Nations Bible

Leviticus 22

Common Language Bible · Tap a verse to see its cross-references.

ပူ​ဇော်​သ​ကာ​များ​သန့်​ရှင်း​ခြင်း

1ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​အာ​ရုန် နှင့်​သူ​၏​သား​တို့​အား``သင်​တို့​သည်​ငါ​၏​နာ​မ တော်​ကို​မ​ရှုတ်​ချ​မိ​စေ​ရန် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ကို ငါ့​အား ဆက်​သ​ရာ​၌​ရို​သေ​လေး​စား​မှု​ရှိ​ရ​မည်။ ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။- 3သင်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​ရှင်း​သူ​သည်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် သူ သည်​နောက်​တစ်​ဖန်​ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော​ဝတ် ကို​မ​ဆောင်​ရွက်​ရ။ ဤ​ပ​ညတ်​ကို​သင်​တို့ ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

4``အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ထဲ​မှ ကိုယ်​ရေ​ပြား ရော​ဂါ​စွဲ​သော​သူ​ဖြစ်​စေ၊ ရိ​နာ​စွဲ​သူ​ဖြစ်​စေ၊ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​မ​ရ​ရှိ မီ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​များ ကို​မ​စား​ရ။ ယဇ်​ပု​ရော​ဟိတ်​သည်​လူ​သေ​နှင့် ထိ​၍ မ​သန့်​စင်​သော​အ​ရာ​ရှိ​သ​မျှ​ကို​ကိုင် တွယ်​မိ​လျှင်​သော်​လည်း​ကောင်း၊ သုက်​ရည်​ယို လျှင်​သော်​လည်း​ကောင်း၊- 5မ​သန့်​စင်​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​လူ​ကို ထိ​မိ​လျှင်​သော်​လည်း​ကောင်း မ​သန့်​စင်​ဘဲ ဖြစ်​လိမ့်​မည်။- 6ထို​သို့​သော​ယဇ်​ပု​ရော​ဟိတ်​သည်​ည​ဦး​တိုင် အောင်​မသန့်​စင်​ချေ။ သူ​သည်​ရေ​ချိုး​ပြီး​မှ ငါ့​အား​ဆက်​ကပ်​သော​ပူ​ဇော်​သ​ကာ​ကို စား​နိုင်​သည်။- 7နေ​ဝင်​ပြီး​လျှင်​သူ​သည်​သန့်​စင်​လာ​သ​ဖြင့် သူ​၏​စား​စ​ရာ​ဖြစ်​သော​ပူ​ဇော်​သ​ကာ ကို​စား​နိုင်​သည်။- 8သူ​သည်​သ​ဘာ​ဝ​အ​လျောက်​သေ​သော တိ​ရစ္ဆာန်​သို့​မ​ဟုတ်​သား​ရဲ​ကိုက်​သတ်​၍​သေ သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​မ​စား​ရ။ ယင်း သို့​စား​လျှင်​သူ​သည်​မ​သန့်​စင်​ချေ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

9``ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့​သည် ငါ​၏ ပ​ညတ်​များ​ကို​လိုက်​နာ​ရ​ကြ​မည်။ ယင်း​သို့ မ​လိုက်​နာ​လျှင်​ပ​ညတ်​တော်​များ​ကို​ချိုး ဖောက်​သော​ကြောင့် သူ​တို့​သည်​အ​ပြစ်​ကူး လွန်​သ​ဖြင့်​သေ​ရ​ကြ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သူ​တို့​ကို​သန့်​ရှင်း စေ​တော်​မူ​၏။

10``ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​ပါ​ဝင်​သူ သာ​လျှင် သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​ကို​စား နိုင်​သည်။ ယဇ်​ပု​ရော​ဟိတ်​နှင့်​အ​တူ​နေ​ထိုင် သော​သူ​နှင့်၊ သူ​ငှား​တို့​သည်​ပူ​ဇော်​သ​ကာ ကို​မ​စား​ရ။- 11သို့​ရာ​တွင်​မိ​မိ​ငွေ​ဖြင့်​ဝယ်​သော​ကျွန်​သို့ မ​ဟုတ် မိ​မိ​အိမ်​၌​မွေး​ဖွား​သော​ကျွန်​တို့ သည်​ယဇ်​ပု​ရော​ဟိတ်​၏​အ​စား​အ​စာ​ကို စား​နိုင်​သည်။- 12ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ​တစ်​ယောက်​နှင့် ထိမ်း​မြား​စုံ​ဖက်​သော ယဇ်​ပု​ရော​ဟိတ်​၏ သ​မီး​သည်​သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ ကို​မ​စား​ရ။- 13သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​၏​သ​မီး​သည် ခင်​ပွန်း​သေ​လျှင်​ဖြစ်​စေ၊ ခင်​ပွန်း​နှင့်​ကွာ​ရှင်း ပြီး​လျှင်​ဖြစ်​စေ​သား​သ​မီး​မ​ရှိ​သ​ဖြင့် ဖ​ခင်​အိမ်​သို့​ပြန်​ရောက်​နေ​ထိုင်​ခဲ့​သည်​ရှိ သော်​ဖ​ခင်​၏​အ​စား​အ​စာ​ကို​စား​နိုင် သည်။ ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​ပါ​ဝင် သူ​သာ​လျှင်​ပူ​ဇော်​သ​ကာ​ကို​စား​နိုင်​သည်။

14``ယဇ်​ပု​ရော​ဟိတ်​၏​မိ​သား​စု​၌​မ​ပါ​ဝင် သူ​သည် သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​ကို​အ​မှတ် မဲ့​စား​မိ​လျှင် ယဇ်​ပု​ရော​ဟိတ်​အား​ထို​အ​စား အ​စာ​၏​တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း ထပ်​ဆောင်း​၍​ပေး​လျော်​ရ​မည်။- 15ယဇ်​ပု​ရော​ဟိတ်​များ​သည်​သန့်​ရှင်း​သော​ပူ ဇော်​သ​ကာ​ကို​မ​စား​ထိုက်​သော​သူ​အား​စား စေ​ခြင်း​ဖြင့် ပူ​ဇော်​သ​ကာ​ကို​မ​ညစ်​ညမ်း​စေ ရ၊ ထို​ပူဇော်​သ​ကာ​ကို​မ​စား​ထိုက်​သူ​သည်​စား မိ​လျှင်​အ​ပြစ်​ကူး​လွန်​၍​ဒဏ်​ခံ​ရ​မည်။ ငါ သည်​ထာ​ဝ​ရ​ဘုရား​ဖြစ်​၏။ ငါ​သည်​ပူ​ဇော် သ​ကာ​များ​ကို​သန့်​ရှင်း​စေ​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။

17ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အား​အောက်​ပါ ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ နိုင်​ငံ​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ ကတိ​သစ္စာ​အ​လျောက်​သော်​လည်း​ကောင်း၊ စေ တ​နာ​အ​လျောက်​သော်​လည်း​ကောင်း​မီး​ရှို့ ရာ​ယဇ်​ကို​ပူ​ဇော်​သည့်​အ​ခါ​ယဇ်​ကောင်​၌ အ​နာ​အ​ဆာ​မ​ရှိ​စေ​ရ၊- 19အ​နာ​အ​ဆာ​ကင်း​သော​ယဇ်​ကောင်​အ​ထီး ကို​သာ​ငါ​လက်​ခံ​မည်၊- 20သင်​တို့​သည်​အ​နာ​အ​ဆာ​ရှိ​သော​ယဇ်​ကောင် ကို​ပူ​ဇော်​လျှင် ငါ​လက်​ခံ​မည်​မ​ဟုတ်၊- 21တစ်​စုံ​တစ်​ယောက်​သည်​ငါ့​အား​မိတ်​သ​ဟာ​ယ ယဇ်​ပူ​ဇော်​သည့်​အ​ခါ က​တိ​သစ္စာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ စေ​တ​နာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ ငါ​လက်​ခံ​နိုင်​ရန် ယဇ်​ကောင်​တွင်​အ​နာ​အ​ဆာ​ကင်း​ရ​မည်။- 22မျက်​စိ​ကန်း​သော​တိ​ရစ္ဆာန်၊ ခြေ​လက်​ပြတ် သော​တိ​ရစ္ဆာန်၊ ပြည်​ထွက်​သော​အ​နာ​ရှိ​သည့် တိ​ရစ္ဆာန်၊ အ​ရေ​ပြား​တွင်​ယား​နာ၊ ဝဲ​နာ​စွဲ သော​တိ​ရစ္ဆာန်​တို့​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ မ​ပူ​ဇော်​ရ။- 23ပု​ကွ​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​ပုံ​ပန်း​မ​ကျ သော​တိ​ရစ္ဆာန်​ကို မိ​မိ​စေ​တ​နာ​အ​လျောက် ပူ​ဇော်​သော​ယဇ်​အ​ဖြစ်​ဆက်​သ​နိုင်​သော် လည်း က​တိ​သစ္စာ​အ​လျောက်​ပူ​ဇော်​သော ယဇ်​အ​ဖြစ်​မ​ဆက်​သ​နိုင်။- 24ဝှေး​စေ့​များ​ကို​ထု​ချေ​ခြင်း၊ လှီး​ဖြတ်​ခြင်း၊ အ​နာ​တ​ရ​ဖြစ်​ခြင်း၊ စုတ်​ပြတ်​ခြင်း​ခံ​ရ သော​တိ​ရစ္ဆာန်​ကို​ငါ့​အား​မ​ပူ​ဇော်​ရ။ သင် တို့​ပြည်​တွင်​ထို​ကဲ့​သို့​သော​တိ​ရစ္ဆာန်​များ ကို​မ​ပူ​ဇော်​ရ။

25လူ​မျိုး​ခြား​ထံ​မှ ရ​ရှိ​သော​တိ​ရစ္ဆာန်​ကို ပူ​ဇော်​သကာ​အ​ဖြစ်​မ​ပူ​ဇော်​ရ။ ထို​ကဲ့​သို့ သော​တိ​ရစ္ဆာန်​သည် အ​နာ​အ​ဆာ​ရှိ​သည်​ဟု ယူ​ဆ​ရ​မည်​ဖြစ်​သော​ကြောင့်​ယင်း​ကို​မ​ပူ ဇော်​ရ။

26သိုး၊ နွား၊ ဆိတ်​သား​ပေါက်​များ​ကို မိ​ခင်​နှင့် ခု​နစ်​ရက်​နေ​စေ​ပြီး​မှ​သာ ပူ​ဇော်​သ​ကာ အ​ဖြစ်​ပူ​ဇော်​နိုင်​သည်။- 28နွား​မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ သိုး မ​နှင့်​၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ၊ ဆိတ်​မ​နှင့် ၎င်း​၏​သား​ပေါက်​ကို​ဖြစ်​စေ​တစ်​နေ့​တည်း မ​ပူ​ဇော်​ရ။- 29သင်​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ သင်​တို့​ထာ​ဝ​ရ​ဘု​ရား ၏​စိတ်​တော်​နှင့်​တွေ့​နိုင်​ရန်​ပြ​ဋ္ဌာန်း​ချက်​များ အ​တိုင်း​ပူ​ဇော်​ရ​မည်။- 30ယဇ်​ကောင်​၏​အ​သား​ကို​နေ့​ချင်း​စား​ရ​မည်။ နက်​ဖြန်​နံ​နက်​အ​ထိ​မ​ကြွင်း​ကျန်​စေ​ရ။

31ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ပ​ညတ်​များ​ကို လိုက်​နာ​ကြ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။- 32ငါ​၏​နာ​မ​တော်​ကို​မ​ရှုတ်​ချ​ရ။ ငါ​သည် သန့်​ရှင်း​တော်​မူ​ကြောင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​သိ​မှတ်​ဝန်​ခံ​ရ​ကြ မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​၏။- 33ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ်​ခြင်း​ငှာ​သင် တို့​အား​အီဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​၏။ ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု မိန့်​တော်​မူ​၏။

Artistic illustration — an interpretation, not a historical record.

Did you know?

Holiness in Offerings and the Priesthood

  • The sacred offerings contributed by Israelites were designated as food for the priests and their households. However, strict rules governed who could eat them: an unclean descendant of Aaron was barred until evening after washing, outsiders and hired hands were excluded, while a purchased or home-born servant could partake.Sources: the Bible text itself
  • Animals brought as sacrifices for burnt offerings or peace offerings had to be without blemish, such as blindness, injuries, sores, or physical deformities. In addition, newborn livestock had to remain with their mother for seven days before becoming eligible for sacrifice on the eighth day.Sources: the Bible text itself
  • If a non-priest unintentionally ate of the sacred food, the law required full restitution plus an additional fifth of its value paid to the priest. This ensured sacred contributions consecrated to God were not treated carelessly by the community.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Egypt · 30.129, 31.308 · verse 33

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Source: http://ebible.org/mya/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.