Psalms 70
Common Language Bible · Tap a verse to see its cross-references.
ကူမတော်မူရန်ဆုတောင်းပတ္ထနာ
1အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။
အို ထာဝရဘုရား၊ ယခုပင်ကျွန်တော်အားကူမတော်မူပါ။
2ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားသူတို့သည် အရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြပါစေ သော။
ကျွန်တော်မျိုး၏ဆင်းရဲဒုက္ခများကိုအကြောင်းပြု၍
ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ကွဲကြ ပါစေသော။
3ကျွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည် အရေးရှုံးနိမ့်သည့်အတွက်
အလွန်ကြောက်လန့်ကြပါစေသော။
4ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်သူ
အပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါ စေသော။
ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးတော် အတွက်
ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည်
``ဘုရားသခင်သည်အလွန်ကြီးမြတ်တော်မူ
ပါပေသည်'' ဟုအစဉ်မပြတ်ချီးကူး ကြပါစေသော။
5ကျွန်တော်မျိုးသည်အားအင်ချိနဲ့လျက် ဆင်းရဲ၍နေပါ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးထံသို့လျင်မြန်စွာကြွလာ တော်မူပါ။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား
ကယ်တင်တော်မူသောအရှင်၊ကျွန်တော်မျိုး၏ ထာဝရဘုရားဖြစ်တော်မူ၏။
ကျွန်တော်မျိုးအားကူမရန်အလျင်အမြန် ကြွတော်မူပါ။

Did you know?
An Urgent Cry for Deliverance
- The superscription identifies this short prayer as a psalm of David intended for the choirmaster, with the specific note that it was composed to bring remembrance.Sources: the Bible text itself
- The entire psalm is framed as an urgent appeal for immediate divine rescue, opening and closing with repeated pleas for God to make haste, hurry, and not delay in the face of mocking adversaries.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org