Nations Bible

Luke 18

Common Language Bible · Tap a verse to see its cross-references.

မု​ဆိုး​မ​နှင့်​တ​ရား​သူ​ကြီး​ပုံ​ဥ​ပ​မာ

1ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ အား​အ​ဘယ်​အ​ခါ​မျှ​စိတ်​အား​မ​လျော့​ဘဲ အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ပတ္ထနာ​ပြု​သင့်​ကြောင်း ပုံ​ဥ​ပ​မာ​ဆောင်​၍​သွန်​သင်​တော်​မူ​၏။- 2ကိုယ်​တော်​က ``မြို့​ကြီး​တစ်​မြို့​မှာ​တ​ရား​သူ ကြီး​တစ်​ယောက်​ရှိ​၏။ သူ​သည်​ဘု​ရား​သ​ခင်​ကို မ​ကြောက်။ လူ​မျက်​နှာ​ကို​မ​ထောက်​သူ​ဖြစ်​၏။- 3ထို​မြို့​မှာ​ပင်​မု​ဆိုး​မ​တစ်​ယောက်​ရှိ​၏။ သူ​သည် တ​ရား​သူ​ကြီး​၏​ထံ​သို့​အ​ကြိမ်​ကြိမ်​လာ ၍ `ကျွန်​မ​၏​တ​ရား​တွေ့​ဘက်​အ​ပေါ်​တွင် အ​နိုင်​ရ​အောင်​စီ​ရင်​တော်​မူ​ပါ' ဟု​လျှောက် ထား​၏။- 4တ​ရား​သူ​ကြီး​သည်​အ​တန်​ကြာ​မျှ​မု​ဆိုး​မ ၏​လျှောက်​ထား​ချက်​ကို​ငြင်း​ဆန်​နေ​ခဲ့​၏။ ထို နောက် `ငါ​သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ လူ့​မျက်​နှာ​ကို​မ​ထောက်​တတ်။- 5သို့​သော်​လည်း​ဤ​မု​ဆိုး​မ​သည်​ငါ့​ကို​နှောင့်​ယှက် လှ​သည်​ဖြစ်​၍​သူ့​အား​တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ ရန် ငါ​သူ့​အ​မှု​ကို​စီ​ရင်​မည်။ သို့​မ​ဟုတ်​လျှင်​သူ သည်​ငါ့​ကို​ဆက်​လက်​နှောင့်​ယှက်​သ​ဖြင့်​နောက် ဆုံး​၌​ငါ့​အား​ပင်​ပန်း​စေ​မည်' ဟု​ဆို​လေ​၏။''

6``ဤ​မ​သ​မာ​သော​တ​ရား​သူ​ကြီး​ပြော​ပုံ​ကို ကြည့်​လော့။- 7ရွေး​ကောက်​တော်​မူ​သော​သူ​တို့​သည်​နေ့​ည​မ​ပြတ် ဟစ်​အော်​တောင်း​လျှောက်​နေ​ကြ​လျှင် ဘု​ရား​သ​ခင် သည်​တ​ရား​သ​ဖြင့်​ဖြစ်​စေ​ရန်​စီ​ရင်​တော်​မ​မူ ဘဲ​နေ​မည်​လော။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား ကူညီ​မစ​ရန်​နှောင့်​နှေး​တော်​မူ​မည်​လော။- 8သင်​တို့​အား​ငါ​ဆို​သည်​ကား​ကိုယ်​တော်​သည် ဆော​လျင်​စွာ ထို​သူ​တို့​အ​တွက်​တ​ရား​သ​ဖြင့် ဖြစ်​စေ​ရန်​စီ​ရင်​တော်​မူ​ပေ​အံ့။ သို့​ရာ​တွင် လူ​သား​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ ဤ လော​က​တွင်​ယုံ​ကြည်​ခြင်း​ကို​တွေ့​ရ​ပါ မည်​လော'' ဟု​မိန့်​တော်​မူ​၏။

ဖာ​ရိ​ရှဲ​နှင့်​အ​ခွန်​ခံ​ပုံ​ဥ​ပ​မာ

9မိ​မိ​တို့​ကိုယ်​ကို​သူ​တော်​ကောင်း​ဟု​ယုံ​ကြည် ကာ​သူ​တစ်​ပါး​တို့​ကို​အ​ထင်​အ​မြင်​သေး တတ်​သူ​လူ​အ​ချို့​တို့​အား​သ​ခင်​ယေ​ရှု သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍၊- 10``လူ​နှစ်​ယောက်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။ တစ်​ယောက်​က ဖာ​ရိ​ရှဲ၊ အ​ခြား​တစ်​ယောက်​က​အ​ခွန်​ခံ​သူ ဖြစ်​၏။- 11ဖာ​ရိ​ရှဲ​သည်​တစ်​ယောက်​တည်း​ရပ်​လျက် `အို ဘု​ရား သ​ခင်၊ အ​ခြား​သော​သူ​တို့​သည်​လော​ဘ​ကြီး​သူ၊ မ​ရိုး​ဖြောင့်​သူ၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား​သူ​များ ဖြစ်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ကဲ့​သို့ မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း၊ ဤ​အ​ခွန်​ခံ​သူ ကဲ့​သို့​ပင်​မ​ဟုတ်​သ​ဖြင့်​လည်း​ကောင်း ကိုယ် တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။- 12အ​ကျွန်ုပ်​သည်​ရက်​သတ္တ​တစ်​ပတ်​လျှင်​နှစ်​ကြိမ် တိုင်​တိုင်​အ​စာ​ရှောင်​ပါ​၏။ ရ​ရှိ​သ​မျှ​ဥစ္စာ​ပစ္စည်း ၏​ဆယ်​ဖို့​တစ်​ဖို့​ကို​လှူ​ပါ​၏' ဟု​ဆု​တောင်း ပတ္ထနာ​ပြု​၏။- 13သို့​ရာ​တွင်​အ​ခွန်​ခံ​သူ​မူ​ကား​အ​ဝေး​တွင် ရပ်​လျက်​ကောင်း​ကင်​သို့​မော်​၍​မျှ​မ​ကြည့်​ဝံ့ ဘဲ `အို ဘု​ရား​သ​ခင်၊ အ​ပြစ်​ကူး​သူ​အ​ကျွန်ုပ် အား​သ​နား​တော်​မူ​ပါ' ဟု​ရင်​ပတ်​ကို​တီး​ခတ် လျက်​ဆု​တောင်း​လေ​၏။- 14သင်​တို့​အား​ငါ​ဆို​သည်​ကား​ဤ​သူ​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သူ​တော်​ကောင်း အ​ဖြစ်​ဖြင့်​အိမ်​သို့​ပြန်​ရ​၏။ ဖာ​ရိ​ရှဲ​မူ​ကား ထို​သို့​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နှိမ့်​ချ​ခြင်း​ခံ​ရ ၍ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည်​ချီး​မြှောက်​ခြင်း ခံ​ရ​မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော် မူ​၏။

က​လေး​သူ​ငယ်​များ​ကို​ကောင်း​ချီး​ပေး​တော်​မူ​ခြင်း

15လက်​တော်​ဖြင့်​တို့​ထိ​တော်​မူ​စေ​ရန်​လူ​အ​ချို့​တို့ သည်​မိ​မိ​တို့​၏​က​လေး​သူ​ငယ်​များ​ကို​အ​ထံ တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​သည်​ကို တ​ပည့်​တော် တို့​မြင်​လျှင်​ထို​သူ​တို့​အား​အ​ပြစ်​တင်​ကြ​၏။- 16သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​က​လေး​တို့​ကို ခေါ်​လျက် ``က​လေး​သူ​ငယ်​တို့​ငါ့​ထံ​သို့​လာ ကြ​ပါ​စေ။ မ​ဆီး​တား​ကြ​နှင့်၊ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် ထို သို့​သော​သူ​တို့​၏​နိုင်​ငံ​ဖြစ်​သော​ကြောင့်​တည်း။- 17အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား က​လေး​သူ​ငယ်​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​မ​ခံ​မ​ယူ​လျှင် နိုင်​ငံ​တော်​သို့​ဝင်​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

ဥစ္စာ​ကြွယ်​ဝ​သူ

18ယု​ဒ​အ​မျိုး​သား​အ​ရာ​ရှိ​တစ်​ယောက် က ``ကောင်း​မြတ်​တော်​မူ​သော​ဆ​ရာ၊ ထာ​ဝ​ရ အ​သက်​ကို​ရ​အံ့​ငှာ​အ​ကျွန်ုပ်​သည်​အ​ဘယ် အ​ရာ​ကို​ပြု​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော် အား​မေး​လျှောက်​၏။

19သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့ ကို​ကောင်း​မြတ်​သည်​ဟု​ခေါ်​သ​နည်း။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​ကောင်း​မြတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​မ​ရှိ။- 20သင်​သည်​ပ​ညတ်​တော်​တို့​ကို​သိ​သည်​မ​ဟုတ် လော။ `သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။ လူ့​အ​သက် ကို​မ​သတ်​နှင့်။ သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။ မ​မှန်​သော သက်​သေ​ကို​မ​ခံ​နှင့်။ မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု လော့'' ဟု​မိန့်​တော်​မူ​၏။

21ထို​သူ​က ``ဤ​ပ​ညတ်​များ​ကို​အ​ကျွန်ုပ်​သည် ငယ်​စဉ်​မှ​စ​၍​စောင့်​ထိန်း​ခဲ့​ပါ​ပြီ'' ဟု​လျှောက် ၏။

22ထို​စ​ကား​ကို​ကြား​တော်​မူ​လျှင်​သ​ခင်​ယေ​ရှု က ``သင်​သည်​ပြု​လုပ်​ရန်​တစ်​ခု​လို​သေး​၏။ သင့် ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ​သူ​တို့​အား ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင်​သင်​သည် ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့ စွန့်​ကြဲ​ပြီး​နောက်​ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။- 23ထို​သူ​ကား​ဥစ္စာ​များ​စွာ​ကြွယ်​ဝ​သူ​ဖြစ်​သ​ဖြင့် ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ​အ​လွန် ပင်​စိတ်​ညှိုး​ငယ်​သွား​လေ​၏။

24ထို​အ​ခြင်း​အ​ရာ​ကို​သ​ခင်​ယေ​ရှု​မြင်​တော်​မူ လျှင် ``ဥစ္စာ​ကြွယ်​ဝ​သူ​များ​သည်​နိုင်​ငံ​တော်​သို့ ဝင်​ရန်​ခက်​လှ​၏။- 25အပ်​န​ဖား​ကို​ကု​လား​အုတ်​လျှို​ဝင်​ရန်​လွယ် ကောင်း​လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဥစ္စာ​ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​မ​လွယ် ကူ'' ဟု​မိန့်​တော်​မူ​၏။

26ထို​စ​ကား​ကို​ကြား​ကြ​သော​သူ​တို့​က ``ဤ​သို့ ဖြစ်​ပါ​မူ​အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို​ရ နိုင်​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

27ကိုယ်​တော်​က ``လူ​တို့​မ​တတ်​နိုင်​သော​အ​ရာ​ကို ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​၏'' ဟု​မိန့်​တော် မူ​၏။

28ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အိုး​အိမ်​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။

29ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် မိ​မိ​၏​အိမ်​ကို​ဖြစ်​စေ၊ ဇ​နီး​ကို​ဖြစ်​စေ၊ ညီ​အစ် ကို​ဖြစ်​စေ၊ မိ​ဘ​ဖြစ်​စေ၊ သား​သ​မီး​ဖြစ်​စေ​စွန့် သော​သူ​သည်၊- 30ဤ​ဘ​ဝ​၌​အ​ဆ​ပေါင်း​များ​စွာ​သော​အ​ကျိုး ခံ​စား​ရ​သည်​သာ​မ​က နောင်​ဘ​ဝ​၌​လည်း ထာ​ဝ​ရ​အ​သက်​ကို​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

အ​သေ​သတ်​ခြင်း​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း တ​တိ​ယ​အ​ကြိမ်​ဖော်​ပြ​တော်​မူ​ခြင်း

31သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``နား​ထောင်​ကြ​လော့။ ငါ တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက် ရှိ​ကြ​၏။ လူ​သား​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​များ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​လိမ့်​မည်။- 32လူ​သား​ကို​လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ ကြ​လိမ့်​မည်။ သူ့​ကို​ပြောင်​လှောင်​စော်​ကား​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။- 33ကြိမ်​ဒဏ်​ပေး​၍​အ​သေ​သတ်​ကြ​လိမ့်​မည်။ ထို နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​လူ​သား​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

34သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏ စ​ကား​တစ်​ခွန်း​ကို​မျှ​နား​မ​လည်​ကြ။ ထို စ​ကား​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​သည်​ကွယ်​ဝှက် လျက်​နေ​သ​ဖြင့် ကိုယ်​တော်​၏​မိန့်​တော်​မူ​ချက် ကို​နား​မ​လည်​ကြ။

မျက်​မ​မြင်​သူ​တောင်း​စား​ကို မျက်​စိ​မြင်​စေ​တော်​မူ​ခြင်း

35သ​ခင်​ယေ​ရှု​သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ မျက်​မ​မြင်​တစ်​ဦး သည်​လမ်း​နား​မှာ​ထိုင်​၍​တောင်း​စား​လျက်​နေ​၏။- 36သူ​သည်​လူ​ပ​ရိ​သတ်​များ​သွား​ကြ​သံ​ကို ကြား​လျှင်​အ​ကြောင်း​ကို​စုံ​စမ်း​မေး​မြန်း​၏။

37လူ​တို့​က​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကြွ​လာ တော်​မူ​လျက်​ရှိ​ကြောင်း​ပြော​ကြ​၏။

38ထို​သူ​က ``ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ် ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။

39ရှေ့​တွင်​ရှိ​သည့်​လူ​များ​က​သူ့​အား​တိတ်​တိတ် နေ​ရန်​ငေါက်​ငမ်း​ပြော​ဆို​ကြ​၏။ သို့​သော်​လည်း သူ​သည် ``ဒါ​ဝိဒ်​၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို သ​နား​တော်​မူ​ပါ'' ဟု​ပို​၍​ပင်​ဟစ်​အော်​လေ​၏။

40သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ လျက် ``ထို​သူ​အား​ခေါ်​ခဲ့​ပါ'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​အ​နီး​သို့​ရောက်​လျှင်၊- 41ကိုယ်​တော်​က ``သင့်​အ​တွက်​အ​ဘယ်​အ​ရာ​ကို ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။

မျက်​မ​မြင်​က ``အ​ရှင်၊ အ​ကျွန်ုပ်​အား​မျက်​စိ မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​၏။

42သ​ခင်​ယေ​ရှု​က ``မျက်​စိ​မြင်​စေ။ သင်​၏ ယုံ​ကြည်​ခြင်း​သည်​သင့်​မျက်​စိ​ကို​မြင်​စေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

43ထို​ခ​ဏ​၌​သူ​သည်​မျက်​စိ​မြင်​လာ​၏။ ထို​နောက် ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး လျက် ကိုယ်​တော်​၏​နောက်​သို့​လိုက်​လေ​၏။ ထို​အ​ခြင်း အ​ရာ​ကို​မြင်​လျှင် လူ​အ​ပေါင်း​တို့​သည်​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။

Artistic illustration — an interpretation, not a historical record.

Did you know?

Prayer, Humility, and Mercy on the Way

  • As Jesus draws near Jericho, a blind man sits begging beside the road. Easton's Bible Dictionary (1897) calls Jericho a “place of fragrance”: a fenced city amid a vast grove of palm trees on the plain of the Jordan, about five miles west of the river, and the most important city of that valley.Sources: the Bible text itself · Jericho
  • The crowd tells the blind man that Jesus of Nazareth is passing by, and he cries out, “Son of David, have mercy on me.” David, whose name is explained as “beloved,” was the eighth and youngest son of Jesse and a citizen of Bethlehem; Nazareth, which is not mentioned in the Old Testament, was the home of Joseph and Mary.Sources: the Bible text itself · David · Nazareth
  • Jesus takes the Twelve aside and tells them they are going up to Jerusalem, where everything the prophets wrote about the Son of Man will be fulfilled. The name is in a dual form meaning “possession of peace” or “foundation of peace,” probably referring to the mountains Zion and Moriah on which the city was built, though some connect it with the upper and lower city; Jerusalem is also called the holy city and described as a mountain city.Sources: the Bible text itself · Jerusalem

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Jerusalem · 31.777, 35.234 · verse 31
  • Jericho · Today: Tell el Alayiq · 31.852, 35.436 · verse 35
  • Nazareth · 32.702, 35.298 · verse 37

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Source: http://ebible.org/mya/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.