Psalms 138
Common Language Bible · Tap a verse to see its cross-references.
ကျေးဇူးတော်ချီးမွမ်းသည့်ဆုတောင်းပတ္ထနာ
1အို ထာဝရဘုရား၊
ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
ဘုရားများရှေ့တွင်ကိုယ်တော်ရှင်အား ထောမနာသီချင်းဆိုပါ၏။
2ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏မြင့်မြတ် သန့်ရှင်းသောဗိမာန်တော်ကိုမျက်နှာမူလျက် ဦးညွှတ်ပျပ်ဝပ်ကာကိုယ်တော်ရှင်၏ခိုင်မြဲသော
မေတ္တာတော်နှင့်သစ္စာတော်ကြောင့်နာမတော်ကို ထောမနာပြုပါ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်၏ နာမတော်နှင့်ကတိတော်တို့သည်
အထွတ်အမြတ်ဆုံးဖြစ်ကြောင်းပြသ တော်မူပြီ။
3ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ
ကိုယ်တော်ရှင်သည်ထူးတော်မူ၍ကျွန်တော်မျိုးအား အားသစ်လောင်းတော်မူပါ၏။
4အို ထာဝရဘုရား၊
ကမ္ဘာမြေကြီးပေါ်ရှိဘုရင်အပေါင်းတို့သည်
ကိုယ်တော်ရှင်၏ကတိတော်များကိုကြား သိရသဖြင့် ကိုယ်တော်ရှင်အားထောမနာပြုကြပါလိမ့်မည်။
5သူတို့သည်ကိုယ်တော်ပြုတော်မူသောအမှုတော်
အကြောင်းကိုလည်းကောင်း၊
ကိုယ်တော်၏ကြီးမြတ်သောဘုန်းအသရေတော် အကြောင်းကိုလည်းကောင်း
သီချင်းဆိုကြပါလိမ့်မည်။
6ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူသော်လည်း နိမ့်ကျသူတို့အားကြည့်ရှုစောင့်ရှောက်တော်မူ၏။
မာန်မာနကြီးသူတို့ကိုမူကားအဝေးက သိတော်မူ၏။
7ဒုက္ခများပတ်လည်ဝိုင်းလျက်နေချိန်၌ပင်လျှင်
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အသက်ကို ကာကွယ်တော်မူပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရန်သူတို့၏ အမျက်ကိုဆီးတားတော်မူလျက်
တန်ခိုးတော်အားဖြင့်ကျွန်တော်မျိုးကို ကယ်တော်မူပါ၏။
8ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား
ကတိထားတော်မူသည့်အတိုင်းပြုတော်မူ ပါလိမ့်မည်။
အို ထာဝရဘုရား၊
ကိုယ်တော်ရှင်၏မေတ္တာတော်သည် ထာဝစဉ်တည်တော်မူပါ၏။
အစပြုတော်မူသောအမှုတော်ကို ပြီးစီးစေတော်မူပါ။

Did you know?
A Song of Thanksgiving and Universal Praise
- The psalm opens with the singer offering praise with a whole heart in the presence of the gods, proclaiming God's faithfulness and loving devotion over against all other powers.Sources: the Bible text itself
- The psalmist describes bowing toward God's holy temple to give thanks, linking personal deliverance in times of distress to the enduring nature of divine mercy.Sources: the Bible text itself
- The text looks beyond Israel to envision all the kings of the earth giving thanks and singing of the ways and glory of the Lord after hearing His words.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org