Nations Bible

Isaiah 18

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1အဲသယောပိ မြစ် များအနား မှာ အသံမြည်တတ် သော အတောင် ရှိ၍၊ 2ပင်လယ် လမ်းဖြင့် ၎င်း၊ ရေ ပေါ် ၌ဂမာ လှေ ဖြင့် ၎င်း ၊ သံတမန် တို့ကို လွှတ် တတ်သောပြည်၊ နားထောင်လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ယခုတိုင်အောင်၊ ကြောက်မက် ဖွယ်ဖြစ်ထသော၊ ခွန်အား ကြီး၍ နှိမ်နင်း တတ်ထသော၊ မြစ် ကွဲပြား သော မြေ ၌နေသောလူမျိုး ထံသို့၊ လျင်မြန် သောတံမန် တို့၊ သွား ကြလော့။ 3လောကီ နိုင်ငံ၌ နေ သောမြေကြီး သား အပေါင်း တို့၊ တောင် ပေါ်မှာ အလံ ကို ထူ သောအခါ ကြည့် ရှုကြ လော့။ တံပိုး မှုတ် သောအခါ နားထောင် ကြလော့။ 4ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ နေ အရောင်ထဲမှာ ကြည်လင် သော အရှိန် ကဲ့သို့ ၎င်း၊ အသီးအနှံကို သိမ်း ယူရာ ပူ သောကာလ၌ နှင်း နှင့် ပြည့်စုံသော မိုဃ်းတိမ် ကဲ့သို့ ၎င်း၊ ငါသည်ကျိန်းဝပ် ၍ ငါ့ နေရာ အရပ်မှာ ကြည့် ရှုမည်။ 5စပျစ်သီး ကို သိမ်းယူ ရာ ကာလမတိုင်မှီ အငုံစေ့စုံ၍၊ အပွင့် လည်း လုံးသောအသီး ဖြစ် စဉ်အခါ၊ အညွန့် များကို တံစဉ် နှင့် ဖြတ်၍ ၊ အခက် အလက်များကို သုတ်သင် ပယ်ရှင်းတော်မူမည်။ 6သူတို့သည် တောင် ပေါ်မှာ နေတတ်သော ငှက် များ၊ တောသားရဲ များတို့၏ အဘို့ ဖြစ်၍၊ ငှက် တို့သည် နွေ ကာလ၌၎င်း၊ သားရဲ အပေါင်း တို့သည် ဆောင်း ကာလ၌၎င်း၊ သူ တို့အပေါ် မှာ နေကြလိမ့်မည်။ 7ထို အခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ယခုတိုင်အောင်ကြောက်မက် ဘွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိမ်နင်း တတ်ထသော၊ မြစ် များ ကွဲပြား သော မြေ ၌နေသောလူမျိုး သည်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်တည် ရာဇိအုန် တောင် သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဘို့ လက်ဆောင် ပဏ္ဏာကို ဆောင် ခဲ့ကြလိမ့် သတည်း။

Artistic illustration — an interpretation, not a historical record.

Did you know?

A Message Concerning Cush

  • The land of Cush referred to the region south of Egypt along the Upper Nile. Isaiah describes its messengers navigating the waters in swift vessels made of papyrus reeds.Sources: Cush · the Bible text itself
  • The prophecy culminates with gifts being brought from this distant, formidable nation across the rivers to Mount Zion, the prominent hill in Jerusalem where the Lord's name dwelt.Sources: Mount Zion · the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Cush · Today: Cush 1 · 16.935, 33.751 · verse 1
  • Nile · Today: Nile River · 31.465, 30.367 · verses 1, 2
  • Mount Zion · 31.772, 35.229 · verse 7

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.