Nations Bible

1 Corinthians 16

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1သန့်ရှင်း သူတို့အဘို့ လှူဒါန်း၍ စုထား ခြင်းအမှု မှာ ဂလာတိ ပြည်၌ အသင်းတော် များကို ငါမှာထား သည်အတိုင်း သင် တို့ပြု ကြလော့။ 2ငါရောက်လာ သောအခါ လှူဒါန်း၍ စုထား စရာ မ ရှိ စေခြင်းငှာ၊ ခုနစ် ရက်တွင် ပဌမ နေ့ရက်၌ အသီးအသီး ကောင်းစား သည်အတိုင်း၊ မိမိ တို့ဥစ္စာ တ ဘို့ကို ထုတ် ၍ စုထား ကြလော့။ 3ငါရောက်လာ သောအခါ ၊ သင်တို့အလိုရှိ သော သူ တို့ကို ငါသည် လက်မှတ် စာပေး၍၊ သင် တို့လှူသော အလှူ ကို ယေရုရှလင် မြို့သို့ ပို့ စိမ့်သောငှာစေလွှတ် မည်။ 4သို့မဟုတ်ငါ့ ကိုယ်တိုင်သွား သင့် လျှင် ၊ သူတို့သည် ငါ နှင့်အတူ လိုက် ရကြမည်။ 5မာကေဒေါနိ ပြည်လမ်းကိုငါသွား မည်ဖြစ်၍ ၊ ထိုပြည် မှ ထွက် ပြီးလျှင် သင် တို့ရှိရာ သို့လာ မည်။ 6နောက်မှအခြားသို့ ငါသွား သောအခါ ၊ သင် တို့ ပို့ သောကျေးဇူးကို ခံခြင်းငှာ၊ သင် တို့ဆီမှာ ငါတည်းခို ၍ ဆောင်း ကာလပတ်လုံးနေကောင်း နေလိမ့်မည်။ 7ယခု သွား စဉ်တွင်သင် တို့ကို တွေ့မြင် ခြင်းငှာသာ အလို မ ရှိ၊ နောက်မှသခင် ဘုရားသည် အခွင့် ပေးတော်မူလျှင် ၊ သင် တို့နှင့်အတူကြာမြင့် စွာနေ မည်ဟု မြော်လင့် ခြင်း ရှိ၏။ 8ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက် မြို့၌ ငါနေ ရမည်။ 9အကြောင်းမူကား ၊ အလွန်ကြီးစွာ သော တံခါး သည် အဆင်သင့် ၍ ငါ့ အားဖွင့် လျက်ရှိ၏။ တားဆီး သော သူအများ လည်း ရှိကြ၏။ 10တိမောသေ သည် သင်တို့ဆီသို့ ရောက် လျှင် ၊ သူ သည်စိုးရိမ် ခြင်း အကြောင်း မရှိဘဲ၊ သင် တို့နှင့်အတူ နေစေခြင်းငှာသတိပြု ကြလော့။ သူသည်ငါ ကဲ့သို့ ပင် သခင် ဘုရား၏အမှု တော်ကိုဆောင်ရွက်သော သူ ဖြစ်၏။ 11ထိုကြောင့် အဘယ်သူ မျှသူ့ ကို မထီမဲ့မြင် မ ပြုစေနှင့်။ သူသည် ငါ့ ထံသို့ ငြိမ်ဝပ် စွာ ပြန်ရ မည် အကြောင်း ပို့ဆောင် ခြင်း ကျေးဇူးကို ပြုကြလော့။ သူ သည် အခြားသော ညီအစ်ကို တို့နှင့်အတူ လာလိမ့်မည်ဟု ငါမြော်လင့် လျက်နေ၏။ 12ငါ့ညီ အာပေါလု ၏ အကြောင်း မှာ၊ ညီအစ်ကို တို့ နှင့်အတူ သင် တို့ ဆီသို့ သွား မည်အကြောင်း ငါ သည် များစွာ ချော့မော့၍ တောင်းပန်သော်လည်း၊ သူသည် ယခု တွင်သွားခြင်းငှာ အလျှင်း အလို မ ရှိ ၊ နောက်မှ အဆင်သင့် လျှင် သွား လိမ့်မည်။ 13သင်တို့သည် သတိနှင့်စောင့် နေကြလော့။ ယုံကြည် ခြင်း၌ တည် ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွခွန်အား စုံလင်လျက်နေကြလော့။ 14သင် တို့သည် ခပ်သိမ်း သော အမှုတို့ကို ချစ် ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက် ကြလော့။ 15ညီအစ်ကို တို့၊ သတေဖန် ၏အိမ်သူ အိမ်သားတို့သည် အခါယ ပြည်တွင်အဦး သီးသော အသီးဖြစ် ၍၊ သန့်ရှင်း သူတို့၏ အမှု ကို ဆောင်ရွက်ခြင်းငှာ ကိုယ်ကိုကိုယ် အပ် ကြောင်း ကို သင်တို့ သိ ကြသည်နှင့်အညီ၊ 16ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကို၎င်း ၊ ငါတို့နှင့်အတူလုပ်ကိုင် ၍ အမှုဆောင် သောသူ ရှိသမျှ တို့၏ အုပ်စိုးခြင်းကို၎င်း၊ သင် တို့ဝန်ခံ ကြမည်အကြောင်း ငါ တောင်းပန် ၏။ 17သတေဖန် ၊ ဖော်တုနတ် ၊ အခါယကု တို့သည် ရောက်လာ သောကြောင့် ငါဝမ်းမြောက် ခြင်းရှိ၏။ 18အကြောင်းမူကား ၊ သင် တို့သည် ပြုစု၍မ ပြည့်စုံသမျှကို သူ တို့သည် ထပ်၍ပြည့်စုံ သဖြင့်၊ ငါ့ စိတ် နှင့် သင် တို့စိတ်ကို သက်သာ စေကြပြီ။ ထိုသို့သော သူတို့ကို လက်ခံ ကြလော့။ 19အာရှ ပြည်၌ အသင်းတော် များတို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ အာကုလ နှင့် ပြစ်ကိလ တို့သည် သူ တို့ အိမ် ၌ ရှိသော အသင်းတော် နှင့်တကွ ၊ သခင် ဘုရားကို ထောက်၍ သင် တို့ကို များစွာ နှုတ်ဆက် ကြ၏။ 20ညီအစ်ကို အပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်း သော နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။ 21ငါပေါလု သည်နှုတ်ဆက် ခြင်းအချက်ကို ကိုယ် လက် နှင့် ရေးထား၏။ 22အကြင်သူ သည် သခင် ယေရှုခရစ်ကို မ ချစ် ၊ ထိုသူသည် အနသေမာ ဖြစ်စေ သတည်း။ သခင် ဘုရား သည် ကြွလာတော်မူ၏။ 23ငါတို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည် သင် တို့၌ ရှိစေသတည်း။ 24ယေရှု ခရစ် ၏ တပည့်တော်ဖြစ် သမျှ သော သင် တို့၌ ငါ ၏ချစ် ခြင်းမေတ္တာရှိ၏။ အာမင်။

Artistic illustration — an interpretation, not a historical record.

Did you know?

The collection, the journey, and closing greetings

  • Paul tells the Corinthians to lay aside a portion of their income on the first day of every week for the saints, as he had directed the churches of Galatia, so that no collection would be needed when he came. Galatia, in Asia Minor, was home to people of Celtic origin whom Roman writers called Gauls. The gift was to go to Jerusalem with messengers the church recommended, while Paul would arrive only after passing through Macedonia, a Roman province north of Greece, and might spend the winter with them.Sources: the Bible text itself
  • Paul says he will remain in Ephesus until Pentecost, because a great door for effective work has opened to him even though many oppose him. The churches of the province of Asia send greetings; that Asia was proconsular Asia, a Roman province in western Asia Minor, and Ephesus was its capital. Aquila, a tent-maker from Pontus, and his wife Priscilla—called Prisca in this greeting—had accompanied Paul from Corinth to Ephesus and remained there, and the church that meets in their house greets the Corinthians as well.Sources: the Bible text itself
  • Stephanas and his household were the first converts in Achaia—the Roman province covering the Peloponnesus and southern Greece—and had devoted themselves to the service of the saints. Easton's Bible Dictionary (1897) says that Achaicus, together with Fortunatus and Stephanas, visited Paul at Ephesus to consult him about the church's affairs, and that the three probably brought the Corinthians' letter to the apostle. The same dictionary places Apollos with Paul at Ephesus when this letter was written; Paul strongly urged him to go to Corinth with the brothers, but he was unwilling to go then and would come when he had an opportunity.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Galatia · 39.267, 32.983 · verse 1
  • Jerusalem · 31.777, 35.234 · verses 1, 3
  • Macedonia · 41.600, 22.540 · verse 5
  • Ephesus · 37.939, 27.341 · verse 8
  • Achaia · 38.720, 22.540 · verse 15
  • Asia · 38.400, 28.300 · verse 19

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.