Nations Bible

Psalms 75

Common Language Bible · Tap a verse to see its cross-references.

တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား​သ​ခင်

1ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​၏။

အို ဘု​ရား​သ​ခင်၊

ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​တော်​မူ သည်​ကို​ထုတ်​ဖော်​ကြေ​ညာ​၍

ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ​အ​ကြောင်း ကို ပြော​ကြား​ကြ​ပါ​၏။

2ဘု​ရား​သ​ခင်​က``တ​ရား​စီ​ရင်​မည့်​အ​ချိန်​ကို ငါ​သတ်​မှတ်​ထား​လေ​ပြီ။

ငါ​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​မည်။

3ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ​သက်​ရှိ​သတ္တဝါ အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ​စေ​ကာ​မူ

ငါ​သည်​ကမ္ဘာ​မြေ​ကြီး​၏​အ​ခြေ​ခံ​အုတ်​မြစ်​တို့​ကို တည်​တံ့​ခိုင်​မြဲ​စေ​မည်။

4ငါ​ဤ​သို့​အ​မိန့်​ရှိ​၏။ သူ​ယုတ်​မာ​တို့​အား​မ​ကြွား​မ​ဝါ​ကြ​နှင့်။

5မာန်​မာ​န​မ​ထောင်​လွှား​ကြ​နှင့်။

6တ​ရား​စီ​ရင်​သော​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မ​ဟုတ် အ​နောက်​အ​ရပ်​မှ​သော်​လည်း​ကောင်း၊

တောင်​အ​ရပ်​သို့​မ​ဟုတ်​မြောက်​အ​ရပ်​မှ သော်​လည်း​ကောင်း​ပေါ်​ထွက်​လာ​သည်​မ​ဟုတ်။

7တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပင်

ဖြစ်​ပေ​သည်။

ကိုယ်​တော်​သည်​အ​ချို့​သော​သူ​တို့​ကို​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လျက်

အ​ချို့​တို့​ကို​လွတ်​ငြိမ်း​ချမ်း​သာ​စေ​တော်​မူ​၏။

8ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော်​တည်း​ဟူ​သော အ​လွန်​ပြင်း​သည့်​စ​ပျစ်​ရည်​ထည့်​ထား​သော

ခွက်​ဖ​လား​ကို​လက်​တော်​တွင်​ကိုင်​ထား​တော်​မူ​၏။

ထို​စ​ပျစ်​ရည်​ကို​ကိုယ်​တော်​လောင်း​ချ တော်​မူ​သော​အ​ခါ

သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်​သောက်​ကြ​ကုန်​၏။

သူ​တို့​သည်​တစ်​စက်​မျှ​မ​ကျန်​အောင်​သောက် ကြ​ကုန်​၏။

9သို့​ရာ​တွင်​ငါ​မူ​ကား​ယာ​ကုပ်​၏

ဘု​ရား​အ​ကြောင်း​တော်​ကို​အ​စဉ်​မ​ပြတ် ပြော​ကြား​ပါ​မည်။

ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​မည်။

10ကိုယ်​တော်​သည်​သူ​ယုတ်​မာ​တို့​၏​တန်​ခိုး အာ​ဏာ​ကို ချိုး​နှိမ်​တော်​မူ​မည်။

သူ​တော်​ကောင်း​တို့​၏​တန်​ခိုး​အာ​ဏာ​ကို​မူ​ကား တိုး​တက်​စေ​တော်​မူ​လိမ့်​မည်။

Did you know?

God the Righteous Judge

  • Psalm 75 belongs to a collection of psalms (Psalms 50 and 73–83) attributed to Asaph, a Levite and master musician who served as one of King David's choir leaders and was also described as a seer.Sources: Asaph (Levite) · the Bible text itself
  • The psalm employs vivid imagery to depict divine sovereignty and justice: raising a horn represents arrogant power, while a cup filled with foaming, spiced wine drained to the dregs symbolizes full judgment poured out upon the wicked.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Source: http://ebible.org/mya/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.