Isaiah 15
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1မောဘ ပြည် နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ လုပ်ကြံ သော ညဉ့် အခါ ၊ မောဘ ပြည်အာရ မြို့သည် ပျက်စီး ၏။ လုပ်ကြံ သော ညဉ့် အခါ ၊ မောဘပြည် ကိရ မြို့သည် ပျက်စီး ၏။ 2ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန် မြို့၌ မြင့် သောအရပ်သို့ တက် ၍ ငိုကြွေး ကြ၏။ မောဘ ပြည်သူတို့ သည် နေဗော မြို့၊ မေဒဘ မြို့ပေါ် မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူ တို့ခေါင်း ပေါ် မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ် ကိုလည်း ရိတ် ပယ် ပြီ။ 3လမ်း ခရီးတို့တွင် လျှော်တေ အဝတ်ကို ဝတ် ကြ ၍၊ အိမ်မိုး ပေါ် ၌၎င်း၊ လမ်းမ ၌ ၎င်း ရှိသမျှ သောသူတို့ သည် ညည်းတွား မြည်တမ်း၍၊ အလွန် မျက်ရည် ကျ ကြ၏။ 4ဟေရှဘုန် မြို့နှင့် ဧလာလေ မြို့တို့လည်း ငိုကြွေး ၍၊ ငိုသံ သည် ယာဟတ် မြို့တိုင်အောင် ကြား ရ၏။ မောဘ သူရဲ တို့သည်လည်း၊ တုန်လှုပ် သောစိတ် နှလုံးနှင့် ငိုကြွေး ကြ၏။ 5ငါ့ နှလုံး သည်လည်း၊ မောဘ အဘို့ ငိုကြွေး ၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသောနွားမ ကဲ့သို့ဇောရ မြို့တိုင်အောင် လည် ကြ၏။ လုဟိတ် တောင်ပေါ်သို့ မျက်ရည် ကျလျက် တက် ကြ၏။ ဟောရနိမ့် မြို့သို့ သွား သော လမ်း ၌ လည်း ဆုံးရှုံး ခြင်းအသံ ကို လွှင့် ကြ၏။ 6အကြောင်း မူကား၊ နိမရိမ် ရေကန် တို့သည် ဆိတ်ညံ ၍၊ မြက်ပင် များ သွေ့ ခြောက်ခဲ့ပြီ။ ပျိုး ပင်များ လည်း သေ ခဲ့ပြီ။ စိမ်း သောအပင် တပင်မျှမ ရှိ။ 7ထို့ကြောင့် ၊ သူတို့သည် မိမိတို့ဆည်းဖူး သော ဥစ္စာ ၊ သိုထားသောဘဏ္ဍာ များကို မိုဃ်းမခ ပင် ချိုင့် သို့ ယူ သွားကြလိမ့်မည်။ 8ငိုကြွေး သောအသံသည် မောဘ ပြည် ကို နှံ့ပြား လေ၏။ ညဉ်းတွား မြည်တမ်း သော အသံသည် ဧဂလိမ် မြို့ တိုင်အောင် ၎င်း ၊ ဗေရဧလိမ် မြို့ တိုင်အောင်၎င်း ရောက်လေ၏။ 9အကြောင်း မူကား၊ မုဒိန် မြို့ရေ တို့သည် အသွေး နှင့်ပြည့် ကြ၏။ ဒိဇုန် မြို့အပေါ် မှာ အခြား သော ဘေးများ ကို၎င်း၊ လွတ်အောင်ပြေး သော မောဘ ပြည်သားနှင့် ကျန် ကြွင်းသော ပြည် သားအပေါ် မှာ ခြင်္သေ့ တို့ကို၎င်း ငါရောက် စေမည်။

Did you know?
The Oracle Concerning Moab
- Moab was a territory situated east of the Dead Sea and the Jordan River, containing ancient settlements such as Ar, Kir, and Medeba. In this chapter, the prophet laments the sudden overnight destruction and wailing throughout these Moabite towns and high places.Sources: Moab · Medeba · the Bible text itself
- The chapter depicts traditional ancient mourning rituals practiced across the region in times of catastrophe. As grief overtakes the land, the people of Moab shave their heads, cut off their beards, and put on sackcloth while weeping publicly in the squares and on flat rooftops.Sources: the Bible text itself
- The city of Dibon, situated north of the Arnon River and east of the Dead Sea, is also identified as Dimon in Isaiah 15:9. The oracle vividly portrays the severity of the invasion by describing the waters of Dimon filled with blood while surviving refugees flee.Sources: Dibon · the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
- Moab · Today: Moab 1 · 31.181, 35.701 · verses 1, 2, 4, 5, 8, 9
- Dibon · Today: Tall Dhiban · 31.502, 35.777 · verse 2
- Medeba · Today: Madaba · 31.716, 35.795 · verse 2
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org