Nehemiah 7
Common Language Bible · Tap a verse to see its cross-references.
1ယခုအခါ၌မြို့ရိုးကိုပြန်လည်တည်ဆောက်ပြီး၍ တံခါးများကိုနေရာတကျတပ်ဆင်ကာဗိမာန်တော်အစောင့်တပ်သားများ၊ ဋ္ဌမ္မသီချင်းသည်များနှင့်လေဝိအနွယ်ဝင်များအားအလုပ်တာဝန်များကိုခွဲဝေသတ်မှတ်ပေးပြီးလေပြီ။- 2ထိုနောက်ငါသည်ယေရုရှလင်မြို့ကိုအုပ်ချုပ်ရန် ငါ့ညီဟာနန်နှင့်ရဲတိုက်မှူးဟာနနိတို့ကိုတာဝန်ပေးအပ်၏။ ဟာနနိသည်စိတ်ချယုံကြည်ရသူ၊ ဘုရားသခင်ကိုအထူးကြောက်ရွံ့ရိုသေသူဖြစ်၏။- 3ငါသည်သူတို့အား``နံနက်ချိန်၌နေမမြင့်မချင်းယေရုရှလင်မြို့တံခါးများကိုမဖွင့်စေနှင့်။ နေဝင်ချိန်၌တံခါးစောင့်များတာဝန်ပြီးဆုံးချိန်မတိုင်မီ တံခါးများကိုပိတ်၍ကန့်လန့်ကျင်များကိုထိုးထားစေ'' ဟုမှာကြားထား၏။ ယေရုရှလင်မြို့တွင်နေထိုင်သူများထဲမှကင်းစောင့်သူများခန့်ထားပြီးလျှင် ထိုသူအချို့ကိုနေရာအတိအကျတွင်ကင်းစောင့်စေ၍အချို့ကိုမိမိတို့အိမ်များ၏ပတ်ဝန်းကျင်တွင်ကင်းစောင့်စေရန်ကိုလည်းမှာကြားထား၏။
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူများစာရင်း
4ယေရုရှလင်မြို့သည်ကျယ်ဝန်းသော်လည်းနေထိုင်သူလူဦးရေနည်းပါး၍ အိမ်အမြောက်အမြားကိုလည်းမတည်မဆောက်ရကြသေးပေ။- 5ပြည်သူများ၊ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေးမှူးတို့အားစုရုံးစေ၍ အိမ်ထောင်စုစာရင်းများကိုစစ်ဆေးရန်ဘုရားသခင်သည်ငါ၏စိတ်ကိုနှိုးဆော်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှရှေးဦးစွာပြန်လည်ရောက်ရှိလာသူများ၏စာရင်းကိုဤသို့ရှာဖွေတွေ့ရှိရသည်။
6ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်သွားချိန်မှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ရာမှပြန်လည်ရောက်ရှိလာသူများသည် မိမိတို့နေရင်းဌာနေဖြစ်သောယေရုရှလင်မြို့နှင့်အခြားယုဒမြို့များသို့ပြန်လာခဲ့ကြ၏။- 7သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံနှင့်ဗာနာတို့ဖြစ်သည်။
8ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူလူဦးရေစာရင်းမှာသားချင်းစုအလိုက်အောက်ပါအတိုင်းဖြစ်၏။ သားချင်းစု ဦးရေ ပါရုတ် ၂၁၇၂ ရှေဖတိ ၃၇၂ အာရာ ၆၅၂
ပါဟတ်မောဘ (ယောရှုနှင့်ယွာဘတို့၏ သားမြေးများ) ၂၈၁၈ ဧလံ ၁၂၅၄ ဇတ္တု ၈၄၅ ဇက္ခဲ ၇၆၀ ဗိနွိ ၆၄၈ ဗေဗဲ ၆၂၈ အာဇဂဒ် ၂၃၂၂ အဒေါနိကံ ၆၆၇ ဗိဂဝဲ ၂၀၆၇ အာဒိန် ၆၅၅
(ဟေဇကိဟုလည်းနာမည်တွင်သော) အာတာဦးရေ ၉၈ ဟာရှုံ ၃၂၈ ဗေဇဲ ၃၂၄ ဟာရိပ် ၁၁၂ ဂိဗောင် ၉၅
26အောက်ဖော်ပြပါမြို့တို့တွင်နေထိုင်ခဲ့သူဘိုးဘေးများမှ ဆင်းသက်ပေါက်ဖွားလာသောသူများသည်လည်းပြန်လာကြလေသည်။ ဗက်လင်မြို့နှင့်နေတောဖမြို့ ၁၈၈ အာနသုတ်မြို့ ၁၂၈ ဗေသာဇမာဝက်မြို့ ၄၂
ကိရယက်ယာရိမ်မြို့၊ခေဖိရမြို့နှင့် ဗေရုတ်မြို့ ၇၄၃ ရာမမြို့နှင့်ဂါဗမြို့ ၆၂၁ မိတ်မတ်မြို့ ၁၂၂ ဗေသလနှင့်အာဣမြို့ ၁၂၃ အခြားနေဗောမြို့ ၅၂ အခြားဧလံမြို့ ၁၂၅၄ ဟာရိမ်မြို့ ၃၂၀ ယေရိခေါမြို့ ၃၄၅ လောဒမြို့၊ ဟာဒိဒ်မြို့နှင့်သြနောမြို့ ၇၂၁ သေနာမြို့ ၃၉၃၀
39ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူယဇ်ပုရောဟိတ်သားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယေဒါယ (ယောရှု၏သားမြေးများ) ၉၇၃
43ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူလေဝိသားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယောရှုနှင့်ကာဒမေလ(ဟောဒေဝ၏ သားမြေးများ) ၇၄
ဗိမာန်တော်ဂီတပညာသည်များ (အာသပ်၏သားမြေးများ) ၁၄၈
ဗိမာန်တော်အစောင့်တပ်သားများ
(ရှလ္လုံ၊အာတာ၊တာလမုန်၊အက္ကုပ်၊ ဟတိတနှင့်ရှောဗဲတို့၏သားမြေးများ) ၁၃၈
46ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ဗိမာန်တော်အလုပ်သမားများ၏သားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။
ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊
ကေရုတ်၊သယ၊ပါဒုန်၊
လေဗန၊ဟာဂဗ၊ရှာလမဲ၊
ဟာနန်၊ဂိဒ္ဒေလ၊ဂါဟာ၊
ရာယ၊ရေဇိန်၊နေကောဒ၊
ဂဇ္ဇမ်၊သြဇ၊ပါသာ၊
ဗေသဲ၊မုနိမ်၊နေဖိရှေသိမ်၊
ဗာကဗုတ်၊ဟာကုဖ၊ဟာရဟုရ၊
ဗာဇလိတ်၊မေဟိဒ၊ဟာရရှ၊
ဗာရကုတ်၊သိသရ၊တာမ၊
နေဇိနှင့်ဟတိဖ။
57ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။
သောတဲ၊သောဖရက်၊ပေရိဒ၊
ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊
ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊
ဇေဗိမ်နှင့်အာမုန်။
60ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောဗိမာန်တော်အလုပ်သမားများနှင့် ရှောလမုန်၏အစေခံများမှဆင်းသက်ပေါက်ဖွားလာသူဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်၏။
61တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသောဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာလေးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ဖွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။
63အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကိုသက်သေခံအထောက်အထားပြရန်တစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယ၊ ကောဇနှင့်ဗာဇိလဲ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သား၊ ဗာဇိလဲသားချင်းစုမှအမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက်မိမိယောက္ခမသားချင်းစု၏နာမည်ကိုခံယူခဲ့၏။)
ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့်ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံရကြ။- 65ယုဒဘုရင်ခံကသူတို့အား``သင်တို့သည်ဥရိမ်နှင့်သုမိမ် ကိုအသုံးပြု၍ဆုံးဖြတ်နိုင်သူယဇ်ပုရောဟိတ်တစ်ပါးမပေါ်မချင်းဘုရားသခင်အားပူဇော်သည့်အစားအစာများကိုမစားကြရ'' ဟုဆို၏။
66ပြန်လာကြသောပြည်နှင်ဒဏ်သင့်သူ
စုစုပေါင်းဦးရေ ၄၂၃၆၀
67ack သူတို့၏အစေခံယောကျာ်း မိန်းမ ၇၃၃၇
အမျိုးသားအမျိုးသမီး ဂီတပညာသည်များ ၂၄၅ မြင်း ၇၃၆ ကောင် လား ၂၄၅ ကောင် ကုလားအုတ် ၄၃၅ ကောင် မြည်း ၆၇၂၀ ကောင်
70ဗိမာန်တော်ပြန်လည်တည်ဆောက်မှုကုန်ကျစရိတ်အတွက် ပေးလှူကြသူများမှာအောက်ပါအတိုင်းဖြစ်သည်။ ဘုရင်ခံရွှေအောင်စ ၂၇၀
ဗိမာန်တော်ဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုသည့်အင်တုံ ၅၀ ယဇ်ပုရောဟိတ်ဝတ်စုံ ၅၃၀
သားချင်းစုခေါင်းဆောင်များ ရွှေ ၃၃၇ပေါင် ငွေ ၃၂၁၅ပေါင် ကျန်ပြည်သူများရွှေ ၃၃၇ ပေါင် ငွေ ၂၉၂၃ ပေါင် ယဇ်ပုရောဟိတ်ဝတ်စုံ ၆၇
73ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဂီတပညာသည်များ၊ သာမန်ပြည်သူအမြောက်အမြား၊ ဗိမာန်တော်အလုပ်သမားများအစရှိသောဣသရေလအမျိုးသားအပေါင်းတို့သည်ယုဒမြို့ရွာများတွင်အတည်တကျနေထိုင်ကြလေသည်။
Did you know?
Guarding and Registering the Community
- After rebuilding the wall, Nehemiah appointed his brother Hanani and Hananiah, the commander of the fortress, to oversee Jerusalem. Because the city was spacious but sparsely populated with unrebuilt houses, strict security rules were set: city gates remained barred until the heat of the day, and residents were assigned watch posts near their homes.Sources: the Bible text itself · Hanani · Hananiah
- To enroll the population, Nehemiah consulted the genealogical records of the original exiles who returned from Babylon under Zerubbabel. Preserving family lineage was essential; individuals who claimed priestly heritage but could not produce documentation were barred from priestly duties until a priest could consult the Urim and Thummim.Sources: the Bible text itself · Zerubbabel
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
- Jerusalem · 31.777, 35.234 · verses 2, 3, 6, 73
- Babylon · 32.543, 44.422 · verse 6
- Gibeon · Today: El Jib · 31.847, 35.183 · verse 25
- Bethlehem · 31.704, 35.208 · verse 26
- Kiriath-jearim · Today: Deir el Azar · 31.809, 35.104 · verse 29
- Jericho · Today: Tell es Sultan · 31.872, 35.445 · verse 36
- Lod · 31.950, 34.900 · verse 37
- Immer · Today: in Babylonia · 32.543, 44.422 · verse 61
- Gilead · Today: Gilead 1 · 32.187, 35.692 · verse 63
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org