1 Kings 9
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ရှောလမုန် သည် ဗိမာန် တော်နှင့် နန်း တော်ကို လက်စသတ် ၍ ၊ မိမိအလို ဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊
2ထာဝရဘုရား သည် ဂိဗောင် မြို့၌ ထင်ရှား တော်မူသကဲ့သို့ ၊ ဒုတိယ အကြိမ်၌ ထင်ရှား တော်မူလျက်၊
3သင်သည် ငါ့ ရှေ့ မှာဆုတောင်း ပဌနာပြုသော စကားကို ငါကြား ပြီ။ သင်တည်ဆောက် သော ဤ အိမ် ကို သန့်ရှင်း စေ၍၊ ငါ့ နာမ ကို အစဉ် တည် စေမည်။ အစဉ် ငါ ကြည့်ရှု လျက် နှလုံး စွဲလမ်းလျက် နေ မည်။
4သင် သည် ငါမှာ ထားသမျှ ကိုပြု ၍၊ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ၊ သင့် အဘ ဒါဝိဒ် ကဲ့သို့ဖြောင့်မတ် စုံလင်သောစိတ် သဘောနှင့် ငါ့ ရှေ့ မှာ ကျင့် နေလျှင်၊
5ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင်ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု သင့် အဘ ဒါဝိဒ် အား ငါဂတိ ရှိသည်အတိုင်း ၊ သင် ထိုင်ရသောဣသရေလ နိုင်ငံ ၏ရာဇ ပလ္လင်ကို အစဉ် ငါတည် စေမည်။
6သို့မဟုတ် သင် နှင့် သင် ၏သား မြေးတို့သည် ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲလျက် ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့် ၊ အခြား တပါးသော ဘုရား ထံသို့သွား ၍ ဝတ်ပြု ကိုးကွယ် လျှင်၊
7ဣသရေလ အမျိုးကို ငါပေး သော ပြည် မှ ငါပယ်ဖြတ် မည်။ ငါ့ နာမ ဘို့ ငါသန့်ရှင်း စေသော ဤအိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ ဣသရေလ အမျိုးသည် လည်း တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာ ကဲ့ရဲ့ ရာဖြစ် ရ လိမ့်မည်။
8အရပ်မြင့် သော ဤ အိမ် တော်ကိုလည်း လမ်း၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၍ ၊ ထာဝရဘုရား သည် ဤ ပြည် နှင့် ဤ အိမ် ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု ကဲ့ရဲ့ သံကိုပြုလျက် တယောက်မေးမြန်း သော်၊
9တယောက်က၊ သူ တို့၏ ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော သူ တို့ ၏ ဘုရားသခင် ထာဝရဘုရား ကို သူတို့သည်စွန့် ၍ အခြား တပါးသောဘုရား ကို မှီဝဲ လျက် ဝတ်ပြု ကိုးကွယ် ကြသောကြောင့် ၊ ထာဝရဘုရား သည် ဤ အမှု အလုံးစုံ ကို ရောက် စေတော်မူကြောင်း ကို ပြန် ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
10ရှောလမုန် သည် ဗိမာန် တော်နှင့် နန်း တော်တည်းဟူသောအိမ် တော်နှစ် ဆောင်ကို တည်ဆောက် ၍ အနှစ် နှစ် ဆယ်စေ့သောအခါ၊
11တုရု မင်းကြီး ဟိရံ သည် ရှောလမုန် လိုချင် သမျှ အတိုင်း အာရဇ် သစ်သား ၊ ထင်းရူး သစ်သား နှင့် ရွှေ အခွက် တရာ နှစ် ဆယ်ကိုပေး နှင့်သည် ဖြစ်၍၊ ရှောလမုန် မင်းကြီး သည် ဂါလိလဲ ပြည် ၌ မြို့ နှစ် ဆယ်ကို ဟိရံ မင်းကြီးအား ပေး ၏။
12ရှောလမုန် ပေး သော မြို့ တို့ကို ဟိရံ သည် တုရု မြို့ မှ လာ ၍ ကြည့်ရှု သောအခါ အား မ ရ။
13ငါ့ ညီ ၊ ငါ့ အား ပေး သော မြို့ တို့သည် အဘယ်သို့ သောမြို့နည်းဟု ဆို လျက်၊
14ထိုအရပ်ကို ကာဗုလ ဟူ၍ယနေ့ တိုင်အောင် သမုတ် သတည်း။
15ရှောလမုန် မင်းကြီး သည် ငွေခွဲ ရသော အကြောင်း ဟူမူကား ၊ ဗိမာန် တော်၊ နန်း တော်၊ မိလ္လော မြို့၊ ယေရုရှလင် မြို့ရိုး ၊ ဟာဇော် မြို့၊ မေဂိဒ္ဒေါ မြို့ ဂေဇာ မြို့တို့ကို တည်ဆောက် ခြင်းငှါ ငွေခွဲရသတည်း။
16ဂေဇာ မြို့ကိုကား၊ အဲဂုတ္တု ဖာရော ဘုရင် သည် စစ်ချီ ၍ တိုက်ယူ မီး ရှို့ သဖြင့် ၊ မြို့ သားခါနာနိ လူတို့ကို လုပ်ကြံ ပြီးမှ ၊ မိမိ သမီး ၊ ရှောလမုန် ၏ ခင်ပွန်း အား လက်ဆောင် ပေး နှင့်လေပြီ။
17သို့ဖြစ်၍ ဂေဇာ မြို့ကို ရှောလမုန် တည် လေ၏။ ထိုမှတပါး ၊ အောက် ဗေသောရုန် မြို့၊
18ဗာလက် မြို့၊ တော အရပ်၊ ပြည် ထဲမှာ တာဒမော် မြို့တို့ကိုလည်း တည်လေ၏။
19ဘဏ္ဍာ တော် သိုထားသောမြို့ များ၊ ရထား တော်ထိန်းသောမြို့ များ၊ မြင်း တော်ကျွေးသောမြို့ များ၊ ယေရုရှလင် မြို့ပတ်လည်၊ လေဗနုန် တောင်ပေါ် ၊ နိုင်ငံ တော်အရပ်ရပ် ၌ တည်ချင် သော မြို့များတို့ကိုလည်း တည် လေ၏။
20ဣသရေလ အမျိုးသား အကုန်အစင်မ ဖျက်ဆီး နိုင် သောကြောင့်၊
21ပြည် တော်၌ ကျန်ကြွင်း သော တပါးအမျိုးသား ၊ အာမောရိ ၊ ဟိတ္တိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိ အမျိုးအနွယ်သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့ တိုင်အောင် လူခွဲ ၍ ကျွန် ခံစေ၏။
22ဣသရေလ အမျိုးသား တို့ကိုကား၊ ရှောလမုန် သည် ကျွန် မ ခံစေ။ စစ်သူရဲ ၊ အမှု တော်စောင့်၊ မှူးမတ် ၊ စစ်ကဲ ၊ ရထား တော်အုပ် ၊ မြင်း တော်အုပ်အရာ၌ ခန့်ထားတော်မူ၏။
23တည်ဆောက်ခြင်းအမှု တော်ကို စီရင်သောသူ အမှုတော်အုပ် ငါး ရာ ငါး ဆယ်ရှိ၏။
24ဖာရော ရှင်ဘုရင်၏ သမီး တော်သည် ဒါဝိဒ် မြို့ မှ ထွက် ၍၊ သူ့ အဘို့ ရှောလမုန်တည်ဆောက် သော နန်း တော် သို့ ပြောင်းပြီးမှ ၊ ရှောလမုန်သည် မိလ္လော မြို့ကို ပြုပြင် လေ၏။
25ထာဝရဘုရား အဘို့ တည် သော ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် တို့ကို တနှစ်တနှစ် လျှင် သုံး ကြိမ် ပူဇော် ၍၊ ထာဝရဘုရား ရှေ့ တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာနံ့သာပေါင်းကို မီးရှို့ သဖြင့် အိမ် တော်ကို လက်စသတ် လေ၏။
26တဖန် ရှောလမုန် မင်းကြီး သည် ဧဒုံ ပြည် တွင် ၊ ဧဒုံ ပင်လယ် ကမ်းနား ၌ ၊ ဧလုတ် မြို့နှင့် နီးစပ် သော ဧဇယုန်ဂါဗာ မြို့မှာ သင်္ဘော တို့ကို တည်လုပ် ၏။
27ပင်လယ် ကူးသော အမှုကိုနားလည် သော မိမိ ကျွန် ၊ သင်္ဘော သားတို့ကို ဟိရံ မင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန် ၏ လူ တို့နှင့်အတူ စီးစေ၏။
28သူတို့သည် ဩဖိရ မြို့သို့ သွား ၍ ရွှေ အခွက် လေး ရာ နှစ် ဆယ်ကို ရှောလမုန် မင်းကြီး ထံသို့ ဆောင် ခဲ့ ကြ၏။

Did you know?
Solomon's Covenant, Projects, and Alliances
- After twenty years of construction on the temple and the royal palace, Solomon gave King Hiram of Tyre twenty cities in Galilee in exchange for cedar, cypress logs, and gold. When Hiram traveled to inspect the towns, he was displeased with them and called the region the "Land of Cabul."Sources: the Bible text itself · Hiram · Tyre
- The strategic city of Gezer remained under Canaanite control until an Egyptian pharaoh conquered and burned it, giving the site as a wedding dowry to his daughter when she married Solomon. Solomon subsequently rebuilt and fortified Gezer along with Jerusalem's defenses and several store cities.Sources: the Bible text itself · Gezer · Daughter of Pharaoh
- Solomon established a maritime fleet at Ezion-geber on the coast of the Red Sea in Edom. Partnering with seasoned Phoenician sailors sent by Hiram of Tyre, the expedition sailed to Ophir and brought back 420 talents of gold.Sources: the Bible text itself · Hiram
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
- Gibeon · Today: El Jib · 31.847, 35.183 · verse 2
- Egypt · 30.129, 31.308 · verses 9, 16
- Galilee · 32.760, 35.527 · verse 11
- Tyre · 33.271, 35.196 · verses 11, 12
- Cabul · Today: Cabul 2 · 32.868, 35.211 · verse 13
- Gezer · Today: Tel Gezer · 31.859, 34.919 · verses 15, 16, 17
- Hazor · Today: Tel Hazor · 33.018, 35.569 · verse 15
- Jerusalem · 31.777, 35.234 · verses 15, 19
- Megiddo · Today: Tel Megiddo · 32.585, 35.184 · verse 15
- Lower Beth-horon · Today: Beit Ur al Tahta · 31.895, 35.084 · verse 17
- Lebanon · 33.540, 35.584 · verse 19
- City of David · 31.774, 35.236 · verse 24
- Edom · 30.746, 35.604 · verse 26
- Red Sea · Today: Gulf of Aqaba · 28.750, 34.750 · verse 26
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org