation outside the camp.Sources: the Bible text itself
  • The diagnostic regulations extended beyond human skin to textiles and leather goods made of wool or linen. If a garment showed a spreading green or red contamination that could not be washed out after quarantine, it had to be burned entirely to prevent further defilement.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.