1 Chronicles 25
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1ထိုမှတပါး အာသပ် ၊ ဟေမန် ၊ ယေဒုသုန် သား တို့နှင့်အတူဝိုင်း၍ စောင်း ၊ တယော ၊ ခွက်ကွင်း ကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှု ကို ဆောင်ရွက် စရာဘို့၊ ဒါဝိဒ် နှင့် ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သောသူတို့ စာရင်း ဟူမူကား၊ 2အာသပ် သား ဇက္ကုရ ၊ ယောသပ် ၊ နေသနိ ၊ အာရှရေလ တစု၊ သူတို့သည်ရှင်ဘုရင် စီရင်သည်အတိုင်း၊ အဘအာသပ် ၌ တပည့်ဖြစ်၍ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။ 3ယေဒုသုန် သား ဂေဒလိ ၊ ဇေရိ ၊ ရှိမိ၊ ယေရှာယ ၊ ဟာရှဘိ ၊ မတ္တိသိ ပေါင်းခြောက် ယောက်၊ သူတို့သည် အဘ ယေဒုသုန် ၌ တပည့်ဖြစ်၍ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြချီးမွမ်း ခြင်းငှါစောင်း တီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။ 4ဟေမန် သား ဗုက္ကိ ၊ မတ္တနိ ၊ ဩဇေလ ၊ ရှေဗွေလ ၊ ယေရိမုတ် ၊ ဟာနနိ ၊ ဟာနန် ၊ ဧလျာသ ၊ ဂိဒ္ဒါလတိ ၊ ရောမန္တေဇာ ၊ ယောရှဗေကရှ ၊ မလ္လောသိ ၊ ဟောသိရ ၊ မဟာဇုတ် တည်းဟူသော၊ 5ထို သူအပေါင်း တို့သည် တံပိုး မှုတ်လျက် ဘုရားသခင် ၏ တရား တော်ကို ဟောပြောသောရှင်ဘုရင် ၏ ဆရာ တော်ဟေမန် သား ဖြစ်ကြ၏။ ဘုရားသခင် သည် ဟေမန် အား သား တကျိပ် လေး ယောက်နှင့် သမီး သုံး ယောက်တို့ကိုပေး တော်မူ၏။ 6ထို သားအပေါင်း တို့သည် အာသပ် ၊ ယေဒုသုန် ၊ ဟေမန် တို့ကို ရှင်ဘုရင် စီရင်သည်အတိုင်း အဘ ဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရ အရှင် ဘုရားသခင် ၏အိမ် တော်၌ ခွက်ကွင်း ၊ စောင်း ၊ တယော ကိုတီးလျက်၊ သီချင်း ဆို၍ အမှု တော်ကို ဆောင်ရွက်ရကြ၏။ 7ထိုသူတို့နှင့်တကွ ထာဝရဘုရား ၏သီချင်း ကို သင် ၍ လေ့ကျက် သော ညီအစ်ကို ပေါင်း ကားနှစ် ရာရှစ်ကျိပ် ရှစ် ယောက်တည်း။ 8ထိုသူတို့သည်အကြီး အငယ် ဆရာ တပည့် ရောနှောလျက် စာရေးတံ ပြု၍ သင်းဖွဲ့ရာမှာ၊ 9ပဌမ သူကား၊ အာသပ် အပေါင်းအသင်းဝင်သူ ယောသပ် တည်း။ ဒုတိယ သူဂေဒလိ ၊ သူ နှင့် သူ ၏သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။
10တတိယ သူဇက္ကုရ ၊ သူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။
11စတုတ္ထ သူဣဇရိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
12ပဉ္စမ သူနေသနိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
13ဆဌမ သူဗုက္ကိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
14သတ္တမ သူယေရှရေလ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
15အဋ္ဌမ သူယေရှာယ ၊ သူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။
16နဝမ သူမတ္တနိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
17ဒသမ သူရှိမိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။ 18ဧကဒသမ သူအာရေလ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
19ဒွါဒသမ သူ ဟာရှဘိ ၊ သူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။
20တကျိပ် သုံး ယောက်မြောက်သောသူ ရှေဗွေလ ၊ သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
21တကျိပ် လေး ယောက်မြောက်သော သူမတ္တိသိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
22တကျိပ် ငါး ယောက်မြောက်သောသူ ယေရမုတ် ၊ သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
23တကျိပ် ခြောက် ယောက်မြောက်သောသူဟာနနိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
24တကျိပ် ခုနစ် ယောက်မြောက်သောသူ ယောရှဗေကရှ ၊ သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။ 25တကျိပ် ရှစ် ယောက်မြောက်သောသူ ဟာနန် ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
26တကျိပ် ကိုး ယောက်မြောက်သောသူမလ္လောသိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
27နှစ်ကျိပ် မြောက်သောသူဧလျာသာ ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
28နှစ်ကျိပ် တယောက် မြောက်သောသူ ဟောသိရ ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။
29နှစ်ကျိပ် နှစ် ယောက်မြောက်သော သူဂိဒ္ဒါလတိ ၊ သူနှင့်သူ ၏သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။
30နှစ်ကျိပ် သုံး ယောက်မြောက်သောသူ မဟာဇယုတ် ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
31နှစ်ကျိပ် လေး ယောက်မြောက်သောသူ ရောမန္တေဇာ ၊ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။

Did you know?
Organization of the Temple Musicians
- The ministry of the Levitical musicians under Asaph, Heman, and Jeduthun is described as prophesying with harps, lyres, and cymbals. This reflects a close biblical association between musical performance, thanksgiving, and prophetic inspiration in Israelite worship.Sources: the Bible text itself · Asaph (Levite) · Heman
- The musicians were organized into 24 divisions of 12 skilled members each, totaling 288 trained singers and instrumentalists. Their specific duties and order of service were determined by casting lots, treating young and old, teacher and pupil, on equal terms.Sources: the Bible text itself
- The leaders of these musical families held prominent spiritual roles; Asaph and Heman are identified as seers, and tradition attributes several biblical psalms directly to them or their guilds.Sources: the Bible text itself · Asaph (Levite) · Heman · Jeduthun (Ethan)
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org