Nations Bible

Isaiah 50

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါလွှတ် လိုက်သော သင် တို့အမိ ၏ ဖြတ် စာ သည် အဘယ်မှာ ရှိသနည်း။ ငါ ၌ကြွေးရှိ၍ အဘယ် မည်သော ကြွေးရှင် ထံ ၌ သင် တို့ကို ငါရောင်း သနည်း။ သင် တို့သည် ကိုယ်ပြု သော ဒုစရိုက် အတွက် ကျွန်ခံရကြ၏။ သင် တို့အပြစ် ကြောင့် ၊ သင် တို့အမိ ကို ငါလွှတ် လိုက်၏။ 2ငါလာ သောအခါ အဘယ်ကြောင့် လူ မ ရှိသနည်း။ ငါခေါ် သောအခါ အဘယ်ကြောင့်မ ထူး သနည်း။ ငါသည် မရွေး မနှုတ်နိုင်အောင် လက် တို သလော။ ကယ်ချွတ် နိုင်သော တန်ခိုး မ ရှိသလော။ ကြည့်ရှု လော့။ ငါ ဆုံးမ သဖြင့် ပင်လယ် ရေသည် ခန်းခြောက် ၏။ မြစ် တို့ကို လွင်ပြင် ဖြစ် စေ၏။ ရေ မ ရှိသောကြောင့် ငါး တို့သည် နံ ကြ၏။ ရေငတ် ၍ သေ ကြ၏။ 3ငါသည် မိုဃ်းကောင်းကင် ကို နက် သော အဝတ် ဝတ် စေ၍ ၊ လျှော်တေ အဝတ်နှင့် ခြုံ ၏။ 4ငါသည် ပင်ပန်း သောသူအား မစ ခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင် ထာဝရဘုရား သည် လူတတ်၏ နှုတ် သတ္တိကို ငါ့ အား ပေး တော်မူပြီ။ နံနက် အစဉ်အတိုင်းငါ့ ကို နှိုး တော်မူ၏။ စာ သင်သော သူကဲ့သို့ နားထောင် စေမည်အကြောင်း ငါ့နား ကို နှိုးဆော် တော်မူ၏။ 5အရှင် ထာဝရဘုရား သည် ငါ့ နား ကို ဖွင့် တော်မူ၍၊ ငါ လည်း မ ငြင်း မဆန်၊ နောက် သို့မ ဆုတ်၊ 6ရိုက် သောသူတို့ အား ငါ့ ကျော ကို၎င်း ၊ နားပန်းဆံကို နှုတ် သောသူတို့အား ၊ ငါ့ ပါး ကို၎င်းငါအပ် ၏။ အရှက်ခွဲ ခြင်းနှင့် တံထွေး ထွေးခြင်းမှ ငါသည် ကိုယ် မျက်နှာ ကိုမ လွှဲ။ 7အရှင် ထာဝရဘုရား သည် ငါ့ ကို စောင့်မ တော်မူလိမ့်မည်။ ထို့ကြောင့် ၊ ငါမ ရှုံး ရသည်ဖြစ်၍ ၊ ကိုယ် မျက်နှာ ကို မီးကျောက် ကဲ့သို့ ထား လျက်၊ ရှက် ကြောက်ခြင်းသို့ မ ရောက်ရဟု ငါသိ ၏။ 8ငါ့ ကို အပြစ်လွှတ် သောသူသည် အနီး မှာရှိ၏။ အဘယ်သူ သည် ငါ နှင့် တရား တွေ့မည်နည်း။ ပြိုင် ၍ နေကြကုန်အံ့။ အဘယ် သူသည် ငါ နှင့်ရန်ဘက် ပြုမည်နည်း။ ထိုသူသည် ချဉ်းကပ် စေ။ 9ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည် ငါ့ ကို စောင့်မ တော်မူမည်။ အဘယ်သူ သည် ငါ့ ကို တရား ရှုံးစေ မည်နည်း။ ထိုသို့သော သူ အပေါင်း တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုး ကိုက်စား ခြင်း ကိုလည်း ခံရကြလိမ့်မည်။ 10သင် တို့တွင် အဘယ်သူ သည် ထာဝရဘုရား ကို ကြောက်ရွံ့ သနည်း။ ထိုသူသည် ကိုယ်တော် ကျွန် ၏ စကား သံကို နားထောင် ပါစေ။ အဘယ်သူ သည် အလင်း မ ရှိဘဲ မှောင်မိုက် ၌သွား လာသနည်း။ ထိုသူ သည် ထာဝရဘုရား ၏ နာမ တော်ကို ခိုလှုံ ၍ ၊ မိမိ ဘုရား သခင်ကို အမှီပြု ပါစေ။ 11မီး ကိုညှိ ၍ မိမိတို့ကို မီးပွား တို့နှင့် ဝန်းရံ စေသော သူအပေါင်း တို့၊ သင် တို့မီး ၏အလင်း ၌ ၎င်း၊ သင်တို့ပြုစု သော မီးစ များ၌၎င်း သွား လာကြလော့။ ငါ့ လက် ၌ ခံရသော အကျိုးဟူမူကား၊ သင် တို့သည် ဝမ်းနည်း လျက် အိပ် ရကြလိမ့်မည်။

Artistic illustration — an interpretation, not a historical record.

Did you know?

The Obedient Servant and Divine Vindication

  • In ancient Near Eastern legal custom, a husband issued a certificate of divorce to formalize a separation, and impoverished debtors might sell their children into servitude. In Isaiah 50:1, God uses these legal metaphors to demonstrate that Israel was not abandoned due to a divine debt or permanent annulment of the covenant, but went into exile because of its own transgressions.Sources: the Bible text itself
  • The speaker in Isaiah 50:4–7 portrays the posture of an attentive disciple who willingly endures physical maltreatment, including beatings, the plucking of his beard, and being spat upon. Setting one's face 'like flint' is a vivid idiom signifying resolute determination and steadfast trust in God despite public shame and hostility.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.