Nations Bible

Psalms 141

Common Language Bible · Tap a verse to see its cross-references.

ညဥ့်​ဦး​ယံ​ဆု​တောင်း​ပတ္ထနာ

1အို ထာ​ဝ​ရ​ဘု​ရား၊

ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​ပါ​၏။

ယ​ခု​ပင်​ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။

ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါ နား​ထောင်​တော်​မူ​ပါ။

2ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​မီး​ရှို့ ပူ​ဇော်​ရာ နံ့​သာ​ပေါင်း​ကဲ့​သို့​လည်း​ကောင်း၊

ကျွန်​တော်​မျိုး​လက်​အုပ်​ချီ​ခြင်း​ကို​ညဥ့်​ဦး ပူ​ဇော်​ရာ ယဇ်​ကဲ့​သို့​လည်း​ကောင်း​လက်​ခံ​တော်​မူ​ပါ။

3အို ထာ​ဝ​ရ​ဘု​ရား၊

ကျွန်​တော်​မျိုး​၏​ခံ​တွင်း​အ​တွက် အ​စောင့်​အ​ကြပ်​ကို​လည်းကောင်း၊

ကျွန်​တော်​မျိုး​၏​နှုတ်​ဝ​တွင်​ကင်း​စောင့် ကို​လည်း​ကောင်း​ထား​ရှိ​တော်​မူ​ပါ။

4မ​ကောင်း​မှု​ကို​သော်​လည်း​ကောင်း၊ ဆိုး​ညစ်​သူ​တို့​နှင့်​အ​တူ

ယုတ်​မာ​မှု​များ​ကို​သော်​လည်း​ကောင်း

ပြု​ကျင့်​လို​သော​စိတ်​ဆန္ဒ​နှင့်​ကျွန်​တော်​မျိုး​အား ကင်း​ဝေး​စေ​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​သည်​ထို​သူ​တို့​၏​စား​သောက်​ပွဲ များ​ကို အ​စဉ်​အ​မြဲ​ရှောင်​ရှား​နိုင်​ပါ​စေ​သော။

5သူ​တော်​ကောင်း​သည်​ကျွန်​တော်​မျိုး​အား

သ​နား​ကြင်​နာ​စွာ​ဒဏ်​ပေး​ခြင်း​ပြော​ဆို ဆုံး​မ​ခြင်း​ကို​ပြု​ပေ​လိမ့်​မည်။

သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​ချီး​မြှင့်​ဂုဏ်​ပြု ခြင်း​ကို ခံ​ယူ​လိမ့်​မည်​မ​ဟုတ်​ပါ။

အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​အ​ပြစ် ဒု​စ​ရိုက်​နှင့်​ပတ်​သက်​၍

ကျွန်​တော်​မျိုး​အ​စဉ်​ပတ္ထနာ​ပြု​လျက်​နေ​သော ကြောင့် ဖြစ်​ပါ​၏။

6သူ​တို့​ကို​အ​စိုး​ရ​သော​မင်း​တို့​သည်

ချောက်​ကမ်း​ပါး​ပေါ်​မှ​ပစ်​ချ​ခြင်း​ကို ခံ​ရ​ကြ​သော​အ​ခါ

လူ​တို့​သည်​ကျွန်​တော်​မျိုး​၏​စ​ကား​များ မှန်​ကန်​ကြောင်း​ကို​ဝန်​ခံ​ကြ​ပါ​လိမ့်​မည်။

7ထို​မင်း​တို့​၏​အ​ရိုး​များ​သည်​အ​စိတ်​စိတ် အ​မြွှာ​မြွှာ ခွဲ​စိတ်​ဖြတ်​တောက်​ခြင်း​ခံ​ရ​သော​ထင်း​ကဲ့​သို့

သင်္ချိုင်း​တွင်း​ဝ​၌​ပြန့်​ကြဲ​၍​နေ​လိမ့်​မည်။

8သို့​ရာ​တွင် အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​မြဲ​ကိုး​စား​ပါ​၏။

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ပါ​၏။

ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကွယ်​ကာ​တော်​မူ​ပါ။

9ကျွန်​တော်​မျိုး​အ​တွက်​ထို​သူ​တို့​ထောင်​ထား​သော ထောင်​ချောက်​မှ​လည်းကောင်း၊

မ​ကောင်း​မှု​ပြု​သူ​တို့​၏​ကျော့​ကွင်း​မှ​လည်း​ကောင်း ကွယ်​ကာ​တော်​မူ​ပါ။

10ကျွန်​တော်​မျိုး​သည်​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထောင်​ချောက်​ကို ကျော်​သွား​နိုင်​ပါ​စေ​သော။

သူ​ယုတ်​မာ​တို့​မူ​ကား​မိ​မိ​တို့​ထောင်​ထား​သော ထောင်​ချောက်​ထဲ​သို့​ကျ​ကြ​ပါ​စေ​သော။

Artistic illustration — an interpretation, not a historical record.

Did you know?

Prayer for Protection and Integrity

  • The psalm compares personal prayer and lifted hands to the daily temple rituals of burning incense and presenting the evening sacrifice.Sources: the Bible text itself
  • The author welcomes correction from the righteous, describing such rebuke as an act of loving devotion and comparing it to soothing oil poured on the head.Sources: the Bible text itself
  • Hunting metaphors such as snares, lures, and nets illustrate the dangers posed by evildoers, concluding with a plea that the wicked fall into their own traps.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Source: http://ebible.org/mya/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.