Nations Bible

Psalms 148

Common Language Bible · Tap a verse to see its cross-references.

ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ရန် စ​ကြ​ဝ​ဠာ​အား​ဖိတ်​ခေါ်​ခြင်း

1ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

အ​ထက်​ဘ​ဝဂ်​ဝယ်​နေ​ထိုင်​သူ​တို့၊ကောင်း​ကင် ဘုံ​မှ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

2ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့၊

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ပေါင်း​တို့၊ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

3နေ​နှင့်​လ​တို့၊ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။

ထွန်း​တောက်​သော​ကြယ်​တာ​ရာ​တို့၊ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။

4ကောင်း​ကင်​ဘဝဂ်​နှင့်​ကောင်း​ကင်​အ​ထက်​ရှိ ရေ​များ တို့၊

ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။

5ထို​အ​ရာ​ရှိ​သ​မျှ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏ နာ​မ​တော်​အား​ထော​မ​နာ​ပြု​ကြ​စေ။

ကိုယ်​တော်​သည်​အ​မိန့်​ပေး​တော်​မူ​၍​ယင်း တို့​ကို ဖန်​ဆင်း​တော်​မူ​၏။

6ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ယင်း​တို့​သည်

မိ​မိ​တို့​သက်​ဆိုင်​ရာ​နေ​ရာ​များ​တွင်​အ​စဉ် အ​မြဲ တည်​နေ​ရ​ကြ​၏။

ယင်း​တို့​သည်​အ​မိန့်​တော်​ကို​မ​လွန်​ဆန်​နိုင်​ကြ။

7မြွေ​န​ဂါး​များ​နှင့်​ရေ​နက်​ရာ​အ​ရပ်​အ​ပေါင်း​တို့၊

လျှပ်​စစ်​လျှပ်​နွယ်​နှင့်​မိုး​သီး​တို့၊

မိုး​ပွင့်​နှင့်​မိုး​တိမ်​တို့၊ကိုယ်​တော်​၏​အ​မိန့်​တော်​ကို နာ​ခံ​သည့်​လေ​ပြင်း​မုန်​တိုင်း​တို့၊

ကမ္ဘာ​မြေ​ကြီး​မှ​နေ​၍​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။

9တောင်​ကုန်း​များ​နှင့်​တောင်​ရိုး​တို့၊သစ်​သီး​ပင် များ​နှင့် သစ်​တော​တို့​တိ​ရစ္ဆာန်​ယဉ်​နှင့်​တိ​ရစ္ဆာန်​ရိုင်း​တို့၊

တွား​တတ်​သော​သတ္တ​ဝါ​နှင့်​ငှက်​တို့၊ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။

11ဘု​ရင်​များ​နှင့်​လူ​မျိုး​အ​ပေါင်း​တို့၊

မင်း​ညီ​မင်း​သား​များ​နှင့်​အုပ်​ချုပ်​သူ​အ​ပေါင်း တို့၊ ပျို​ရွယ်​သူ​အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​တို့၊

လူ​အို​နှင့်​က​လေး​သူ​ငယ်​တို့၊ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

13ယင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် အား ထော​မ​နာ​ပြု​ကြ​စေ။

ကိုယ်​တော်​၏​နာ​မ​တော်​သည်​နာ​မ​ရှိ​သ​မျှ​ထက် ကြီး​မြတ်​တော်​မူ​၏။

ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည် ကမ္ဘာ​မြေ​ကြီး​နှင့်​ကောင်း​ကင်​အ​ထက် ၌​ရှိ​၏။

14ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်၊

မိ​မိ​ချစ်​မြတ်​နိုး​တော်​မူ​လှ​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား

ခွန်​အား​ကြီး​မား​စေ​တော်​မူ​သ​ဖြင့်​ထို​သူ တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

Artistic illustration — an interpretation, not a historical record.

Did you know?

Universal Praise from Heaven and Earth

  • Psalm 148 is organized as a comprehensive cosmic inventory, calling every level of creation to praise God. It begins in the heights of the heavens with angels, heavenly hosts, sun, moon, stars, and celestial waters, before moving downward to the earth.Sources: the Bible text itself
  • The terrestrial section encompasses meteorology, landscapes, flora, wild and domestic animals, and all segments of human society, ranging from monarchs and princes to young men, maidens, and the elderly.Sources: the Bible text itself
  • The hymn concludes its sweeping scope by focusing on God's covenant people, noting that He has raised up a horn for His saints, specifically describing Israel as a people near to Him.Sources: the Bible text itself · Jacob (Israel)

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Source: http://ebible.org/mya/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.