1 Corinthians 2
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ညီအစ်ကို တို့၊ ငါ သည်သင် တို့ရှိရာ သို့ ရောက်လာ သောအခါ၊ ဘုရားသခင် ၏ သက်သေ ချက်ကို ထူးမြတ်သောစကား နှင့် ထူးမြတ် သော ပညာ အားဖြင့် သင် တို့အား ပြသ ၍ ရောက်လာ သည်မ ဟုတ်။ 2အကြောင်းမူကား ၊ ယေရှု ခရစ် တည်းဟူသောလက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော သခင် မှတစ်ပါး ၊ အဘယ် အရာကိုမျှ သင် တို့တွင် ငါမ သိ မ မှတ်ဟု ငါစိတ် ပြဋ္ဌာန်း ခြင်းရှိ၏။ 3သင် တို့နှင့်အတူ ငါရှိနေသောအခါ၊ အားနည်း ခြင်း၊ အလွန် ကြောက်ရွံ့ တုန်လှုပ် ခြင်းနှင့်တကွ ငါ ရှိ နေ၏။ 4သင် တို့၏ယုံကြည် ခြင်းသည် လူ ပညာ အားဖြင့် မ တည် ၊ 5ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် တည်စေခြင်းငှာ ၊ ငါ့ စကား ၊ ငါ့ ဒေသနာ သည် လူပညာ နှင့် ယှဉ်သောဖြားယောင်း သောစကား နှင့်တကွ ရှိသည် မ ဟုတ်။ ဝိညာဉ် တော်၏နိမိတ် လက္ခဏာ တန်ခိုး တော်နှင့်တကွ ရှိ၏။ 6သို့သော်လည်း ၊ စုံလင် သော သူတို့အား ငါတို့သည် ပညာ စကားကို ဟောပြော ၏။ ထိုသို့ဆိုသော်၊ လောကီ ပညာကို မ ဆိုလို။ ပြယ်ပျောက် တတ်သော လောကီ မင်း တို့၏ ပညာ ကိုမ ဆိုလို။ 7ဤ ကမ္ဘာ မ တည်မရှိမှီ၊ ငါ တို့၏ ဘုန်း အသရေ ဖြစ်စေခြင်းငှာ ၊ ဘုရားသခင် စီရင် တော်မူသော ပညာ၊ နက်နဲ သောအရာ၌ ဝှက်ထား သော ဘုရားသခင် ၏ ပညာ ကို ငါတို့သည်ပြသ ကြ၏။ 8ထို ပညာကို လောကီ မင်း တစ်စုံတစ်ယောက် မျှမသိ ။ သိ လျှင် ၊ ဘုန်းကြီး တော်မူသောသခင် ကို လက်ဝါးကပ်တိုင် မှာကွပ်မျက်ကြပြီ။ 9ကျမ်းစာ လာသည်နှင့်အညီ ၊ ဘုရားသခင် ကို ချစ် သော သူ တို့အဘို့အလိုငှာ၊ ဘုရားသခင်ပြင်ဆင် တော်မူသော အရာ တို့ကို လူ မျက်စိ ဖြင့်မ မြင် ၊ နား ဖြင့်မ ကြား ၊ စိတ် နှလုံးဖြင့် မ ကြံစည် သေး။ 10ထိုအရာတို့ကို ဘုရားသခင် သည် မိမိ ဝိညာဉ် တော်အားဖြင့် ငါ တို့အားဖော်ပြ တော်မူ၏။ ဝိညာဉ် တော် သည် ဘုရားသခင် ၏ နက်နဲ သော အရာတိုင်အောင်ခပ်သိမ်း သောအရာတို့ကိုစစ် တော်မူ၏။ 11လူ ၏နက်နဲသော အရာကို လူ ၌ ရှိသောမိမိ စိတ် ဝိညာဉ်မှတစ်ပါး အဘယ်သူ သိ သနည်း။ ထိုနည်းတူ ဘုရားသခင် ၏ နက်နဲသောအရာကို ဘုရားသခင် ၏ ဝိညာဉ် တော်မှတစ်ပါး အဘယ်သူ မျှမ သိ ။ 12ငါ တို့သည် လောကီ ဝိညာဉ် ကို မ ခံရ ကြ။ ဘုရားသခင် ပေး တော်မူသောအရာ တို့ကို သိ ခြင်းအလိုငှာ ဘုရားသခင် ထံမှ ကြွလာသော ဝိညာဉ် ကိုခံရကြပြီ။ 13ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါ တို့သည် လူ ပညာ ကိုအမှီပြု ၍ နားလည်သောစကား နှင့် မ ဟော ။ သန့်ရှင်းသော ဝိညာဉ် တော်သည် ဝိညာဉ် နှင့် စပ်ဆိုင်သော အရာကို ဝိညာဉ် စကားအားဖြင့်ဖွင့်ပြ ၍ ပဲ့ပြင် တော်မူသော စကားနှင့် ငါတို့သည် ဟော ကြ၏။ 14ဇာတိ ပကတိလူ သည် ဘုရားသခင် ၏ ဝိညာဉ် တော်အရာ တို့ကို မ ခံ မယူ။ ထိုအရာတို့သည် မိုက်မဲ သော အရာဖြစ် သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့်သာ ပိုင်းခြား ၍နားလည်နိုင်သောကြောင့် ၊ ဇာတိပကတိလူသည် နား မ လည်နိုင် ။ 15ဝိညာဉ် လူမူကား ၊ ထိုအရာအလုံးစုံ တို့ကို ပိုင်းခြား ၍ နားလည်တတ်၏။ သို့သော်လည်း ထိုလူ ကို အဘယ်သူ မျှပိုင်းခြား ၍ မသိနိုင်။ 16ထိုလူ ကို သွန်သင် နိုင်မည်အကြောင်း အဘယ်သူ သည် ထာဝရ ဘုရား၏ စိတ် တော်ကို သိ သနည်း။ ငါ တို့မူကား ခရစ်တော် ၏စိတ် ကို ခံရ ကြ၏။

Did you know?
Christ crucified and the Spirit's wisdom
- The writer says he did not come with eloquence or wisdom when he proclaimed the testimony about God. He had resolved to know nothing while he was with them except Jesus Christ and him crucified, and he came in weakness, fear, and much trembling, so their faith would rest on God's power rather than on human wisdom.Sources: the Bible text itself
- The wisdom spoken among the mature is not the wisdom of this age or of its rulers, who are coming to nothing. It is called God's mysterious, hidden wisdom, destined for glory before time began; those rulers did not understand it, or they would not have crucified the Lord of glory.Sources: the Bible text itself
- The chapter says God has revealed by the Spirit what lies beyond human sight, hearing, and imagination. Only a person's own spirit knows that person's thoughts, and only the Spirit of God knows God's thoughts. The natural person does not accept what comes from the Spirit, treats it as foolishness, and cannot understand it, because it is spiritually discerned.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org