Nations Bible

Ezekiel 42

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1ထိုနောက်မှ မြောက် လမ်း ဖြင့် ပြင် တန်တိုင်း ထဲသို့ ခေါ်သွား ၍၊ အိမ် တော်မြောက် ဘက်၊ လွတ်လပ် သော အရပ်ရှေ့မှာ ရှိသော အခန်း များကို ပြလေ၏။ 2ထိုအခန်းတို့သည် မြောက် တံခါး အထိ၊ အလျား အတောင် တရာ ၊ အနံ အတောင် ငါးဆယ် ရှိကြ၏။ 3အတောင်နှစ်ဆယ် ရှိသောအတွင်း တန်တိုင်း ရှေ့ ၊ ပြင် တန်တိုင်း ကျောက် ခင်းရှေ့တွင်တဘက် တချက်၌ နံရံ အခန်းသုံး ဆင့်ရှိ၏။ 4ထိုအခန်း များရှေ့မှာ တ တောင် ကျယ်သော လမ်း နှင့်တကွအတွင်း ဘက်သို့ ဝင်၍၊ အနံ ဆယ် တောင် ရှိသောစင်္ကြံ ရှိ၏။ အခန်းတံခါးတို့ သည် မြောက် ဘက်သို့ မျက်နှာပြုကြ၏။ 5အထက် ခန်း တို့သည် ကျဉ်း ကြ၏။ သူတို့၏ ကြမ်းပြင်သည် အောက် ခန်းကြမ်းပြင်၊ အလယ် ခန်း ကြမ်းပြင်နှင့်မညီ၊ အထဲသို့ဝင်လျက် ရှိကြ၏။ 6အကြောင်းမူကား ၊ အခန်းသုံး ဆင့်ရှိသော်လည်း ၊ ထိုအခန်းတို့သည် အခြားတန်တိုင်း ကဲ့သို့ တိုင် မ ရှိ၊ သို့ဖြစ်၍ ၊ အောက် ခန်းနှင့် အလယ် ခန်းထက် သာ၍ကျဉ်း ကြ၏။ 7ထိုအခန်း များတဘက် တချက်၊ ပြင် တန်တိုင်း ဘက်မှာ အခန်း များရှေ့၌ ကာသော နံရံ သည် အလျား အတောင် ငါးဆယ် ရှိ၏။ 8ပြင် တန်တိုင်း နှင့် ဆိုင်သောအခန်း တို့သည် အလျား အတောင် ငါးဆယ် ရှိကြ၏။ ဗိမာန် တော်ရှေ့မှာ အလျားသည် အတောင် တရာ ရှိ၏။ 9ပြင် တန်တိုင်း မှ လာ ၍၊ ထိုအခန်း များ ခြေရင်း အရှေ့ ဘက်၌ ဝင် ရာလမ်းရှိ၏။ 10အိမ်တော်တောင်ဘက်၊ လွတ်လပ် သော အရပ် ကို ကာသော တန်တိုင်း နံရံ ၌ လည်း အခန်း များရှိကြ၏။ 11ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံ မှစ၍အခန်း အလျား အနံ ၊ ထွက် ရာဝင်ရာ တံခါးရှိသမျှ တို့ သည် မြောက် အခန်း စုနှင့် ပုံသဏ္ဌာန် တူ ကြ၏။ 12တောင် ခန်း တံခါးတို့ သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည်ဖြစ်၍၊ တန်တိုင်း တဘက်တချက်၊ အရှေ့ သို့မျက်နှာပြု သော စင်္ကြံ ဦး ၌ ဝင်ရာတံခါးဝ ရှိ၏။ 13တိုင်းသောသူကလည်း၊ လွတ်လပ် သော အရပ် ရှေ့မှာ မြောက် ခန်း နှင့် တောင် ခန်း တို့သည် သန့်ရှင်း သောအခန်း ၊ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် သော ယဇ်ပုရောဟိတ် တို့သည် အလွန် သန့်ရှင်းသောအရာများ ကို စား ရသောအခန်းဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်းသောကြောင့်အလွန် သန့်ရှင်းသောအရာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်တို့ကို ထား ရာအရပ် ဖြစ်၏။ 14ယဇ်ပုရောဟိတ် တို့သည် ဝင် သောအခါ အမှု တော် ဆောင် အဝတ် ကိုဝတ်လျက်၊ သန့်ရှင်း သောအရပ်မှ ပြင် တန်တိုင်း သို့ မ ထွက် ရ။ ထိုအဝတ်သန့်ရှင်း သောကြောင့် ချွတ်ထား ၍ အခြား သော အဝတ် ကို ဝတ် ပြီးမှ ၊ လူ များရှိရာသို့ ထွက်သွား ရကြမည်ဟု ငါ့ အား ပြောဆို ၏။ 15အတွင်း ဗိမာန် တော်ကို တိုင်း ပြီး သည်နောက် ၊ အရှေ့ တံခါး ပြင်သို့ ခေါ်သွား ၍ ၊ 16တိုင်း စရာကျူလုံး နှင့်အရှေ့ မျက်နှာကို တိုင်း လျှင် ကျူလုံးအပြန် ငါး ရာ ရှိ၏။ 17မြောက် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။ 18တောင် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။ 1919အနောက် မျက်နှာကိုတိုင်း လျှင်လည်း ကျူလုံး အပြန်ငါး ရာ ရှိ၏။ 20လေး မျက်နှာကိုတိုင်း ၍ ပတ်လည် ၌ရှိသောတန်တိုင်း သည် သန့်ရှင်း သောအရပ်၊ မ သန့်ရှင်းသော အရပ်တို့ကို ပိုင်းခြား လျက်၊ အလျား အပြန်ငါး ရာ ၊ အနံ လည်း အပြန်ငါး ရာ ရှိ၏။

Artistic illustration — an interpretation, not a historical record.

Did you know?

The Priestly Chambers and Temple Boundaries

  • In Ezekiel's visionary temple, the three-story chambers facing the inner courtyard served as holy rooms where priests ate the most holy offerings, such as grain, sin, and guilt offerings. Priests were required to leave their sacred ministry garments in these rooms and change into ordinary clothes before entering areas designated for the people.Sources: the Bible text itself
  • The outer boundary of the temple precinct was measured with a rod on all four sides, each measuring five hundred cubits. This outer wall was established specifically to separate the sacred temple grounds from the common area.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Holy Place · Today: on Mount Moriah · 31.778, 35.236 · verse 14

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.