2 Chronicles 22
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1အာရပ် လူတို့နှင့် လိုက် လာသောတပ်သား တို့ သည် တပ် ထဲ သို့ဝင်၍၊ ယုဒ ရှင်ဘုရင် ယဟောရံ ၏ သား တော်အကြီး ရှိသမျှ တို့ကိုသတ် သောကြောင့်၊ ယေရုရှလင် မြို့သား တို့သည် သား ထွေး အာခဇိ ကို ခမည်းတော် အရာ ၌ချီးမြှောက် ၍၊ 2အာခဇိ သည် အသက် နှစ်ဆယ်နှစ် နှစ်ရှိသော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ တ နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ဩမရိ မြေး အာသလိ အမည် ရှိ၏။ 3မယ်တော် သည် မ ကောင်းသောအကြံ ကိုပေး သောကြောင့် ၊ ထို မင်းသည် အာဟပ် အမျိုး လိုက် ရာ လမ်း သို့ လိုက်၍၊ 4အာဟပ် အမျိုး ကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ ခမည်းတော် သေ သောနောက် ၊ အာဟပ် အမျိုးသားတို့သည် အာခဇိ ကို အကျိုးနည်း စေခြင်းငှါ မကောင်းသောအကြံကိုပေး ကြ၏။ 5အာခဇိသည် သူ တို့စကား ကိုနားထောင် သဖြင့် ၊ ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နှင့် ဝိုင်းလျက်၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက် ရာတွင် ၊ ရှုရိ လူတို့သည်ယောရံ ကို ထိခိုက် ကြ၏။ 6ထိုသို့ ရာမုတ် မြို့၌ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက် ၍ ၊ ရှုရိလူထိခိုက် သော အနာ ပျောက် စေခြင်းငှါ ၊ ယောရံသည် ယေဇရေလ မြို့သို့ ပြန်သွား ၍ နာ လျက် နေစဉ်တွင်၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည် လည်း ၊ အာဟပ် သား ယောရံ ကို ကြည့်ရှု ခြင်းငှါ ထိုမြို့သို့ ဆင်း သွားလေ၏။ 7ဘုရားသခင် စီရင် တော်မူသည်အတိုင်း ၊ အာခဇိ သည် ယောရံ ထံသို့ ရောက် သောအားဖြင့် ၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား၊ အာဟပ် အမျိုး ကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ ၊ ထာဝရဘုရား ဘိသိတ် ပေးတော်မူသော နိမ်ရှိ သား ယေဟု ကို ဆီးကြိုခြင်းငှါ၊ ယောရံ နှင့် အာခဇိတို့သည် ထွက်သွား ၏။ 8ယေဟု သည် အာဟပ် အမျိုး ကို တရား စီရင်သောအခါ ၊ ယုဒ မှူးမတ် တို့ကို၎င်း ၊ အာခဇိ မင်း၌ ခစား သော နောင် တော်၏သား တို့ကို၎င်း၊ တွေ့ ၍ သတ် လေ၏။ 9ရှမာရိ ပြည်၌ ပုန်း လျက်နေသော အာခဇိ ကို ရှာ ၍ ဘမ်းမိ သောအခါ ၊ ယေဟု ထံသို့ ဆောင် ခဲ့ပြီးမှ သတ် ၍ သင်္ဂြိုဟ် ကြ၏။ အကြောင်း မူကား၊ သူသည် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ရှာ သော ယောရှဖတ် ၏ အမျိုး ဖြစ်သည်ဟု ဆို ကြ၏။ ထိုသို့ အာခဇိ အမျိုး သည် နိုင်ငံ ကိုအုပ်စိုး ခြင်းငှါ မ တတ်နိုင်။ 10အာခဇိ ၏မယ်တော် အာသလိ သည် မိမိ သား သေ ကြောင်း ကို သိမြင် သော် ၊ ထ ၍ ယုဒ ပြည် ၏ ဆွေတော် မျိုးတော်အပေါင်း တို့ကို သုတ်သင် ပယ်ရှင်းလေ၏။ 11သို့ရာတွင် ၊ ရှင်ဘုရင် သမီး ယောရှေဘ သည်၊ အာခဇိ ၏သား ယောရှ ကို အသေခံရသောဆွေတော် မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နို့ထိန်းကို အိပ်ခန်းထဲ၌ဝှက်ထား၏။ ထိုသို့ယဟောရံမင်းကြီးသမီး၊ ယဇ်ပုရောဟိတ်ယောယဒ၏မယားဖြစ်သော အာခဇိ၏နှမ ယောရှေဘသည်၊ အာသလိလက်မှ ယောရှ၏အသက် လွတ်စေခြင်းငှါဝှက်ထားသဖြင့်၊ 12ခြောက် နှစ် ပတ်လုံးယောရှသည် သူ တို့နှင့်အတူ ၊ ဗိမာန် တော်၌ ပုန်းရှောင် လျက်နေ ၍ အာသလိ သည် စိုးစံ လေ၏။

Did you know?
The Fall of Ahaziah and Athaliah's Usurpation
- Ahaziah was the son of King Jehoram and Athaliah, a daughter of Ahab and granddaughter of Omri. Guided by his mother's family, Ahaziah adopted the religious practices of the northern kingdom of Israel and allied with King Joram against Aram at Ramoth-gilead.Sources: the Bible text itself · Ahaziah · Athaliah
- When Ahaziah visited the wounded Joram in Jezreel, he was caught in the purge led by Jehu, whom God had anointed against the house of Ahab. Jehu's men executed Ahaziah but granted him a burial out of respect for his grandfather Jehoshaphat, who had sought the Lord.Sources: the Bible text itself · Jehu · Jehoshaphat
- After Ahaziah was killed, Athaliah usurped the throne and attempted to slaughter all the royal heirs of Judah. Her plan was thwarted by Jehoshabeath, Ahaziah's sister and wife of the priest Jehoiada, who hid the infant Joash in the temple for six years.Sources: the Bible text itself · Athaliah · Jehoram
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
- Jerusalem · 31.777, 35.234 · verses 1, 2
- Syria · Today: Aram · 33.511, 36.306 · verses 5, 6
- Ramah · Today: Tall er Rumeith · 32.500, 36.015 · verse 6
- Samaria · 32.276, 35.195 · verse 9
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org