1 Corinthians 8
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ရုပ်တု ရှေ့၌ပူဇော်သော ယဇ်ကောင်အရာ မှာ၊ ငါတို့ရှိသမျှ သည် ပိုင်းခြားတတ်သော ဉာဏ် ရှိသည် ကို ငါတို့သိ ကြ၏။ ဉာဏ် သည် ထောင်လွှား စေတတ်၏။ မေတ္တာ မူကား တည်ဆောက် တတ်၏။ 2အကြင်သူ သည်၊ ငါကားပညာရှိ ဖြစ်သည်ဟူ၍စိတ်ထင် ၏။ ထို သူသည် သိ အပ် သည်အတိုင်း အလျှင်း မ သိသေး။ 3ဘုရားသခင် ကိုချစ် သော သူ မည်သည်ကား ၊ ဘုရားသခင် သိ စေတော်မူသောသူ ဖြစ်၏။ 4ရုပ်တု ရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စား ခြင်းအရာ မှာ၊ ရုပ်တု သည် ဤလောက ၌ အချည်းနှီး သက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်း သော ဘုရားသခင် မှတစ်ပါး အဘယ် ဘုရားသခင်မျှမ ရှိသည်ကို၎င်း၊ ငါတို့သိ ကြ၏။ 5ဘုရား များ ၊ အရှင် များ ဟုဆိုသည်အတိုင်း ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ဘုရား ဟူ၍ခေါ်ဝေါ် သမုတ်သော သူအများရှိ သော်လည်း ၊ 6အကြင်ဘုရားသခင်အထဲ က ခပ်သိမ်း သော အရာဖြစ်၍၊ အကြင်ဘုရားသခင် အဘို့ အလိုငှာငါ တို့သည် ဖြစ်ကြ၏။ ထိုခမည်းတော် ဘုရားသခင် တစ်ပါးတည်း သာ ငါ တို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါ တို့မှစ၍ ခပ်သိမ်း သောအရာဖြစ်ကြ၏။ ထိုသခင် ယေရှု ခရစ် တစ်ပါးတည်း သာငါတို့၌ရှိတော်မူ၏။ 7သို့သော်လည်း ထို ဉာဏ် ကို လူ တိုင်းမ ရ။ အချို့ သော သူတို့သည် ယခု တိုင်အောင် ရုပ်တု ရှေ့၌ ပူဇော် သော ယဇ်ကောင်ကိုစား သော်၊ ရုပ်တု ကို ထောက်သော စိတ်နှင့်စားကြသည်ဖြစ်၍၊ သူ တို့၌ကိုယ်ကိုကိုယ် သိသော စိတ်သည်အားနည်း သောကြောင့် ညစ်ညူး ခြင်းသို့ ရောက်တတ်၏။ 8အစား အသောက်အားဖြင့်ဘုရားသခင် ရှေ့ မှာ မျက်နှာရသည်မ ဟုတ်။ အစာကိုသုံး ကာ မျှဖြင့်မြတ် သည် မဟုတ်။ ရှောင် ကာ မျှဖြင့် ယုတ် သည်မ ဟုတ်။ 9သို့သော်လည်း ၊ သင် တို့အခွင့် ကိုအားနည်း သော သူ တို့၌ ထိမိ ၍ လဲစရာအကြောင်း မ ဖြစ် စေခြင်းငှာသတိပြု ကြလော့။ 10အကြောင်းမူကား ၊ သင် သည် ပိုင်းခြားတတ်သော ဉာဏ် ရှိ လျက်ပင်၊ ရုပ်တု စင်ထဲ၌ စားပွဲနားမှာ လျောင်း သည်ကို သူတစ်ပါး မြင် လျှင် ၊ ကိုယ်ကိုကိုယ် သိသော စိတ်အားနည်း သောသူ သည်၊ ရုပ်တု ရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စား ခြင်းငှာရဲမည်မဟုတ်လော။ 11ထိုသို့ဖြစ်လျှင်၊ အကြင်ညီအစ်ကို အဘို့ အလို့ငှာခရစ်တော် သည် အသေခံ တော်မူ၏။ အားနည်း သော ထို ညီအစ်ကိုသည် သင် ၏ဉာဏ် ကြောင့် ပျက်စီး ခြင်းသို့ ရောက်ရပါသည်တကား ၊ 12သင်တို့သည်၊ ညီအစ်ကို တို့ကို ထိုသို့ ပြစ်မှား ၍ သူ တို့၌ ကိုယ်ကိုကိုယ် သိသော အားနည်း သောစိတ်ကို ထိခိုက် သောအခါ၊ ခရစ်တော် ကိုလည်း ပြစ်မှား ရာသို့ ရောက်၏။ 13သို့ဖြစ်၍ ၊ ငါ၏အစား အသောက်သည် ငါ့ ညီအစ်ကို ကို မှားယွင်း စေလျှင် ၊ ငါ့ ညီအစ်ကို ၌ မှားယွင်း စရာအကြောင်းမ ရှိစေခြင်းငှာ ၊ အမဲသား ကို အစဉ်မပြတ် ရှောင် မည်။
Did you know?
Food Sacrificed to Idols
- The chapter opens by setting knowledge beside love: knowledge puffs up, but love builds up. It says that the one who thinks he knows something does not yet know as he ought to know, while the one who loves God is known by God.Sources: the Bible text itself
- About eating food sacrificed to idols, the chapter says that an idol is nothing at all in the world and that there is no God but one, though many so-called gods and lords are spoken of. Not everyone has this knowledge: some are still so accustomed to idols that they eat such food as if it were sacrificed to an idol, and their weak conscience is defiled.Sources: the Bible text itself
- The chapter warns that freedom can become a stumbling block to the weak. If someone with a weak conscience sees a well-informed person eating in an idol’s temple, that person may be encouraged to eat food sacrificed to idols. The writer says that if what he eats causes his brother to stumble, he will never eat meat again.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org