Deuteronomy 19
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ နေသောလူမျိုး တို့ကို သင် ၏ဘုရားသခင် ထာဝရဘုရား ပယ်ဖြတ် တော်မူသဖြင့် ၊ သင်သည် သူ တို့ အရာ၌ ဝင်စား ၍ ၊ သူ တို့မြို့ ၊ သူ တို့အိမ် ၌ နေ သောအခါ၊ 2သင် ၏ဘုရားသခင် ထာဝရဘုရား သည် အပိုင် ပေး တော်မူသော ထိုပြည် အတွင်း ၌ မြို့ သုံး မြို့တို့ကို ခွဲ ထား ရမည်။ 3လူအသက်ကိုသတ် မိသောသူအပေါင်း တို့သည် ထို မြို့သို့ ပြေး နိုင် မည်အကြောင်း ၊ သင့် အမွေခံစရာဘို့ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို သုံးပိုင်း ပိုင်း၍ လမ်း ခရီးကိုလည်း ပြင်ဆင် ရမည်။ 4လူအသက်ကိုသတ် မိ၍ ၊ ကိုယ်အသက် ချမ်းသာစေခြင်းငှာ ၊ ထို မြို့သို့ ပြေး ရသောသူ ၏အမှု ဟူမူကား ၊ လူသည် ထင်း ခုတ် ခြင်းငှာ အဘော် နှင့် တော သို့ သွား ၍ သစ်ပင် ကိုခုတ်လှဲ စဉ်အခါ ၊ ပုဆိန် သည် အရိုးကျွတ်၍အဘော် ကိုထိ သောကြောင့်၊ မိမိအဘော်သေအောင်ပြုမိသောသူနှင့်တူ၍၊ 5ရန်ငြိုးဖွဲ့ ခြင်းမ ရှိဘဲမိမိ အဘော် ကိုအမှတ်တမဲ့ သတ်မိ သောသူသည်၊ ထို မြို့ တစုံတမြို့ သို့ ပြေး ၍ အသက် ချမ်းသာရလိမ့်မည်။ 6သို့မဟုတ် သေ စားသေစေသောသူသည် စိတ် မာန် ထစဉ်အခါ၊ လူ သတ်ကို လိုက် လျက် ခရီး ဝေး သောကြောင့် မှီ ၍ သတ် လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုး ဖွဲ့ ခြင်း မ ရှိသောကြောင့် အသေ သတ်ခြင်းကို မ ခံထိုက်။ 7ထိုကြောင့် မြို့ သုံး မြို့ကို ခွဲ ထားရမည်ဟု ငါ မှာ ထား၏။ 8ယနေ့ ငါ မှာထား သမျှ သော ဤ ပညတ် တော်တို့ကိုကျင့်စောင့် ၍၊ သင်၏ဘုရားသခင်ထာဝရဘုရားကို ချစ် သောစိတ်နှင့် အစဉ်အမြဲ လမ်း တော်သို့ လိုက် လျှင်၎င်း၊ 9သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ၏ဘိုးဘေး တို့အား ပေး ခြင်းငှာ ဂတိထား သော ပြည် ရှိသမျှ ကို သင့် အား ပေး တော်မူ၍ ၊ သင် ၏ဘိုးဘေး တို့အား ကျိန်ဆို သည်အတိုင်း ၊ သင့် နေရာပြည် ကို ကျယ်ဝန်း စေတော်မူလျှင် ၎င်း၊ 10သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံစရာ ဘို့ပေး တော်မူသော ပြည် ၌ အသေမခံထိုက်သောသူသည်အသေခံ၍ လူ့အသက်ကိုသတ်သောအပြစ်သည် သင့် အပေါ်မှာ မ ရောက်မည် အကြောင်း၊ ယခု ဆိုခဲ့ပြီးသောမြို့သုံး မြို့မှတပါး၊ အခြား သောမြို့ သုံး မြို့ကိုထပ်၍ ခွဲထားရမည်။ 11တနည်းကား၊ မိမိ အဘော် ကို ရန်ငြိုး ဖွဲ့သဖြင့် ချောင်းမြောင်း ၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊ 12သူ့ နေရာမြို့ ၌ အသက်ကြီး သူတို့သည် လူကို စေလွှတ် ၍ ထိုသူ ကို ဆောင် ခဲ့သဖြင့် ၊ သေ စေခြင်းငှာ သေစား သေစေသောသူ၏ လက် ၌ အပ် လိုက်ရကြမည်။ 13သင်၏မျက်စိ သည် သူ့ ကို မ သနား ရ၊ သင် သည် ချမ်းသာ ရမည်အကြောင်း ၊ လူ့ အသက်သတ်ခြင်းအပြစ်ကို ဣသရေလ အမျိုးမှ ပယ်ရှင်း ရမည်။ 14သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အား အပိုင် ပေး တော်မူသော ပြည် မှာ အမွေခံ ရာ မြေ၌ ရှေး လူဟောင်းတို့သည် စိုက် ထားနှင့်သော အိမ်နီးချင်း ၏ မြေ မှတ်တိုင်ကို မ ရွှေ့ ရ။ 15လူ သည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံ တဦး တည်း ရှိလျှင် သူ၏စကားမ တည် ရ။ သက်သေခံ နှစ် ဦး၊ သုံး ဦးအားဖြင့် စကား ရှိသမျှ တို့သည် တည် ရလိမ့်မည်။ 16မမှန်သော သက်သေခံတယောက်သည်၊ သူတပါး တဘက် ၌ မ မှန်သောသက်သေ ကို ခံ လျှင်၊ 17တရား တွေ့သောသူနှစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်သို့၎င်း ၊ ထို ကာလ ၌ ရှိသောယဇ် ပုရောဟိတ်၊ တရားသူကြီး ရှေ့ သို့၎င်း လာ သဖြင့်၊ 18တရားသူကြီး တို့သည် စေ့စေ့ စစ်ကြော ၍ ထိုသက်သေ ခံသောသူသည် မိမိ အဘော် တဘက် ၌ မ မှန် သောသက်သေ ကို ခံ ပြီးလျှင်၊ 19မိမိ အဘော် ၌ ပြု မည်ဟု အကြံ ရှိသည်အတိုင်း သူ ၌ ပြု ရမည်။ ဒုစရိုက် အပြစ်ကို သင် တို့အထဲ က ထိုသို့ ပယ်ရှား ရမည်။ 20ကြွင်း သောသူတို့သည်လည်း ထိုသိတင်းကို ကြား ၍ ကြောက် သောကြောင့် ၊ နောက် တဖန် ထိုသို့ သော ဒုစရိုက် ကို မ ပြု ဘဲနေကြလိမ့်မည်။ 21သင် ၏မျက်စိ သည် မ သနား ရ။ အသက် အတွက် အသက် ကို၎င်း ၊ မျက်စိ အတွက် မျက်စိ ကို၎င်း၊ သွား အတွက် သွား ကို၎င်း၊ လက် အတွက် လက် ကို၎င်း၊ ခြေ အတွက် ခြေ ကို၎င်း ဒဏ်ပေးရမည်။

Did you know?
Cities of Refuge, Boundaries, and Fair Justice
- The law commanded Israel to set aside three cities of refuge and build clear roads to them across three regions of the land. These designated cities allowed someone who accidentally killed a neighbor, such as by an axe head slipping off its handle, to safely escape an avenger of blood before being overtaken.Sources: the Bible text itself
- Moving an ancestral boundary stone or marker was strictly forbidden. These markers defined land inheritances assigned to families, and shifting them was considered an unjust seizure of a neighbor's property.Sources: the Bible text itself
- To prevent false convictions, a single witness was never sufficient to convict someone of a crime; at least two or three witnesses were required. If an investigation by priests and judges proved a witness had lied maliciously, the false accuser received the exact penalty intended for the accused.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org