James 3
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ငါ့ ညီအစ်ကို တို့၊ ငါတို့သည်သာ၍ ကျပ်တည်းသော စစ်ကြော စီရင်ခြင်းကိုခံရ မည်ဟု သင်တို့သိ ၍ အများ သောဆရာ မ ဖြစ် ကြနှင့်။ 2ငါတို့ရှိသမျှ သည် အများ သောအားဖြင့် မှား တတ်ကြ၏။ စကား အားဖြင့် မှား ခြင်းမရှိ သောသူ မည်သည်ကား ၊ စုံလင် သောသူ ဖြစ်၏။ မိမိကိုယ်ကို တကိုယ် လုံး ကို ချုပ်တည်း နိုင် သောသူဖြစ်၏။ 3မြင်း ကိုနိုင် ခြင်းငှာ ပစပ် ကိုဇက် ခွံ့ တတ်၏။ သို့ပြု၍ မြင်း ကိုယ် တကိုယ်လုံး ကို လှည့် စေတတ်၏။ 4ထိုမှတစ်ပါး ၊ အလွန်ကြီး သောသင်္ဘော သည်ပြင်းစွာ သောလေဟုန် နှင့် လွင့် သွားသော်လည်း ၊ တက်မ ကိုင်အလိုရှိ သည်အတိုင်း ၊ ငယ် သောတက်မ ဖြင့် လှည့် တတ်၏။ 5ထိုနည်းတူ ၊ လျှာ သည်ငယ် သော အင်္ဂါ ဖြစ် သော်လည်း အလွန် ဝါကြွား တတ်၏။ အဘယ်မျှလောက်များစွာသောထင်း ကို အနည်းငယ် သာ မီး သည်ညှိ နိုင်သည်ကို ကြည့် ပါလော့။ 6လျှာ သည် မီး ဖြစ်၏။ ဒုစရိုက် ၏ လောက ဓါတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာ သည်ငါ တို့၏ အင်္ဂါ တို့တွင် တည် ၍ တစ်ကိုယ် လုံး ကို ညစ်ညူး စေ၏။ ဇာတိ စက်ကိုလည်း ရှို့ တတ်၏။ မိမိသည်လည်း ငရဲ မီးရှို့ ခြင်းကိုခံလျက်ရှိ၏။ 7သားရဲ မျိုး၊ ငှက် မျိုး၊ တွား တတ်သောတိရစ္ဆာန်မျိုး၊ ငါး မျိုးတို့ကို လူ မျိုးသည် အောင် တတ်သည်အတိုင်း အောင် ခဲ့ပြီ။ 8လျှာ ကိုကား ၊ အဘယ် လူ မဆိုမအောင် နိုင် ၊ မ ဆုံးမနိုင်သော အဆိုးအညစ် ဖြစ်၏။ သေ စေတတ်သော အဆိပ် အတောက်နှင့်ပြည့်စုံ ၏။ 9ငါတို့သည်လျှာ ဖြင့် ခမည်းတော် ဘုရားသခင် ကို ကောင်းကြီး ပေးတတ်ကြ၏။ ဘုရားသခင် ၏ ပုံ သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်း သော လူ တို့ကို လျှာ ဖြင့် ကျိန်ဆဲ တတ်ကြ၏။ 10နှုတ် တစ်ပါးတည်းအထဲ က၊ ထောမနာ ချီးမွမ်းခြင်းနှင့် ကျိန်ဆဲ ခြင်းထွက် တတ်ပါသည်တကား၊ ငါ့ ညီအစ်ကို တို့၊ ထိုသို့မ ဖြစ်ကောင်း ရာ။ 11စမ်း ရေပေါက် တစ်ပေါက်တည်း အထဲ ကချို သောရေနှင့် ခါး သောရေထွက် တတ်သလော။ 12ငါ့ ညီအစ်ကို တို့၊ သင်္ဘောသဖန်း ပင်သည် သံလွင် သီးကို သီးနိုင်သလော။ စပျစ် ပင်သည် သင်္ဘောသဖန်း သီးကို သီးနိုင် သလော။ ထိုအတူ၊ ငန် သောရေ သည် ချို သောရေကိုမ ဖြစ် စေနိုင်။ 13သင် တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံ သော ပညာရှိ တစ်စုံတစ်ယောက်ရှိလျှင် ၊ ထိုသူသည် ပညာ ၏ နူးညံ့ သိမ်မွေ့ခြင်းနှင့်တကွ ၊ ကောင်းမြတ် သော ကျင့်ကြံ ပြုမူခြင်းအားဖြင့် မိမိ အမှု တို့ကို ပြ ပါစေ။ 14သို့မဟုတ် သင် တို့စိတ် ထဲမှာ ခါး စွာသော ဂုဏ်ပြိုင် ခြင်း၊ ရန်တွေ့ ခြင်းရှိ လျှင် ၊ သမ္မာတရား ကို မုသာ ဖြင့် ဆန် ၍ မ ဝါကြွား ကြနှင့်။ 15ထိုသို့သောပညာ သည် အထက် မှသက်ရောက် သောပညာမ ဟုတ်။ မြေကြီး ပညာ၊ ဇာတိ ပကတိပညာ၊ နတ်ဆိုး ပညာဖြစ် ၏။ 16အကြောင်းမူကား ၊ ဂုဏ်ပြိုင် ခြင်း၊ ရန်တွေ့ ခြင်းရှိလျှင် ၊ မငြိမ်မဝပ် ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ် စွာပြုမူ ခြင်း အမျိုးမျိုး ရှိ တတ်၏။ 17အထက် မှ သက်ရောက်သောပညာ မူကား ၊ ရှေ့ဦးစွာ စင်ကြယ် ၏။ ထိုမှတပါး ၊ အသင့်အတင့်နေ တတ်ကြ၏။ ဖြည်းညှင်း သောသဘောရှိ၏။ သွေးဆောင် လွယ်၏။ ကရုဏာ နှင့်၎င်း ၊ ကောင်းကျိုး နှင့်၎င်း ပြည့်စုံ ၏။ လျစ်လျူသောစိတ် ရှိ၏။ လျှို့ဝှက် ခြင်းနှင့်ကင်းစင်၏။ 18အသင့်အတင့် နေခြင်းငှာ ပြုစု တတ်သော သူ တို့သည် ဖြောင့်မတ် ခြင်းတရား၏ မျိုးစေ့ ကိုငြိမ်သက် စွာကြဲ တတ်ကြ၏။

Did you know?
The Tongue and Wisdom from Above
- The chapter opens by urging that not many should become teachers, since those who teach will be judged more strictly. It adds that everyone stumbles in many ways, and that anyone never at fault in what he says would be a perfect person, able to control the whole body.Sources: the Bible text itself
- The chapter compares the tongue to small things with large effects: bits in horses’ mouths guide the whole animal, and a very small rudder steers a large ship driven by strong winds. A small spark, it adds, sets a great forest ablaze. The tongue is called a small part of the body that boasts of great things, a fire no one can tame, even though people tame animals, birds, reptiles, and sea creatures.Sources: the Bible text itself
- The same mouth, the chapter says, both blesses the Lord and Father and curses people made in God’s likeness, and it says this should not be. It asks whether fresh and salt water can flow from the same spring, whether a fig tree can grow olives, or a grapevine bear figs. Wisdom from above is described as pure, peace-loving, gentle, and full of mercy, while jealousy and selfish ambition are linked with disorder and with wisdom called earthly, unspiritual, and demonic.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org