Psalms 8
Common Language Bible · Tap a verse to see its cross-references.
ထာဝရဘုရား၏ဘုန်းအသရေတော်နှင့် လူ၏ဂုဏ်ဒြပ်
1အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊
ကိုယ်တော်ကြီးမြတ်တော်မူပုံကို ကမ္ဘာတစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။
ကိုယ်တော်အားထောမနာပြုသည့်သီချင်း သံသည် ကောင်းကင်ဘဝဂ်တိုင်အောင်ရောက်ရှိပါ၏။
2ယင်းသီချင်းကိုကလေးများနှင့်နို့စို့သူငယ် များက သီဆိုကြပါ၏။
ကိုယ်တော်သည်ရန်သူများ၏ဘေးမှ ကင်းလွတ်လုံခြုံပါ၏။
ကိုယ်တော်အားရန်မူသူများကိုဆီးတားတော် မူပါ၏။
3ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော မိုးကောင်းကင်ကိုလည်းကောင်း၊
စီမံထားရှိတော်မူသော
လနှင့်ကြယ်တာရာများကိုလည်းကောင်း ကျွန်တော်မျိုးတွေ့မြင်ရပါ၏။
4သို့ဖြစ်၍လူသည်အဘယ်သို့သောသူဖြစ်၍
ကိုယ်တော်ရှင်သည်သူ့အား အောက်မေ့တော်မူရပါသနည်း။
လူသားသည်အဘယ်သို့သောသူဖြစ်၍
ကိုယ်တော်သည်သူ့ကိုကြည့်ရှုစောင့်ရှောက် တော်မူရပါသနည်း။
5သူ့အားကောင်းကင်တမန်တို့ထက်သာ နိမ့်ကျစေတော်မူလျက်
သူ့အားဘုန်းအသရေကိုလည်းကောင်း၊
ဂုဏ်အသရေကိုလည်းကောင်းချီးမြှင့်တော် မူ၏။
6သူ့အားကိုယ်တော်ဖန်ဆင်းတော်မူသောအရာ ရှိသမျှတို့ကိုအုပ်စိုးခွင့်ပေးတော်မူ၏။
7ကိုယ်တော်ဖန်ဆင်းတော်မူသောသိုး၊နွား၊ တောတိရစ္ဆာန်၊ငှက်၊ငါးနှင့်
ပင်လယ်ရေသတ္တဝါတို့ကိုအုပ်စိုးခွင့်ပေးတော် မူ၏။
9အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊
ကိုယ်တော်ကြီးမြတ်တော်မူပုံကိုကမ္ဘာမြေ တစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။
Did you know?
God's Glory and Human Dignity
- Psalm 8 forms a literary frame known as an inclusio, beginning and ending with the identical declaration: 'O LORD, our Lord, how majestic is Your name in all the earth!'Sources: the Bible text itself
- The psalm reflects specifically on a nocturnal sky, mentioning the moon and the stars rather than the sun, highlighting the contrast between the vastness of the heavens and human frailty.Sources: the Bible text itself
- Despite human insignificance compared to the cosmos, the text describes humanity as crowned with glory and given stewardship over domestic herds, wild beasts, birds, and sea creatures.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org