Job 40
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1တဖန် ထာဝရဘုရား က၊ အနန္တ တန်ခိုးရှင်ကို ဆုံးမ သောသူသည် ဆန့်ကျင် ဘက်ပြုဦးမလော။ 2ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြော စေတော့ဟု ယောဘ အား မိန့် တော်မူလျှင်၊ 3ယောဘ က အကျွန်ုပ်သည် ဆိုးယုတ် ပါ၏။ 4ကိုယ်တော် အား အဘယ်သို့ ပြန် လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ် နှုတ် ကို ကိုယ် လက် နှင့် ပိတ် ပါမည်။ 5တကြိမ် ပြော မိပါပြီ။ တဖန် မ ပြောဝံ့ပါ။ နှစ် ကြိမ်တိုင်အောင်ပြောမိပါပြီ။ သို့ရာတွင် ထပ်၍ မ ပြောဝံ့ပါဟု ထာဝရဘုရား အား ပြန် ၍ လျှောက်လေ၏။ 6တဖန် ထာဝရဘုရား သည် မိုဃ်းသက်မုန်တိုင်း ထဲက ယောဘ အား မိန့် တော်မူသည်ကား၊ 7လူ ယောက်ျားကဲ့သို့ သင် ၏ခါး ကိုစည်း လော့။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေ လော့။ 8သင်သည် ငါ တရား စီရင်ချက်ကို ပယ် မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ် ဟန်ရှိစေခြင်းငှါ ၊ ငါ ကိုအပြစ်ရှိသည်ဟု စီရင် မည်လော။ 9သင် သည်ဘုရား သခင်၏ လက်ရုံး ကဲ့သို့ သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့ သော အသံ နှင့် မိုဃ်းချုန်း နိုင်သလော။ 10ထူးဆန်းသော ဘုန်း တန်ခိုးအာနုဘော်ကို ဝတ်ဆောင် လော့။ တင့်တယ်သော ဂုဏ် အသရေနှင့် တန်ဆာဆင် လော့။ 11သင် ၏အမျက် အရှိန်ကို လွှတ် လော့။ မာန ထောင်လွှားသောသူအပေါင်း တို့ကို ကြည့်ရှု ၍ နှိမ့်ချ လော့။ 12မာန ထောင်လွှားသော သူအပေါင်း တို့ကို ကြည့်ရှု ၍ ရှုတ်ချ လော့။ အဓမ္မ လူတို့ကို နှိပ် နင်း၍၊ 13သူ တို့ကိုမြေမှုန့် ၌ တစုတည်း ဝှက်ထား လော့။ သူ တို့မျက်နှာ များကို မှောင်မိုက် ၌ ဖုံးအုပ် လော့။ 14သို့ပြုလျှင် သင် ၏လက်ျာ လက်ရုံးသည် သင့် ကို ကယ်တင် နိုင်သည်ဟု ငါဝန်ခံ မည်။ 15သင် နှင့်အတူ ငါဖန်ဆင်း သော ဗေဟမုတ် ခြင်း ကို ကြည့်ရှု လော့။ နွား ကဲ့သို့ မြက် ကို စား တတ်၏။ 16သူ ၏တန်ခိုး သည် ခါး ၌ ၎င်း ၊ သူ ၏ခွန်အား သည် ဝမ်း ကြော ၌ ၎င်း တည်လျက်ရှိ၏။ 17သူ့ အမြီး သည် အာရဇ် ပင်ကဲ့သို့ လှုပ် တတ်၏။ ပေါင်ကြော တို့သည် အထပ်ထပ် ရှိကြ၏။ 18အရိုး ငယ်တို့သည် ကြေးဝါ ချောင်း ၊ အရိုး ကြီး တို့သည် သံ တုံး ကဲ့သို့ ဖြစ်ကြ၏။ 19ဘုရား သခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ ကိုဖန်ဆင်း သော ဘုရားသာလျှင် သူ၏တံစဉ်ကိုပေးပြီ။ 20မြေ တိရစ္ဆာန် အပေါင်း တို့ ကစား ရာတောင်ရိုး သည် သူ၏ကျက်စားရာအရပ်ဖြစ်၏။ 21အရိပ် ကောင်းသော အပင်အောက် ၊ ကျူပင် ချုံဖုတ်အောက်၊ ရေ များသောအရပ်၌ နေ တတ်၏။ 22ထိုအပင်တို့သည် အရိပ် နှင့်လွှမ်းမိုး ၍ ချောင်း နားမိုဃ်းမခ ပင်တို့သည် ဝိုင်း ကြ၏။ 23မြစ် ရေထသော်လည်း သူသည်မ ပြေး တတ်။ သူ ၏ခံတွင်း ကို ယော်ဒန် မြစ်ရေ ဝှေ့တိုက်သော်လည်း မ တုန်မလှုပ်ဘဲ နေတတ်၏။ 24ထိုမြင်းကို ထင်ရှားစွာ ဘမ်းယူ မည်လော။ သူ၏နှာခေါင်း ကို သံချိတ် နှင့် ဖောက် မည်လော။

Did you know?
God's Challenge and the Might of Behemoth
- When questioned by God, Job responds by placing his hand over his mouth, acknowledging his insignificance and choosing not to argue further. God then speaks to him out of the whirlwind, challenging him to prove whether he possesses divine strength and the ability to humble the proud.Sources: the Bible text itself
- God directs Job's attention to Behemoth, describing it as a massive herbivore whose bones are like tubes of bronze and limbs like rods of iron. The creature is depicted resting peacefully under lotus plants and marsh reeds, unmoved by raging waters and uncontrollable by humans.Sources: the Bible text itself
- The text notes that Behemoth remains unafraid even when the Jordan River surges to its mouth. The Jordan is a river characterized by swift currents and twisted paths through marshy plains and deep channels.Sources: the Bible text itself · Jordan
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
- Jordan · Today: Jordan River · 31.761, 35.558 · verse 23
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org