Psalms 11
Common Language Bible · Tap a verse to see its cross-references.
ထာဝရဘုရားကိုယုံကြည်အားကိုးခြင်း
1ငါသည်ထာဝရဘုရား၏ထံတော်တွင်ခိုလှုံ ပါ၏။
``တိုင်းပြည်ငြိမ်ဝပ်ပိပြားမှုမရှိသောအခါ
သူတော်ကောင်းတို့သည်အဘယ်သို့မျှမတတ် နိုင်။
သူယုတ်မာတို့သည်သူတော်ကောင်းတို့ကို
ချောင်းမြောင်းပစ်ခတ်ရန်လေးကိုတင်၍မြားကို ချိန်ရွယ်လျက်နေလေပြီ။
ထိုကြောင့်``တောင်ပေါ်သို့ငှက်ကဲ့သို့ ပျံတက်လော့'' ဟု
ငါ့အားသင်တို့ပြောဆိုကြသည်မှာလွန်စွာ မိုက်မဲလေစွတကား။
4ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ၏။
ကိုယ်တော်၏ပလ္လင်တော်သည်ကောင်းကင်ဘုံ တွင် ရှိတော်မူ၏။
ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး ကြည့်ရှုတော်မူ၍
သူတို့ပြုသောအမှုအရာများကိုသိမြင် တော်မူ၏။
5ကိုယ်တော်သည်သူတော်ကောင်းကိုလည်းကောင်း၊
သူယုတ်မာကိုလည်းကောင်းစစ်ဆေး ကြည့်ရှုတော်မူ၏။
တရားလက်လွတ်ပြုမူသောသူတို့ကို လွန်စွာမုန်းတော်မူ၏။
6ကိုယ်တော်သည်သူယုတ်မာတို့အပေါ်သို့
မီးကျီးခဲများကိုလည်းကောင်း၊ပူလောင်လှသည့် မီးလျှံကိုလည်းကောင်းကျစေတော်မူ၏။
သူတို့အားပူလောင်လှသောလေပူဖြင့် အပြစ်ဒဏ်ခတ်တော်မူ၏။
7ထာဝရဘုရားသည်ဖြောင့်မှန်တော်မူ၍ အကျင့်ကောင်းကိုနှစ်သက်တော်မူ၏။
အကျင့်ကောင်းကိုပြုသူတို့သည်ကိုယ်တော်၏ မျက်နှာတော်ကိုဖူးမြင်ရကြလိမ့်မည်။

Did you know?
Refuge in the LORD and Divine Justice
- The psalm opens with the speaker rejecting counsel to flee like a bird to the mountains when facing danger. Despite the threat of archers aiming from the shadows and the apparent destruction of foundations, the psalmist chooses to take refuge in the LORD.Sources: the Bible text itself
- The text contrasts the hidden malice of the wicked, who shoot unseen from the shadows, with the all-seeing gaze of the LORD from His holy temple and heavenly throne. It declares that God examines all people, reserving fiery coals, sulfur, and a scorching wind for those who practice violence.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org