2 Kings 16
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ရေမလိ သား ပေကာ နန်းစံ ဆယ် ခုနစ် နှစ် တွင် ယုဒ ရှင်ဘုရင် ယောသံ သား အာခတ် သည် အသက် နှစ်ဆယ် ရှိသော်နန်းထိုင် ၍၊ “ 2ယေရုရှလင် မြို့၌ ဆယ် ခြောက် နှစ် စိုးစံ လေ၏။ ထိုမင်း သည် အဘ ဒါဝိဒ် ကဲ့သို့ မ ကျင့် ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို မပြု၊” 3ဣသရေလ ရှင် ဘုရင်တို့ လိုက်သောလမ်း သို့ လိုက် ၍ ၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ရှေ့ မှ၊ နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့၏ ရွံရှာ ဘွယ် ထုံးစံအတိုင်း ၊ မိမိ သား ကို မီး ဖြင့် ပူဇော် ၏ 4မြင့် သောအရပ်၊ တောင် ပေါ် ၊ သစ်ပင် အောက် တို့၌ယဇ်ပူဇော် ၍ နံ့သာပေါင်း ကို မီးရှို့တတ်၏ 5ထိုအခါ ရှုရိ ရှင်ဘုရင် ရေဇိန် နှင့် ဣသရေလ ရှင်ဘုရင် ရေမလိ သား ပေကာ သည် ယေရုရှလင် မြို့သို့ စစ်ချီ ၍ အာခတ် မင်းကို ဝိုင်း ထားသော်လည်း မ နိုင် ရ 6သို့ရာတွင်၊ ရှုရိ ရှင်ဘုရင် ရေဇိန် သည် ဧလတ် မြို့ ကို ရှုရိ နိုင်ငံသို့သွင်းပြန် ၍ ၊ ယုဒ လူတို့ကို နှင်ထုတ် သဖြင့် ၊ ရှုရိလူတို့သည်လာ၍ ယနေ့ တိုင်အောင် ဧလတ် မြို့၌ နေ ကြ၏ 7ထိုကြောင့် အာခတ် သည် အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာထံသို့ သံတမန် ကို စေလွှတ် ၍၊ ကျွန်ုပ် သည် ကိုယ်တော် သား ၊ ကိုယ်တော် ကျွန် ဖြစ်ပါ၏။ လာ ပါ။ ကျွန်ုပ် ကို ရန်ဘက် ပြုသောရှုရိ ရှင်ဘုရင် နှင့် ဣသရေလ ရှင်ဘုရင် လက် မှ ကယ်ယူ ပါဟု တောင်းပန် ၏ 8တဖန်ဗိမာန် တော်၌၎င်း ၊ နန်းတော် ဘဏ္ဍာ တိုက် ၌ ၎င်း ရှိသောရွှေ ငွေ ကို ယူ ၍ အာရှုရိ ရှင်ဘုရင် ထံ သို့လက်ဆောင် ပေး လိုက်လေ၏ 9အာရှုရိ ရှင် ဘုရင်သည် နားထောင် ၍ ဒမာသက် မြို့သို့ စစ်ချီ ၍ တိုက်ယူ ပြီးလျှင် ၊ ပြည်သားတို့ကို ကိရ မြို့သို့ သိမ်းသွား ၏။ ရေဇိန် မင်းကိုလည်း သတ် ၏ 10အာခတ် မင်းကြီး သည် အာရှုရိ ရှင် ဘုရင်ကို ခရီးဦး ကြိုပြုခြင်းငှါ ဒမာသက် မြို့သို့သွား ၏။ ထိုမြို့မှာရှိသော ယဇ် ပလ္လင်ကိုမြင် လျှင် ၊ ပလ္လင် ပုံ ၊ အတိုင်းအရှည်၊ တန်ဆာ ရှိသမျှ ကိုရေး ၍ ယဇ်ပုရောဟိတ် ဥရိယ ထံသို့ ပေး လိုက်၏ 11ထိုသို့ ဒမာသက် မြို့မှ အာခတ် မင်း ပေး လိုက် သမျှ အတိုင်း ၊ ယဇ်ပုရောဟိတ် ဥရိယ သည် အာခတ် မင်း မ ရောက် မှီ လုပ် နှင့်ပြီ 12ရှင် ဘုရင်သည် ဒမာသက် မြို့မှ ရောက် လာသောအခါ ၊ ထိုယဇ်ပလ္လင် ကို မြင် ၍ ချဉ်းကပ် သဖြင့်၊ “ 13မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့ ၏။ သွန်းလောင်း ရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း ၏။ မိဿဟာယ ယဇ်အသွေး ကိုလည်း ယဇ် ပလ္လင် ပေါ် မှာဖြန်း လေ၏ 14ထာဝရဘုရား ရှေ့ တော်၌ရှိသော ကြေးဝါ ယဇ်ပလ္လင် ကို ဗိမာန် တော်ရှေ့ ၊ ယဇ်ပလ္လင် ကြီးနှင့် ဗိမာန် တော် စပ်ကြား အရပ်မှ ရွေ့၍ ယဇ်ပလ္လင် ကြီး မြောက် ဘက်၌ ထား ၏ 15တဖန် ယဇ်ပုရောဟိတ် ဥရိယ ကို မှာ ထားသည် ကား၊ နံနက် မီးရှို့ ရာယဇ်နှင့် ညဦးယံ ဘောဇဉ် ပူဇော်သက္ကာ၊ ရှင်ဘုရင် မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ ပြည်သူ ပြည်သားမီးရှို့ရာယဇ် နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင် ကြီး ပေါ် မှာ မီးရှို့ လော့။ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးအသွေး ကိုလည်း ထိုပလ္လင် ပေါ် မှာဖြန်း လော့။ ကြေးဝါ ယဇ်ပလ္လင် သည် ငါ မေးမြန်း စရာဘို့ ရှိ ရမည်ဟု၊” 16အာခတ် မင်းကြီး မှာ ထားသမျှ အတိုင်း ယဇ်ပုရောဟိတ် ဥရိယ ပြု ၏ 17အာခတ် မင်းကြီး သည် ကြေးဝါ ခုံတန်ဆာတို့ကို ပယ် ၍ အင်တုံ ကိုလည်း ရွေ့ ၏။ ကြေးဝါရေ ကန်ကိုလည်း ကြေးဝါ နွား တို့အပေါ် က ချ ၍ ကျောက် ခင်း ပေါ် မှာ တင် ထား၏ 18ဗိမာန် တော်၌ ဥပုသ် စောင့်စရာဘို့ ဆောက် သော မဏ္ဍပ် ကို၎င်း ၊ ရှင်ဘုရင် တက် ရာစောင်းတန်းကို၎င်း၊ အာရှုရိ ရှင်ဘုရင် ကြောင့် ပယ် ၏ 19အာခတ် ပြု မူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏ 20အာခတ် သည်ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူ တို့ နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ဟေဇကိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏

Did you know?
The Reign of Ahaz and the Assyrian Alliance
- Facing a military coalition led by King Rezin of Damascus and King Pekah of Israel, King Ahaz stripped silver and gold from the temple and palace treasuries to secure the intervention of Tiglath-pileser, king of Assyria. The Assyrians responded by capturing Damascus, executing Rezin, and deporting its population to Kir.Sources: the Bible text itself · Ahaz · Rezin · Kir
- While visiting Tiglath-pileser in Damascus, Ahaz was impressed by an altar there and sent detailed architectural plans to Uriah the priest in Jerusalem. Uriah constructed the replica in the temple courtyard before the king returned, where it took over the central sacrificial duties from the original bronze altar.Sources: the Bible text itself · Urijah · Damascus
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
- Jerusalem · 31.777, 35.234 · verses 2, 5
- Syria · Today: Aram · 33.511, 36.306 · verses 5, 6, 7
- Edom · 30.746, 35.604 · verse 6
- Assyria · 36.359, 43.153 · verses 7, 8, 9, 10, 18
- Damascus · 33.511, 36.306 · verses 9, 10, 11, 12
- City of David · 31.774, 35.236 · verse 20
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org