Psalms 23
Common Language Bible · Tap a verse to see its cross-references.
သိုးထိန်းတော်မြတ်ထာဝရဘုရား
1ထာဝရဘုရားသည်သိုးထိန်းတော်မြတ်ဖြစ်၍ ငါ့ကိုစောင့်ထိန်းတော်မူ၏။
ထို့ကြောင့်ငါသည်လိုသမျှကိုရရှိ၏။
2ကိုယ်တော်သည်ငါ့အားစိမ်းလန်းသော စားကျက်များတွင်နားနေစေတော်မူ၏။
ဆိတ်ငြိမ်ရာမြစ်ချောင်းများသို့ လမ်းပြပို့ဆောင်တော်မူ၏။
3ကိုယ်တော်သည်ငါ့ကိုအားသစ်လောင်းတော်မူ၏။
ကတိတော်ရှိတော်မူသည့်အတိုင်းလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။
4အို ထာဝရဘုရား၊
အကယ်၍ကျွန်တော်မျိုးသည်အမှောင်ဆုံး ချိုင့်ဝှမ်းကို ဖြတ်၍ပင်သွားရစေကာမူမကြောက်ပါ။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည်
ကျွန်တော်မျိုးနှင့်အတူရှိတော်မူသောကြောင့် ဖြစ်ပါ၏။
5ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက်
ရန်သူအပေါင်းတို့၏ရှေ့မှောက်တွင်စားပွဲကို တည်ခင်းတော်မူပါ၏။
ဧည့်သည်တော်အဖြစ်ကျွန်တော်မျိုး၏ဦးခေါင်းကို ဆီလောင်း၍ကြိုဆိုတော်မူ၏။
ကျွန်တော်မျိုး၏ခွက်ဖလားကိုလည်း ပြည့်လျှံအောင်ဖြည့်တော်မူပါ၏။
6ဧကန်မုချကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ၏
ကျေးဇူးနှင့်ကရုဏာတော်ကိုတစ်သက်လုံး ခံစား၍
ကိုယ်တော်ရှင်၏အိမ်တော်မှာအသက်ရှင်သမျှ ကာလပတ်လုံးနေရပါလိမ့်မည်။

Did you know?
The Shepherd and the Gracious Host
- The psalm opens with pastoral imagery drawn from everyday shepherd life, describing guidance toward green pastures and quiet waters, as well as protection through dark valleys using a rod and staff.Sources: the Bible text itself
- In the latter part of the psalm, the imagery shifts from pastoral flock care to hospitality, portraying a host who prepares a banquet table, anoints the guest's head with oil, and fills an overflowing cup.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org