Jeremiah 45
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် လက်ထက်၊ နေရိ သား ဗာရုတ် သည်၊ ယေရမိ မြွက်ဆို သည် အတိုင်း၊ စကား တော်များကို စာ ၌ ရေးထား သောနောက် ၊ ပရောဖက် ယေရမိ သည် ဗာရုတ်အားဆင့်ဆို ရသော နှုတ်ကပတ် တော်ဟူမူကား၊ 2အိုဗာရုတ် ၊ သင် က၊ ငါ သည်အမင်္ဂလာ ရှိ၏။ ထာဝရဘုရား သည် ငါ ဝမ်းနည်း စရာ အကြောင်းတပါး အပေါ်မှာတပါးကို ထပ်ဆင့် တော်မူသောကြောင့် ၊ ငါသည် သက်သာ မ ရ ။ 3ညည်းတွား ၍ စိတ်ပျက် ပါပြီဟု ဆို သည်ဖြစ်၍၊ သင်သည်ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ 4ငါဆောက် သောအရာ ကို ငါ ဖြိုဖျက် မည်။ ငါ စိုက် သောအရာ တည်းဟူသောဤ ပြည် ကို အကြွင်းမဲ့ ငါနှုတ်ပစ် မည်။ 5သင် သည် ကြီးစွာ သော အရာတို့ကို ကိုယ် အဘို့ ရှာ သလော။ မ ရှာ နှင့်။ အကြောင်း မူကား၊ ငါ သည် ခပ်သိမ်း သော သတ္တဝါ တို့အပေါ် သို့ ဘေး ရောက် စေမည်။ သို့ရာတွင် ၊ သင်ရောက် လေရာအရပ် တို့၌၊ သင် ၏ အသက် ကို လက်ရ ဥစ္စာကဲ့သို့ သင့် အား ငါပေး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Did you know?
A Message of Comfort for Baruch
- This short chapter is addressed directly to Baruch son of Neriah, who served as the prophet Jeremiah's scribe and wrote down his dictated prophecies during the fourth year of King Jehoiakim of Judah.Sources: the Bible text itself · Baruch
- Overwhelmed by sorrow and exhaustion while recording warnings of widespread judgment, Baruch was told not to seek great things for himself, but received a divine promise that his life would be preserved wherever he went.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org