Psalms 47
Common Language Bible · Tap a verse to see its cross-references.
တန်ခိုးအကြီးဆုံးဘုရင်
1လူမျိုးအပေါင်းတို့၊ရွှင်လန်းစွာလက်ခုပ်တီး ကြလော့။
အသံကျယ်စွာသီချင်းဆို၍ထာဝရဘုရား အား ထောမနာပြုကြလော့။
2အမြင့်မြတ်ဆုံးဖြစ်တော်မူသောထာဝရဘုရား သည် ကြောက်မက်ဖွယ်ကောင်းပေ၏။
ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးကို
အစိုးရတော်မူသောဘုရင်မင်းမြတ်ဖြစ်တော် မူ၏။
3ကိုယ်တော်သည်ငါတို့အားလူမျိုးတကာတို့ကို အနိုင်ရစေ၍
တိုင်းနိုင်ငံတို့ကိုအုပ်စိုးစေတော်မူ၏။
4ကိုယ်တော်သည်ငါတို့နေထိုင်ရာပြည်ကို ရွေးချယ်ပေးတော်မူ၏။
ထိုပြည်ကားကိုယ်တော်ချစ်မြတ်နိုးတော်မူ သော
လူစုတော်ပိုင်ဆိုင်၍ဂုဏ်ယူဝါကြွားစရာဖြစ် ပေသည်။
5ဘုရားသခင်သည်မိမိ၏ရာဇပလ္လင်တော်သို့ တက်ကြွတော်မူ၏။
ထာဝရဘုရားတက်ကြွတော်မူသောအခါ
ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော်သည့်အသံ များနှင့် တံပိုးခရာမှုတ်သံများကိုကြားရကြ၏။
6ဘုရားသခင်အားထောမနာပြုကြလော့။ ငါတို့ဘုရင်အားချီးမွမ်းသီချင်းဆိုကြလော့။
7ဘုရားသခင်သည်ကမ္ဘာတစ်ဝန်းလုံး၏ဘုရင်
ဖြစ်တော်မူ၏။
သီချင်းများဖြင့်ကိုယ်တော်အားထောမနာပြု ကြလော့။
8ဘုရားသခင်သည်သန့်ရှင်းမြင့်မြတ်သော ရာဇပလ္လင်တော်ပေါ်တွင်ထိုင်တော်မူ၏။
တိုင်းနိုင်ငံအပေါင်းကိုအုပ်စိုးတော်မူ၏။
9တိုင်းနိုင်ငံတို့ကိုအုပ်စိုးသည့်မင်းတို့သည် လာ၍
အာဗြဟံကိုးကွယ်သောထာဝရဘုရား၏ လူစုတော်နှင့်အတူစုဝေးကြကုန်၏။
ကိုယ်တော်သည်လောကစစ်တပ်ရှိသမျှတို့ ထက် တန်ခိုးကြီးတော်မူ၏။
ကိုယ်တော်သည်တန်ခိုးအကြီးဆုံးဘုရင် ဖြစ်တော်မူပါ၏။
Did you know?
A Hymn to the Universal King
- Psalm 47, designated for the choirmaster by the sons of Korah, is a celebratory hymn that calls on all nations to clap their hands, shout in triumph, and blow the horn in honor of God's universal rule over the earth.Sources: the Bible text itself
- The psalm connects Israel's land and inheritance to the patriarch Jacob, whom God loved, while also envisioning rulers of foreign nations assembling together as the people of the God of Abraham.Sources: the Bible text itself · Jacob (Israel) · Abraham
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org