Nations Bible

Ezekiel 10

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1တဖန် ငါကြည့်ရှု ၍ ၊ ခေရုဗိမ် ၏ခေါင်း တို့ အထက် မိုဃ်း မျက်နှာကြက်၌ နီလာ ကျောက် ကဲ့သို့ ၊ ရာဇ ပလ္လင် ၏ သဏ္ဌာန် အရောင် သည် ထင်ရှား ၏။ 2ပိတ် အဝတ်ကိုဝတ် သောသူ အား လည်း ၊ ရထား ဘီး တို့အကြား မှာ ခေရုဗိမ် အောက် သို့ ဝင် လော့။ ခေရုဗိမ် အကြား မှာရှိသော မီးခဲ တို့ကို လက် နှစ်ဘက်နှင့် ကျုံးပြီးလျှင် ၊ မြို့ အပေါ် မှာ ဖြန့်ကြဲ လော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့ မျက်မှောက် ၌ သွား ၏။ 3ဝင် သောအခါ ခေရုဗိမ် တို့သည် အိမ် တော် လက်ျာ ဘက်မှာ ရပ် ၍ ၊ အတွင်း တန်တိုင်း သည် မိုဃ်းတိမ် နှင့် ပြည့် ၏။ 4ထာဝရဘုရား ၏ ဘုန်း တော်သည် ခေရုဗိမ် အပေါ် က အိမ် တော်တံခါး ခုံအထက်သို့ တက် ရွှေ့၍ ၊ အိမ် တော်သည် မိုဃ်းတိမ် နှင့် ပြည့် ၏။ တန်တိုင်း သည် လည်း ၊ ထာဝရဘုရား ၏ ဘုန်း တော်အရောင် နှင့်ပြည့် ၏။ 5အနန္တ တန်ခိုးရှင်ဘုရားသခင် မိန့် မြွက်တော်မူသော အသံ ကဲ့သို့ ခေရုဗိမ် အတောင် တို့၏ အသံ ကို ကြား ရ၏။ 6ပိတ် အဝတ်ကိုဝတ် သောသူ အားလည်း၊ ရထား ဘီး အကြား ထဲက မီး ကိုယူ လော့ဟု မိန့် တော်မူသောအခါ ၊ ထိုသူသည်ဝင် ၍ ဘီး တို့အနား ၌ ရပ် နေ၏။ 7ခေရုဗိမ် တပါးသည် ခေရုဗိမ် စုထဲက လက် ကို ဆန့် ၍ ၊ ခေရုဗိမ် အကြား မှာရှိသော မီး ကိုယူ ပြီးလျှင် ၊ ပိတ် အဝတ်ကို ဝတ် သောသူလက် ၌ ထည့် ၏။ ထိုသူလည်း ခံယူ ၍ ထွက်သွား ၏။ 8ခေရုဗိမ် အတောင် အောက် ၌ လူ လက် ကိုလည်း ငါမြင် ၏။ 9ငါကြည့်ရှု ၍ ၊ ခေရုဗိမ် တို့အနား မှာ ရထားဘီး တခု စီရှိ၏။ ဘီး တို့သည် ကျောက် မျက်ရွဲ၏ အဆင်း အရောင် ရှိ၏။ 10ဘီး လေး ခုတို့သည်ပုံသဏ္ဌာန် တညီ တည်းရှိ၍၊ ဘီး တခုထဲ ၌ ဘီး တခုတပ်သကဲ့သို့ ရှိ ကြ၏။ 11သွား သောအခါ ဘီး လေး မျက်နှာ တညီတည်း နေ၍၊ မ လှည့် ဘဲ သွား တတ်ကြ၏။ ခေါင်း မျက်နှာ ပြုသော ဘက် သို့လိုက် ၍ မ လှည့် ဘဲ သွား ကြ၏။ 12ဘီး လေး ခုနှင့်တကွခေရုဗိမ်လေးပါးတို့သည် ကျော ၊ လက် ၊ အတောင် မှစ၍ တကိုယ်လုံး ၌ မျက်စိ နှင့်ပြည့် ကြ၏။ 13ထို ဘီး တို့ကို စကြာ ဟူသောအမည်ဖြင့် သမုတ် သည်ကို ငါ ကြား ၏။ 14ခေရုဗိမ် တို့သည် မျက်နှာ လေး ခုစီရှိ၍၊ ပဌမ မျက်နှာ သည်ခေရုဗိမ်မျက်နှာ ၊ ဒုတိယ မျက်နှာ သည် လူ မျက်နှာ ၊ တတိယ မျက်နှာသည် ခြင်္သေ့ မျက်နှာ ၊ စတုတ္ထ မျက်နှာသည် ရွှေလင်းတ မျက်နှာ ဖြစ်၏။ 15ထိုခေရုဗိမ် တို့သည် ချီကြွ လျက် ရှိကြ၏။ ဤ သည်ကား၊ ခေဗာ မြစ် နား မှာ ငါမြင် ဘူးသော သတ္တဝါ ပေတည်း။ 16ခေရုဗိမ် တို့သည် သွား သောအခါ ဘီး တို့သည် ထက်ကြပ်လိုက် ကြ၏။ ခေရုဗိမ် တို့သည် မြေကြီး မှ တက် အံ့သောငှါ အတောင် တို့ကို ဖြန့် သောအခါ ၊ ဘီး တို့ သည် မ ကွာ ဘဲလိုက်ကြ၏။ 17သူ တို့ရပ် သောအခါ ဘီးတို့သည်ရပ် ကြ၏။ သူ တို့သည် မြေကြီး နှင့် ကွာ ၍ တက် သောအခါ ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက် ကြ၏။ အကြောင်း မူကား၊ သတ္တဝါ ၏ ဝိညာဉ် သည် ဘီးတို့၌ရှိ၏။ 18ထိုအခါ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်တံခါး ခုံမှ ရွှေ့ ၍ ခေရုဗိမ် အပေါ် မှာ တည် လေ ၏။ 19ထိုခေရုဗိမ် တို့သည် ငါ့ မျက်မှောက် ၌ အတောင် တို့ကို ဖြန့် ပြီးလျှင် ၊ မြေကြီး နှင့် ကွာ၍ တက် ကြ၏။ ပြင်သို့ ထွက် သောအခါ ဘီး တို့သည် လိုက်ကြ၏။ ထာဝရဘုရား ၏ အိမ် တော်ရှေ့ တံခါးဝမှာ ရပ် ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော်သည် သူ တို့အပေါ် မှာ တည်လျက် ရှိ၏။ 20ဤ သည်ကား၊ ခေဗာ မြစ် နား မှာ ဣသရေလ အမျိုး၏ ဘုရားသခင့် အောက် ၌ ငါမြင် ဘူးသော သတ္တဝါ ပေတည်း။ ခေရုဗိမ် ဖြစ်သည်ကို လည်း ငါသိ ၏။ 21သူ တို့သည် မျက်နှာ လေး ခုစီ ၊ အတောင် လေး လုံး စီ ရှိ၍၊ အတောင် အောက် ၌ လူ လက် သဏ္ဌာန် ရှိ၏။ 22မျက်နှာ ပုံ ကား ၊ ခေဗာ မြစ် နား မှာ ငါမြင် ဘူး သော မျက်နှာ နှင့်တူ၏။ ကိုယ် အဆင်း အရောင်လည်း တူ၏။ ထို သူလေးပါးတို့သည် တည့်တည့် သွား တတ်ကြ၏။

Artistic illustration — an interpretation, not a historical record.

Did you know?

The Glory of the Lord and the Cherubim

  • Ezekiel explicitly identifies the winged creatures and intricate wheels in this temple vision with the living creatures he previously saw by the River Chebar in Babylonia, where a community of Jewish exiles lived.Sources: the Bible text itself · Chebar
  • In the vision, a man clothed in linen receives burning coals from within the wheelwork under the cherubim to scatter over the city, as the glory of the LORD departs from the temple threshold and moves above the cherubim toward the east gate.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.