Nations Bible

Nehemiah 5

Common Language Bible · Tap a verse to see its cross-references.

ဆင်း​ရဲ​သူ​များ​အား​ဖိ​နှိပ်​ချုပ်​ချယ်​မှု

1ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ယု​ဒ အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​အ​မြောက် အ​မြား​တို့​သည် အ​ချင်း​ချင်း​အား​အ​ပြစ် တင်​၍​ညဉ်း​ညူ​ကြ​ကုန်​၏။- 2အ​ချို့​သော​သူ​တို့​က``ငါ​တို့​၏​အိမ်​သား​များ သ​ဖြင့်​ငါ​တို့​အ​သက်​ရှင်​မှု​အ​တွက်​ဂျုံ​စ​ပါး လို​ပါ​သည်'' ဟု​ဆို​ကြ​၏။

3အ​ချို့​တို့​က``ငါ​တို့​သည်​မ​ငတ်​မ​ပြတ်​ရ​လေ အောင်​ဂျုံ​စ​ပါး​ရ​ရှိ​ရေး​အ​တွက်​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​အိမ်​များ​ကို​ပေါင်​နှံ ထား​ရ​ကြ​ပါ​သည်'' ဟု​ဆို​ကြ​၏။

4အ​ခြား​သူ​တို့​က``ငါ​တို့​သည်​လယ်​ခွန်​နှင့် စ​ပျစ်​ဥ​ယျာဉ်​ခွန်​ပေး​ဆောင်​နိုင်​ရန်​ငွေ​ကို ချေး​ယူ​ထား​ကြ​ရ​ပါ​သည်။- 5ငါ​တို့​သည်​လည်း​ယု​ဒ​အ​မျိုး​သား​များ ပင်​မ​ဟုတ်​ပါ​လော။ ငါ​တို့​သား​သ​မီး​များ သည်​လည်း​သူ​တို့​သား​သ​မီး​များ​ထက်​မ​ညံ့ ပါ။ သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​သား​သ​မီး များ​ကို​ကျွန်​ခံ​စေ​ကြ​ရ​ပါ​၏။ သ​မီး​အ​ချို့ ကို​လည်း​ကျွန်​အ​ဖြစ်​ရောင်း​ချ​လိုက်​ရ​လေ ပြီ။ ငါ​တို့​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်။ ငါ တို့​လယ်​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​သည် သူ​တစ်​ပါး​လက်​သို့​ရောက်​လေ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။

6ထို​သူ​တို့​ညည်း​ညူ​သံ​ကို​ကြား​သော်​ငါ သည်​အ​မျက်​ထွက်​၍၊- 7အ​ရေး​ယူ​ဆောင်​ရွက်​ရန်​စိတ်​ပိုင်း​ဖြတ်​လိုက်​၏။ ငါ​သည်​ပြည်​သူ​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ် ရေး​မှူး​တို့​အား``သင်​တို့​သည်​မိ​မိ​တို့​ညီ အစ်​ကို​များ​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လျက်​နေ​ကြ ပါ​သည်​တ​ကား'' ဟု​ပြစ်​တင်​ပြော​ဆို​၏။

ငါ​သည်​ဤ​ပြ​ဿ​နာ​ကို ဖြေ​ရှင်း​ရန်​လူ​ထု စည်း​ဝေး​တစ်​ရပ်​ကို​ခေါ်​ယူ​ပြီး​လျှင်၊- 8``မိ​မိ​တို့​ကိုယ်​ကို​လူ​မျိုး​ခြား​များ​လက် သို့​ရောင်း​ချ​ရ​ကြ​သူ ယု​ဒ​အ​မျိုး​သား​ညီ အစ်​ကို​တို့​အား​တတ်​နိုင်​သ​မျှ​ငါ​တို့​ပြန် လည်​ဝယ်​ယူ​ပြီး​မှ ယ​ခု​သင်​တို့​က မိ​မိ​တို့ အ​မျိုး​သား​အ​ချင်း​ချင်း​ပြန်​လည်​ရောင်း စား​လျက်​နေ​ကြ​ပါ​တကား'' ဟု​ဆို​သော အ​ခါ​ခေါင်း​ဆောင်​များ​သည်​ဆိတ်​ဆိတ် နေ​ကြ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍ မ​ပြော​နိုင်​ကြ။

9ထို​နောက်​ငါ​သည်​သူ​တို့​အား``သင်​တို့​ပြု သော​အ​မှု​သည်​မ​ကောင်း​ပါ​တ​ကား။ ရန်​သူ လူ​မျိုး​ခြား​များ​သည်​ငါ​တို့​အား​သ​ရော် ခြင်း​မှ​ကင်း​လွတ်​စေ​ရန် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကာ​သင်​တို့​မှန်​ရာ​ကို​လုပ် ဆောင်​သင့်​ကြ​သည်။- 10ငါ​သည်​ပြည်​သူ​တို့​အား​ငွေ​နှင့်​ဂျုံ​စ​ပါး​ကို ချေး​ငှား​ပါ​၏။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ နှင့်​လုပ်​သား​များ​သည်​လည်း​ဤ​နည်း​အ​တိုင်း ပင်​ပြု​ကြ​ပါ​၏။ ယ​ခု​ငါ​တို့​သည်​ထို​အ​ကြွေး များ​ကို​ပြန်​လည်​တောင်း​ခံ​မှု​မ​ပြု​ဘဲ​နေ ကြ​စို့။- 11သူ​တို့​ပေး​ဆပ်​ရန်​ရှိ​သော ငွေ၊ ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​အ​ကြွေး​ရှိ​သ​မျှ ကို​သင်​ပုန်း​ချေ​လိုက်​ကြ​စို့။ သူ​တို့​၏​လယ် များ၊ စ​ပျစ်​ဥ​ယျာဉ်​များ၊ သံ​လွင်​ခြံ​များ နှင့်​အိမ်​များ​ကို​ယ​ခု​ချက်​ချင်း​ပြန်​လည် ပေး​အပ်​လိုက်​ကြ​စို့'' ဟု​ပြော​ကြား​၏။

12ခေါင်း​ဆောင်​များ​က``အ​ကျွန်ုပ်​တို့​သည်​အ​ရှင် ပြော​ဆို​သည့်​အ​တိုင်း​ပြု​ပါ​မည်။ ထို​သူ​တို့ ၏​ဥစ္စာ​ပစ္စည်း​များ​ကို​ပြန်​လည်​ပေး​အပ်​ကြ ပါ​မည်။ အ​ကြွေး​များ​ကို​လည်း​တောင်း​ခံ​မှု ပြု​ကြ​တော့​မည်​မ​ဟုတ်​ပါ'' ဟု​ပြန်​ပြော ကြ​၏။

ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ကို​ခေါ်​ယူ​ကာ သူ​တို့​၏​ရှေ့​တွင်​ခေါင်း​ဆောင်​တို့​အား မိ​မိ​တို့ က​တိ​အ​တိုင်း​ပြု​လုပ်​ကြ​ရန်​ကျိန်​ဆို​စေ​၏။- 13ထို​နောက်​ငါ​ပတ်​ထား​သည့်​ခါး​စည်း ကို​ချွတ်​၍​ခါ​ပြီး​လျှင်``က​တိ​မ​တည်​သူ​သင် တို့​ရှိ​သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ဤ​သို့ ခါ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​အိမ်​များ​နှင့်​သင် တို့​ပိုင်​ပစ္စည်း​ဥစ္စာ​ဟူ​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​မည်​ဖြစ်​၍​သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ မျှ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။

ထို​အ​ရပ်​တွင်​ရှိ​သော​သူ​အ​ပေါင်း​တို့ က``အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ထာ​ဝ​ရ ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ထို နောက်​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့​၏ က​တိ​အ​တိုင်း​ဆောင်​ရွက်​ကြ​လေ​သည်။

နေ​ဟ​မိ​၏​တစ်​ကိုယ်​ကောင်း​စိတ်​ကင်း​မှု

14ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ်​နှင့်​ငါ​တာ​ဝန်​ယူ​ရ သည့်​တစ်​ဆယ့်​နှစ်​နှစ်​အ​တော​အ​တွင်း​အာ တ​ဇေ​ရဇ်​ဧ​က​ရာဇ်​မင်း​၏​နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်​မှ​သုံး​ဆယ့်​နှစ်​နှစ်​မြောက် တိုင်​အောင် ငါ​နှင့်​တ​ကွ​ငါ​၏​ဆွေ​မျိုး​သား ချင်း​တို့​သည်​ဘု​ရင်​ခံ​အ​နေ​ဖြင့်​ငါ​ရ သင့်​ရ​ထိုက်​သည့်​ရိက္ခာ​ကို​မ​ယူ​ပါ။- 15ငါ​၏​အ​လျင်​ဘု​ရင်​ခံ​လုပ်​ခဲ့​သူ​တို့​သည် ပြည်​သူ​တို့​အား​ဝန်​လေး​စေ​ခဲ့​ကြ​၏။ သူ တို့​ထံ​မှ​ရိက္ခာ​နှင့်​စ​ပျစ်​ရည်​အ​တွက်​တစ် နေ့​လျှင် ငွေ​ဒင်္ဂါး​လေး​ဆယ်​တောင်း​ယူ​ခဲ့ ကြ​လေ​သည်။ ထို​ဘု​ရင်​ခံ​တို့​၏​အ​စေ အ​ပါး​များ​သည်​ပင်​လျှင်​ပြည်​သူ​တို့​အား ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​ကြ​၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​ရို​သေ​သူ ဖြစ်​သ​ဖြင့်​ထို​သို့​မ​ပြု။- 16ငါ့​မှာ​ရှိ​သ​မျှ​သော​စွမ်း​ရည်​ခွန်​အား​ကို​မြို့ ရိုး​တည်​ဆောက်​ရာ​တွင်​အ​သုံး​ပြု​၏။ ငါ​သည် အ​ဘယ်​လယ်​မြေ​ကို​မျှ​လည်း​မ​ဝယ်။ ငါ​၏ အ​လုပ်​သ​မား​ရှိ​သ​မျှ​သည်​လည်း​မြို့​ရိုး တည်​ဆောက်​မှု​တွင်​ပါ​ဝင်​လုပ်​ကိုင်​ကြ​သည်။- 17ပတ်​ဝန်း​ကျင်​တိုင်း​ပြည်​များ​မှ​ငါ့​ထံ​သို့ လာ​ရောက်​ကြ​သည့်​လူ​များ​အ​ပြင် ယု​ဒ အ​မျိုး​သား​များ​နှင့် သူ​တို့​၏​ခေါင်း​ဆောင် တစ်​ရာ့​ငါး​ဆယ်​ကို ငါ​သည်​ငါ့​စား​ပွဲ​တွင် ပုံ​မှန်​ကျွေး​မွေး​၏။- 18ယင်း​သို့​ကျွေး​မွေး​ရန်​အ​တွက်​နေ့​စဉ်​နေ့​တိုင်း နွား​တစ်​ကောင်၊ လက်​ရွေး​စင်​သိုး​ခြောက်​ကောင် နှင့်​ကြက်​အ​မြောက်​အ​မြား​ကို​ချက်​ပြုတ် ကျွေး​မွေး​သည်။ ထို့​ပြင်​ဆယ်​ရက်​တစ်​ကြိမ် စ​ပျစ်​ရည်​ကို​လည်း​ထုတ်​ပေး​၏။ သို့​ရာ​တွင် ငါ​သည်​ပြည်​သူ​တို့​ထမ်း​ရ​သော​ဝန်​လေး ကြောင်း​ကို​သိ​သ​ဖြင့် ဘု​ရင်​ခံ​အ​နေ​ဖြင့် ခံ​စား​ထိုက်​သော​ရိက္ခာ​ကြေး​များ​ကို​မ တောင်း​ခံ​ပါ။

19အို ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​အ​တွက်​အ​ကျွန်ုပ် ပြု​ခဲ့​သ​မျှ​ကို​သ​တိ​ရ​၍​အ​ကျွန်ုပ်​အား ကျေး​ဇူး​ပြု​တော်​မူ​ပါ။

Artistic illustration — an interpretation, not a historical record.

Did you know?

Economic Crisis and Social Justice

  • The Jewish community faced simultaneous economic pressures, including famine, imperial Persian taxation, and interest-bearing loans issued by wealthy countrymen. To survive and pay royal taxes, poorer families mortgaged their fields and vineyards and were forced to surrender their sons and daughters into debt slavery to fellow Jews.Sources: the Bible text itself
  • To seal the agreement to cancel debts and restore seized property, Nehemiah had the nobles swear an oath before priests and performed a symbolic gesture by shaking out the folds of his robe. This dramatized the consequence that anyone breaking the pledge would be emptied out of their house and property by God.Sources: the Bible text itself
  • Nehemiah served as governor in the land of Judah for twelve years, from the twentieth to the thirty-second year of the Persian king Artaxerxes. During this tenure, he declined the customary governor's tax allowance of food, wine, and forty shekels of silver to relieve the struggling populace, while hosting 150 officials and foreign guests at his own expense.Sources: the Bible text itself · Artaxerxes

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Source: http://ebible.org/mya/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.