Psalms 113
Common Language Bible · Tap a verse to see its cross-references.
ထာဝရဘုရား၏ကောင်းမြတ်တော်မူခြင်းအား ထောမနာပြုခြင်း
1ထာဝရဘုရားအားထောမနာပြုကြလော့။
အချင်းထာဝရဘုရား၏အစေခံတို့၊
ကိုယ်တော်၏နာမတော်အားထောမနာ ပြုကြလော့။
2ကိုယ်တော်၏နာမတော်အားယခုမှစ၍
ကာလအစဉ်အဆက်ထောမနာပြုကြ ပါစေသော။
3နေထွက်ရာအရပ်မှနေဝင်ရာအရပ်သို့ တိုင်အောင်
ထာဝရဘုရား၏နာမတော်အားထောမနာ ပြုကြ ပါစေသတည်း။
4ထာဝရဘုရားသည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။
ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်အထက်ထွန်းတောက်တော်မူ၏။
5ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် နှိုင်းယှဉ်နိုင်သူတစ်စုံတစ်ယောက်မျှမရှိ။
ကိုယ်တော်သည်အထက်ဘဝဂ်တွင်စံနေ တော်မူ၏။
6သို့ရာတွင်မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ငုံ့ကြည့်တော်မူ၏။
7ဆင်းရဲသူတို့ကိုမြေမှုန့်ထဲကချီးမြှင့်၍
နွမ်းပါးသူတို့ကိုအမှိုက်ပုံထဲက ချီးမြှောက်တော်မူ၏။
8ထိုနောက်မင်းသားများဖြစ်ကြသော၊ကိုယ် တော်၏
လူစုတော်ကိုအုပ်စိုးသောမင်းသားများနှင့် အတူ သွားလာပေါင်းဖော်ခွင့်ကိုပေးတော်မူ၏။
9ကိုယ်တော်သည်မြုံသောအိမ်ရှင်မအား
ချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။
ထာဝရဘုရားအားထောမနာပြုကြလော့။
Did you know?
Praising God Above the Heavens and Near the Lowly
- Psalm 113 opens and closes with the Hebrew call 'Hallelujah' (meaning 'praise the Lord'). It describes the praise of God as spanning both all of time, 'from now and forevermore', and all of space, 'from where the sun rises to where it sets' across every nation.Sources: the Bible text itself
- The psalm emphasizes a sharp contrast between God's supreme exaltation above the heavens and His attentiveness to the humble. It specifically highlights God lifting the poor from the dust and seating them among princes, as well as granting a home and children to the barren woman.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org