Daniel 12
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ထို ကာလ ၌ သင့် အမျိုးသား ချင်းတို့၏အမှုကို စောင့် သော အရှင် ကြီး မိက္ခေလ သည် ပေါ် လာလိမ့်မည်။ လူမျိုး တစုံတမျိုးမျှဖြစ် သည်ကာလမှစ၍ထို ကာလ တိုင်အောင် ၊ မ ဖြစ် စဖူးသော ဆင်းရဲ ဒုက္ခကပ်ကာလ သည် ရောက် လိမ့်မည်။ ထို ကာလ အခါ စာစောင် ၌ စာရင်း ဝင်သမျှ သောသင် ၏အမျိုးသား ချင်းတို့သည် ကယ်လွှတ် ခြင်းသို့ ရောက်ကြလိမ့်မည်။ 2ထိုကာလအခါ မြေ မှုန့် ၌ အိပ်ပျော် သော သူများ တို့သည် နိုး ကြလိမ့်မည်။ အချို့ တို့ကား၊ ထာဝရ အသက် ရှင်ခြင်းနှင့်၎င်း ၊ အချို့ တို့ကား၊ ရှက် ကြောက်ခြင်း၊ ထာဝရ အသရေ ပျက်ခြင်းနှင့်၎င်း နိုးကြလိမ့်မည်။ 3ပညာ ရှိသောသူတို့ သည်လည်း၊ ကောင်းကင် မျက်နှာကြက်၏ အရောင် အဝါကဲ့သို့ ၎င်း ၊ လူအများ တို့ကို ဖြောင့်မတ် ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့ သည်လည်း၊ ကြယ် များကဲ့သို့ ၎င်း အစဉ် အမြဲထွန်းလင်း ကြလိမ့်မည်။ 4သင် ဒံယေလ မူကား ၊ အမှုကုန် ရသည် ကာလ တိုင်အောင် ၊ ဤစကား တော်တို့ကို ပိတ် ၍ စာစောင် ကို တံဆိပ် ခတ်ထားလော့။ အများ သောသူတို့ သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာ တိုးပွား လိမ့်မည်ဟု ပြောဆို ၏။ 5ထိုအခါ ငါ ဒံယေလ သည် ကြည့်ရှု လျှင် ၊ အခြား သောသူနှစ် ပါးတို့သည် မြစ် ကမ်း တို့၌ တဘက် တပါး စီရပ် နေကြ၏။ 6တပါးကလည်း၊ အံ့ဘွယ် သော ဤအမှုအရာတို့သည် မ ကုန်စင် မှီ အဘယ် မျှလောက် ကြာလိမ့်မည်နည်းဟု ပိတ်ချော ကိုဝတ် လျက်၊ မြစ် ရေ ပေါ် မှာရှိသော လူ ကို မေးမြန်း ၏။ 7ပိတ်ချော ကိုဝတ် လျက် မြစ် ရေ ပေါ် မှာရှိသော လူ ကလည်း၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံးဖြစ်လိမ့်မည်။ သန့်ရှင်း သောသူ တို့ ၏ အစွမ်း သတ္တိကို အရပ်ရပ်သို့ ဖြန့် လွှင့်ခြင်းအမှုပြီး သောအခါ ၊ ထို အမှု အရာ အလုံးစုံ တို့သည် ကုန်စင် ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင် သို့ ချီ လျှက် ၊ ကမ္ဘာ အဆက်ဆက်အသက် ရှင်တော်မူသောဘုရားကို တိုင်တည် ၍ ကျိန်ဆိုသည် ကို ငါကြား ၏။ 8ထိုစကားကို ငါ ကြား ၍ နား မ လည်သောကြောင့် ၊ သခင် ဘုရား၊ ဤ အမှုအရာတို့သည် အဘယ် သို့ကုန်စင် ပါမည်နည်းဟု မေးလျှောက် လျှင် ၊ 9ထိုသူက ဒံယေလ ၊ သင်သွား လော့။ ထိုစကား သည် အမှုကုန် ရသည်ကာလ တိုင်အောင် ပိတ် ၍ တံဆိပ် ခတ်ထားလျက်ရှိ၏။ 10လူအများ တို့သည် သန့်ရှင်း ဖြူစင် ခြင်းသို့ ရောက်၍ စုံစမ်း ခြင်းကိုခံရကြလိမ့်မည်။ မ တရားသောသူတို့ သည် မ တရားသဖြင့် ပြု၍ တယောက် မျှ နား မ လည်ရ။ ပညာ ရှိသောသူတို့ မူကား ၊ နားလည် ကြ လိမ့်မည်။ 11နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း ၍၊ ဖျက်ဆီး တတ်သော ရွံ့ရှာ ဘွယ်အရာသည် ပေါ်လာပြီးမှ ၊ အရက် တထောင် နှစ် ရာကိုး ဆယ်ကြာလိမ့်မည်။ 12အရက် တ ထောင်သုံး ရာ သုံး ဆယ်ငါး ရက်တိုင်အောင် ငံ့လင့် ၍ မှီ သောသူသည် မင်္ဂလာ ရှိ၏။ 13သင် မူကား ၊ အဆုံး မဖြစ်မှီတိုင်အောင် သွား လော့။ ငြိမ်ဝပ် စွာ နေရလိမ့်မည်။ နေ့ရက် ကာလ ကုန်စင် ပြီးမှ၊ ကိုယ် အရိပ် အရာကိုခံ၍ ပေါ် ရလိမ့်မည်ဟုဆို၏။

Did you know?
The End Times and the Final Deliverance
- The biblical text identifies Michael as the great prince and chief angel who guards and watches over the people of Israel. In this closing vision, his rising coincides with an unprecedented period of distress, after which everyone found written in the book is delivered.Sources: the Bible text itself · Michael
- Daniel 12 presents a clear passage on individual resurrection, stating that many who sleep in the dust of the earth will awake, some to everlasting life and others to shame and everlasting contempt. Daniel is then instructed to seal the scroll until the time of the end.Sources: the Bible text itself
- The vision concludes along the banks of a river, where figures appear on opposite shores and a man clothed in linen hovers above the water. When asked about the timeline, the man raises both hands toward heaven and swears by the eternal God regarding the days of fulfillment.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org