Nations Bible

2 Corinthians 13

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1ဤ တတိယ အကြိမ်တွင် သင် တို့ဆီသို့ ငါလာ မည်ဖြစ်၍၊ သက်သေခံ နှစ် ဦးသုံး ဦးအားဖြင့် စကား ရှိသမျှ တို့သည် တည် ရလိမ့်မည်။ 2တဖန် ငါရောက်လာ လျှင် သင်တို့ကိုမ သနား ရဟု ပြစ်မှားသော သူမှစ၍ ကြွင်း သောသူ အပေါင်း တို့အား အထက် က ငါပြောသည်သာမက၊ ယခုပင် သင်တို့နှင့်အတူမ ရှိသော်လည်း ၊ တဖန်ရှိ ဘိသကဲ့သို့ ငါပြော နှင့်၏။ 3သင် တို့တွင် အားနည်း တော်မ မူ၊ အားကြီး တော်မူသော ခရစ်တော် သည် ငါ ၌ ဗျာဒိတ် ပြတော်မူခြင်းသက်သေ ကို သင်တို့သည် ရှာ သောကြောင့်၊ ငါရောက်လာသောအခါ မသနားရ။ 4အကြောင်းမူကား ၊ ထိုခရစ်တော်သည် အားနည်း ခြင်းနှင့် လက်ဝါးကပ်တိုင် မှာ အသေခံသော်လည်း၊ ဘုရားသခင် ၏တန်ခိုး တော်နှင့် အသက် ရှင်တော်မူ၏။ ငါ တို့သည်လည်း ခရစ်တော် ၏နည်းတူ အားနည်း သော်လည်း၊ သင် တို့တွင် ပြသော ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် ခရစ်တော် နှင့်အတူ အသက် ရှင်ခြင်း ရှိကြလိမ့်မည်။ 5သင်တို့သည်ယုံကြည် ခြင်း၌ တည် သလော၊ မတည်လောဟု ကိုယ်ကိုကိုယ် စစ်ကြော ကြလော့။ ကိုယ်ကိုကိုယ် စုံစမ်း ကြလော့။ အစစ် မခံနိုင်သော သူမမှန် လျှင် ၊ ယေရှု ခရစ် သည် သင် တို့၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မ သိ ကြလော။ 6ငါ တို့သည် အစစ် ခံနိုင်သောသူဖြစ် သည်ကိုသင်တို့သိ ကြလိမ့်မည်ဟု ငါထင်မှတ် မြော်လင့်ခြင်းရှိ၏။ 7ငါ တို့သည် အစစ် ခံနိုင်ကြောင်း ကို ထင်ရှား စေခြင်းငှာငါအလိုရှိသည်မ ဟုတ်။ အစစ် မခံနိုင်သော သူကဲ့သို့ ထင် သော်လည်း၊ သင် တို့သည် ကောင်းမွန် စွာ ကျင့် စေခြင်းငှာ ၊ မကောင်း သောအကျင့်တစ်စုံတစ်ခု ကိုမျှ မ ကျင့် မည်အကြောင်း၊ ငါသည် ဘုရားသခင် ကို ဆုတောင်း ပဌနာပြု၏။ 8ငါတို့သည်သမ္မာတရား ကို ဆီးတား ခြင်းငှာ အလျှင်း မ တတ်နိုင် ကြ။ 9သမ္မာတရား ဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါ တို့သည်အားနည်း ၍ သင် တို့သည်အားကြီး သောအခါ ၊ ငါတို့သည် ဝမ်းမြောက် ခြင်းရှိ ကြ၏။ သင် တို့သည် စုံလင် မည်အကြောင်းကိုသာ အလိုရှိကြ၏။ 10ထိုကြောင့် ပယ်ရှင်း ဖျက်ဆီးခြင်းအလိုငှာ မ ဟုတ်၊ တည်ဆောက် ခြင်းအလိုငှာ သခင် ဘုရားသည် ငါ ၌ အပ်ပေး တော်မူသောတန်ခိုး ရှိသည်အတိုင်း ငါသည် ရောက်လာ သောအခါ ပြင်းစွာ သောဒဏ်ကို မ ပေး လို၍၊ ယခုသင်တို့နှင့် ကွာဝေး သေးသည်ကာလ ဤသို့ ငါရေး လိုက်၏။ 11ကြွင်း သေးသောစကားဟူမူကား၊ ညီအစ်ကို တို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင် ခြင်း၊ သက်သာ ဝမ်းမြောက် ခြင်းရှိကြလော့။ စိတ် တညီတညွတ် တည်းဖြစ်၍၊ အချင်းချင်းအသင့်အတင့် နေကြလော့။ သို့ဖြစ်၍ မေတ္တာ ကို၎င်း ၊ အသင့်အတင့် နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင် သည် သင် တို့နှင့်အတူ ရှိ တော်မူလတံ့။ 12အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်း သော နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။ 13သန့်ရှင်း သူအပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ 14သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်၎င်း ၊ ဘုရားသခင် ၏ မေတ္တာ တော်၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်၏ မိဿဟာယ တော်၎င်း၊ သင် တို့အပေါင်း ၌ ရှိစေသတည်း။ အာမင်။

Artistic illustration — an interpretation, not a historical record.

Did you know?

A Third Coming and a Final Appeal

  • The writer says this is the third time he is coming to the readers, and that he already warned them the second time he was with them. He quotes the saying that every matter must be established by the testimony of two or three witnesses, and he warns both those who sinned earlier and everyone else that, if he returns, he will not spare anyone.Sources: the Bible text itself
  • The readers are demanding proof that Christ is speaking through the writer. He contrasts weakness and power: Christ was crucified in weakness, yet lives by God’s power; though the writer and those with him are weak in Christ, he says that by God’s power they will live with him to serve the readers. He tells the readers to examine and test themselves to see whether they are in the faith, and he hopes they will realize that he and those with him have not failed the test.Sources: the Bible text itself
  • He writes these things while absent so that, when he is present, he will not need to be severe in using the authority the Lord gave him—authority for building the readers up, not for tearing them down. He closes by urging them to rejoice, aim for perfect harmony, encourage one another, be of one mind, and live in peace, and he adds that the God of love and peace will be with them. He also asks them to greet one another with a holy kiss, passes on greetings from all the saints, and ends with a blessing that names the grace of the Lord Jesus Christ, the love of God, and the fellowship of the Holy Spirit.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.