Nations Bible

Nehemiah 10

Common Language Bible · Tap a verse to see its cross-references.

1ပ​ထ​မ​ဦး​စွာ​လက်​မှတ်​ရေး​ထိုး​သူ​မှာ ဟာ ခ​လိ​၏​သား၊ ဘု​ရင်​ခံ​နေ​ဟ​မိ​ဖြစ်​၏။ ထို နောက်​ဇိ​ဒ​ကိ​ယ​လက်​မှတ်​ရေး​ထိုး​လေ သည်။

2လက်​မှတ်​ရေး​ထိုး​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ် များ​မှာ အောက်​ပါ​စာ​ရင်း​အ​တိုင်း​ဖြစ်​သည်။

စ​ရာ​ယ၊အာ​ဇ​ရိ၊ယေ​ရ​မိ၊

ပါ​ရှု​ရ၊အာ​မ​ရိ၊မာ​လ​ခိ​ယ၊

ဟတ္ထုတ်၊ရှေ​ဗ​နိ၊မလ္လုတ်

ဟာ​ရိမ်၊မေ​ရ​မုတ်၊သြ​ဗ​ဒိ၊

ဒံ​ယေ​လ၊ဂိ​န္နေသုန်၊ဗာ​ရုတ်၊

မေ​ရှု​လံ၊အ​ဘိ​ယ၊မိ​ယာ​မိန်

မာ​ဇိ၊ဗိ​လ​ဂဲ၊ရှေ​မာ​ယ၊

9လက်​မှတ်​ရေး​ထိုး​သူ​လေ​ဝိ​အ​နွယ်​ဝင် များ​မှာ အောက်​ပါ​စာ​ရင်း​အ​တိုင်း​ဖြစ်​သည်။

အာ​ဇ​နိ​၏​သား​ယော​ရှု၊

ဟေ​န​ဒဒ်​သား​ချင်း​စု​ခေါင်း​ဆောင်​ဗိနွိ၊

ကပ်​မျေလ၊ရှေ​ဗ​နိ၊ဟော​ဒိ​ယ၊

ကေ​လိ​တ၊ပေ​လာ​ယ၊ဟာ​နန်၊

မိက္ခာ၊ရေ​ဟုပ်၊ဟာ​ရှ​ဘိ၊

ဇက္ကုရ၊ရှေ​ရ​ဘိ၊ရှေ​ဗ​နိ၊

ဟော​ဒိ​ယ၊ဗာ​နိ၊ဗေ​နိ​နု။

14လက်​မှတ်​ရေး​ထိုး​သူ​ပြည်​သူ​ခေါင်း​ဆောင် များ​မှာ အောက်​ပါ​စာ​ရင်း​အ​တိုင်း​ဖြစ်​သည်။

ပါ​ရုတ်၊ပါ​ဟတ်​မော​ဘ၊

ဧ​လံ၊ဇ​ဿု၊ဗာ​နိ၊

ဗုန္နိ၊အာ​ဇ​ဂဒ်၊ဗေ​ဗဲ၊

အ​ဒေါ​နိ​ယ၊ဗိ​ဂဝဲ၊အာ​ဒိန်၊

အာ​တာ၊ဟိ​ဇ​ကိ​ယ၊အဇ္ဇုရ၊

ဟော​ဒိ​ယ၊ဟ​ရှုံ၊ဗေ​ဇဲ၊ဟာ​ရိပ်၊

အာ​န​သုတ်၊နေ​ဗဲ၊မာ​ဂ​ပျာ​ရှ၊

မေ​ရှု​လံ၊ဟေ​ဇိ​ရ၊မေ​ရှ​ဇ​ဗေ​လ၊

ဇာ​ဒုတ်၊ယာ​ဒွါ၊ပေ​လ​တိ၊ဟာ​နန်၊

အ​နာ​ယ၊ဟော​ရှေ၊ဟာ​န​နိ၊ဟာ​ရှုပ်၊

ဟာ​လော​ဟက်၊ပိ​လ​ဟ၊ရှော​ဗက်၊ရေ​ဟုံ၊

ဟာ​ရှ​ဗ​န၊မာ​သေ​ယ၊အ​ဟိ​ယ၊ဟာ​နန်၊

အာ​နန်၊မလ္လုတ်၊ဟာ​ရိမ်၊ဗာ​နာ။

က​တိ​ဝန်​ခံ​ချက်

28ငါ​တို့​ပြည်​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား​များ နှင့် ကွာ​လိုက်​ကြ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဗိ​မာန် တော်​ဂီ​တ​ပ​ညာ​သည်​များ၊ဗိ​မာန်​တော်​အ​လုပ် သ​မား​များ​မှ​စ​သော​ငါ​တို့​သည် မိ​မိ​တို့ ဇ​နီး​များ​နှင့်​အ​ရွယ်​ရောက်​သူ​သား​သ​မီး တို့​နှင့်​အ​တူ​တ​ကွ​မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ ဘု​ရား​ပေး​အပ်​တော်​မူ​သော​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်။ ငါ​တို့​၏​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့်​တော်​ရှိ​သ​မျှ ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​ပ​ညတ် တော်​များ​နှင့်​ပြ​ဋ္ဌာန်း​တော်​မူ​ချက်​ရှိ သ​မျှ​တို့​ကို​လိုက်​လျှောက်​ပါ​မည်။ ဤ က​တိ​သစ္စာ​ကို​ချိုး​ဖောက်​သော်​ကျိန်​စာ သင့်​ပါ​စေ။

30ငါ​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​သူ​လူ​မျိုး ခြား​နှင့်​ထိမ်း​မြား​စုံ​ဖက်​မှု​ကို​ပြု​မည်​မ ဟုတ်​ပါ။

31ထို​သူ​တို့​သည်​ဥ​ပုသ်​နေ့​၌​ဖြစ်​စေ၊ အ​ခြား နေ့​ထူး​နေ့​မြတ်​၌​ဖြစ်​စေ၊ ဂျုံ​စ​ပါး​သို့​မ​ဟုတ် အ​ခြား​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​ရောင်း​ချ​ရန် ယူ​ဆောင်​လာ​ပါ​က​ငါ​တို့​သည်​သူ​တို့​ထံ မှ​ဝယ်​ယူ​မည်​မ​ဟုတ်​ပါ။

သတ္တ​မ​မြောက်​နှစ်​ရောက်​သည့်​အ​ခါ​တိုင်း​ငါ တို့​သည်​လယ်​လုပ်​မည်​မ​ဟုတ်​ပါ။ ကြွေး​မြီ ရှိ​သ​မျှ​ကို​လည်း​လျော်​ပစ်​ပါ​မည်။

32ငါ​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း​တစ်​ဦး​လျှင်​ငွေ တစ်​အောင်​စ​၏​ရှစ်​ပုံ​တစ်​ပုံ​ကို ဗိ​မာန်​တော် အ​သုံး​စ​ရိတ်​အ​တွက်​ပေး​လှူ​ပါ​မည်။

33ငါ​တို့​သည်​ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု အ​တွက်​ရှေ့​တော်​မုန့်၊ နေ့​စဉ်​ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ နေ့​စဉ်​မီး​ရှို့​ပူ​ဇော်​ရန်​ယဇ်​ကောင် များ၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​အ​ခြား​ပွဲ နေ့​များ​အ​တွက်​ပူ​ဇော်​သ​ကာ​များ၊ အ​ခြား သန့်​ရှင်း​မြင့်​မြတ်​သော​ပူ​ဇော်​သ​ကာ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​ပြစ် ဖြေ​ရာ​ယဇ်​နှင့်​ဗိ​မာန်​တော်​အ​တွက် အ​ခြား လို​အပ်​ရာ​တို့​ကို​ပေး​လှူ​ကြ​ပါ​မည်။

34ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​ကျမ်း​အ​ရ​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​မီး​ရှို့ ပူ​ဇော်​ရန်​အ​တွက် လို​အပ်​သည့်​ထင်း​များ​ကို အ​ဘယ်​သား​ချင်း​စု​တို့​က​ဆောင်​ခဲ့​ရ​ကြ မည်​ကို​နှစ်​စဉ်​နှစ်​တိုင်း​မဲ​ချ​ဆုံး​ဖြတ်​ကြ ပါ​မည်။

35ငါ​တို့​သည်​နှစ်​စဉ်​နှစ်​တိုင်း​မိ​မိ​တို့​ရိတ်​သိမ်း ရ​ရှိ​သည့်​အ​သီး​အ​နှံ​ဦး​များ​ကို​လည်း​ကောင်း၊ ငါ​တို့​သစ်​သီး​ပင်​များ​တွင်​အ​ဦး​မှည့်​သည့် အ​သီး​များ​ကို​လည်း​ကောင်း​ဗိ​မာန်​တော် သို့​ယူ​ဆောင်​ခဲ့​ပါ​မည်။

36ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ဖော်​ပြ​ထား​သည့် အ​တိုင်း ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ဆက် ကပ်​ရန်​အ​တွက် မိ​မိ​တို့​၏​သား​ဦး​ကို​လည်း ကောင်း၊ မိ​မိ​တို့​နွား၊ သိုး၊ ဆိတ်​တို့​မှ​မွေး​ဖွား သည့်​သား​ဦး​ကို​လည်း​ကောင်း​ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ မည်။

37ငါ​တို့​နှစ်​စဉ်​အ​ဦး​အ​ဖျား​ရိတ်​သိမ်း​ရ​ရှိ သည့်​ဂျုံ​ဆန်​ဖြင့်​ပြု​လုပ်​ထား​သော​မုန့်​ညက်၊ အ​ခြား​ပူ​ဇော်​သ​ကာ​များ​ဖြစ်​သော​စ​ပျစ် ရည်၊ သံ​လွင်​ဆီ​နှင့်​သစ်​သီး​အ​မျိုး​မျိုး​တို့ ကို​ဗိ​မာန်​တော်​ရှိ​ယဇ်​ပု​ရော​ဟိတ်​များ​ထံ သို့​ယူ​ဆောင်​ခဲ့​ပါ​မည်။

လယ်​လုပ်​သည့်​ရွာ​များ​တွင်​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ကို​ကောက်​ခံ​ကြ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ထံ​သို့ ငါ​တို့​သည်​မိ​မိ​တို့​လယ်​ယာ ထွက်​အ​သီး​အ​နှံ​ဆယ်​ပုံ​တစ်​ပုံ​ကို​ယူ ဆောင်​ခဲ့​ပါ​မည်။- 38ဤ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ကောက်​ခံ​ချိန် ၌​အာ​ရုန်​မှ​ဆင်း​သက်​သည့်​ယဇ်​ပု​ရော ဟိတ်​များ​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် အ​တူ​ရှိ​ရ​မည်။ ထို​နောက်​လေ​ဝိ​အ​နွယ်​ဝင် တို့​က​မိ​မိ​တို့​ကောက်​ခံ​ရ​ရှိ​သည့်​အ​သီး အ​နှံ​များ​အ​နက် ဆယ်​ပုံ​တစ်​ပုံ​ကို​ဗိ​မာန် တော်​တွင်​အ​သုံး​ပြု​ရန်​ဗိ​မာန်​တော်​ပစ္စည်း သို​လှောင်​ခန်း​သို့​ယူ​ဆောင်​သွား​ပါ မည်။- 39ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည်​အ​သီး​အ​နှံ၊ စ​ပျစ်​ရည် နှင့်​သံ​လွင်​ဆီ​အ​လှူ​ကို​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ​ထား​ရှိ​သော​တာ​ဝန်​ကျ​သည့် ယဇ်​ပု​ရော​ဟိတ်​များ၊ ဗိ​မာန်​တော်​အ​စောင့် တပ်​သား​များ​နှင့် ဗိ​မာန်​တော်​ဂီတ​ပ​ညာ​သည် များ​နေ​ထိုင်​သော​အ​ခန်း​များ​သို့​ယူ​ဆောင် သွား​ပါ​မည်။

ငါ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​၏​အိမ် တော်​ကို​စွန့်​ပစ်​၍​ထား​မည်​မ​ဟုတ်​ပါ။

Artistic illustration — an interpretation, not a historical record.

Did you know?

Sealing the Covenant

  • Nehemiah the governor, alongside priests, Levites, and community leaders, affixed their seals to a written agreement pledging obedience to the Law of Moses. The broader population, including all men, women, and children capable of understanding, ratified the commitment with a solemn oath.Sources: the Bible text itself · Nehemiah
  • The community specifically committed to observing the Sabbath by refusing to buy goods or grain from neighboring peoples on holy days. They also agreed to let the land lie fallow and cancel debts every seventh year, in addition to avoiding intermarriage with surrounding peoples.Sources: the Bible text itself
  • To ensure the temple services were maintained, the people imposed an annual levy of a third of a shekel on themselves and cast lots to supply firewood for the altar. They also committed to bringing tithes and the firstfruits of their crops, livestock, and dough to support the priests and Levites.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Source: http://ebible.org/mya/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.