Joshua 18
Common Language Bible · Tap a verse to see its cross-references.
ကျန်သောနယ်မြေခွဲဝေပေးခြင်း
1တစ်ပြည်လုံးကိုတိုက်ခိုက်အောင်မြင်ပြီး သည်နောက်ဣသရေလအမျိုးသားတို့သည် ရှိလောမြို့သို့စုဝေးရောက်ရှိလာပြီးလျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲ တော်ကိုတည်ဆောက်ကြ၏။- 2ဣသရေလအနွယ်တို့အားနယ်မြေခွဲဝေ ၍မပေးရသေးချေ။- 3သို့ဖြစ်၍ယောရှုကဣသရေလအမျိုး သားတို့အား``သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကသင်တို့ကို ပေး တော်မူသောပြည်ကိုမသိမ်းယူဘဲအဘယ် မျှကြာအောင်စောင့်ဆိုင်းနေကြပါမည်နည်း။- 4သင်တို့၏အနွယ်တစ်နွယ်လျှင်သုံးယောက် ကျရွေးချယ်၍ငါ့ထံသို့ခေါ်ဆောင်ခဲ့လော့။ ထိုသူတို့သည်မိမိတို့အတွက် နှစ်သက်ရာ နယ်မြေကိုပိုင်းခြားသတ်မှတ်ပေးရန်သူ တို့အားတစ်ပြည်လုံးသို့ငါစေလွှတ်မည်။ သူတို့သည်ယင်းသို့နယ်မြေတို့ကိုသတ်မှတ် ပေးပြီးသောအခါ ငါ့ထံသို့ပြန်လာရ ကြမည်။- 5ထိုပြည်ကိုခုနစ်ပိုင်းပိုင်းခြားရမည်။ ယုဒ အနွယ်ဝင်တို့သည်မိမိတို့၏တောင်ဘက်နယ် မြေ၌လည်းကောင်း၊ ယောသပ်အနွယ်ဝင်တို့ သည်မိမိတို့၏မြောက်ဘက်နယ်မြေ၌လည်း ကောင်းနေထိုင်ရကြမည်။- 6နယ်မြေခုနစ်ပိုင်းတို့ကိုပိုင်းခြားရေးသား ၍ငါ့ထံသို့တင်သွင်းလော့။ ထိုနောက်ငါသည် ငါတို့၏ဘုရားသခင်ထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေခြင်းငှာမဲချ ၍ခွဲဝေပေးမည်။- 7လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ယဇ်ပုရောဟိတ်များအဖြစ်အမှုတော် ထမ်းဆောင်ရကြမည်ဖြစ်သောကြောင့် သင် တို့ကဲ့သို့နယ်မြေဝေစုရမည်မဟုတ်။ ဂဒ် အနွယ်၊ ရုဗင်အနွယ်နှင့်အရှေ့မနာရှေ အနွယ်တို့သည် ထာဝရဘုရား၏အစေ ခံမောရှေခွဲဝေပေးခဲ့သည့်အတိုင်း ယော်ဒန် မြစ်အရှေ့ဘက်ရှိနယ်မြေကိုရရှိကြပြီ'' ဟုဆိုလေ၏။
8ယောရှုစေခိုင်းသည့်အတိုင်းထိုသူတို့ သည်နယ်မြေကိုသတ်မှတ်ရန်ထွက်သွားကြ ၏။ ယောရှုက``သင်တို့သည်တိုင်းပြည်တစ် လျှောက်လုံးသို့သွား၍နယ်မြေများကိုပိုင်း ခြားသတ်မှတ်လော့။ ထိုနောက်ငါ့ထံသို့ပြန် လာရမည်။ ထိုအခါငါသည်ဤရှိလောမြို့ တွင်သင်တို့ရရှိမည့်နယ်မြေများကို ထာဝရဘုရား၏အလိုတော်အတိုင်း ဖြစ်စေရန်မဲချ ၍ခွဲဝေပေးမည်'' ဟုမှာကြားလိုက်၏။- 9သို့ဖြစ်၍သူတို့သည်တိုင်းပြည်တစ်လျှောက် လုံးသို့သွားပြီးလျှင် ပါဝင်သောမြို့များ စာရင်းနှင့်တကွနယ်မြေခုနစ်ခုကိုပိုင်း ခြားရေးမှတ်၍ရှိလောမြို့စခန်းတွင်ရှိ နေသောယောရှုထံသို့ပြန်လာကြ၏။- 10ယောရှုသည်လည်းထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေရန်မဲချ ၍ဣသရေလအနွယ်တို့အားနယ်မြေ များကိုခွဲဝေပေးလေသည်။
ဗင်္ယာမိန်အနွယ်အားခွဲဝေပေးသောနယ်မြေ
11ဗင်္ယာမိန်အနွယ်မိသားစုတို့ရရှိမည့်နယ် မြေကိုဦးစွာသတ်မှတ်ပေးလေသည်။ သူတို့ အတွက်နယ်မြေသည်ယုဒအနွယ်နှင့် ယော သပ်အနွယ်တို့၏နယ်မြေများစပ်ကြား တွင်တည်ရှိသည်။- 12သူတို့၏နယ်မြေမြောက်ဘက်နယ်နိမိတ်သည် ယော်ဒန်မြစ်တွင်အစပြု၍ ယေရိခေါမြို့ မြောက်ဘက်ရှိတောင်စောင်းသို့တက်ပြီးလျှင် အနောက်သို့ဗေသဝင်တောကန္တာရတိုင် အောင်တောင်ကုန်းဒေသကိုဖြတ်သန်း သွားလေသည်။- 13တစ်ဖန်လုဇမြို့(ဗေသလမြို့ဟူ၍လည်း ခေါ်တွင်သည်) တောင်ဘက်ရှိတောင်စောင်းသို့ တက်ပြီးလျှင်အောက်ဗက်ဟောရုန်မြို့တောင် ဘက်၊ တောင်ပေါ်ရှိအတရုတ်အဒ္ဒါမြို့သို့ ရောက်သည်။- 14ထိုနောက်နယ်နိမိတ်သည်ထိုတောင်အနောက် ဘက်မှယုဒအနွယ်ပိုင်သောကိရယတ် ဗာလမြို့(သို့မဟုတ်ကိရယယာရိမ်မြို့) အထိတောင်ဘက်သို့ဆင်းလာသည်။ ဤ သည်ကားအနောက်ဘက်နယ်နိမိတ်ဖြစ်၏။- 15တောင်ဘက်နယ်နိမိတ်သည်ကိရယတ် ယာရိမ်မြို့စွန်မှအစပြု၍ နေဖတော စမ်းရေတွင်းများသို့ရောက်သည်။- 16ထိုနောက်ရေဖိမ်ချိုင့်ဝှမ်းမြောက်ဘက်ရှိဟိန္နုံ ချိုင့်ဝှမ်းအနီးတောင်ခြေသို့ရောက်သည်။ တစ် ဖန်ယေဗုသိတောင်တန်းတောင်ဘက်ရှိဟိန္နုံ ချိုင့်ဝှမ်းကိုဖြတ်၍တောင်ဘက်အင်္ရော ဂေလရွာသို့ရောက်သည်။- 17ထိုမှတစ်ဖန်မြောက်ဘက်အင်ရှေမက်ရွာသို့ ကွေ့ပြီးလျှင် အဒုမ္မိမ်တောင်ကြားတစ်ဘက် တွင်ရှိသောဂေလိလုတ်ရွာသို့ရောက်သည်။ ထိုနောက်ဗောဟန်၏ကျောက်(ဗောဟန်သည်ရုဗင် ၏သားဖြစ်၏) သို့ဆင်းလာပြီးလျှင်၊- 18ယော်ဒန်မြစ်ဝှမ်းအနီးရှိတောင်တန်းမြောက် ဘက်မှဖြတ်သွားသည်။ တစ်ဖန်ဗက်ဟောဂလ တောင်တန်းမြောက်ဘက်မှဖြတ်၍မြစ်ဝှမ်းထဲ သို့ဆင်းလာပြီးလျှင် ပင်လယ်သေမြောက်ဘက် ယော်ဒန်မြစ်ဝ၌အဆုံးသတ်သည်။ ဤသည် ကားတောင်ဘက်နယ်နိမိတ်ဖြစ်၏။- 20ယော်ဒန်မြစ်သည်နယ်မြေ၏အရှေ့ဘက်နယ် နိမိတ်ဖြစ်သည်။ အထက်ဖော်ပြပါနယ်နိမိတ် သည်ဗင်္ယာမိန်အနွယ်ဝင်မိသားစုတို့ပိုင် သောနယ်မြေ၏နယ်နိမိတ်ဖြစ်သည်။
21ဗင်္ယာမိန်အနွယ်မိသားစုတို့၏နယ်မြေ အတွင်းရှိမြို့များမှာ ယေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊- 22ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊- 23အာဝိမ်မြို့၊ ပါရမြို့၊ သြဖရာမြို့၊- 24ခေဖာဟာမောနဲမြို့၊ သြဖနိမြို့၊ ဂါဘမြို့ စသောမြို့ကြီးတစ်ဆယ်နှစ်မြို့နှင့်ယင်းတို့ ၏ပတ်ဝန်းကျင်ရှိမြို့များဖြစ်သည်။- 25ထို့အပြင်ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊- မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊- ရေကင် မြို့၊ ဣရပေလမြို့၊ တာရလမြို့၊- 28ဇေလမြို့၊ ဧလပ်မြို့၊ ယေဗုသိမြို့၊(သို့မ ဟုတ်ယေရုရှလင်မြို့၊) ဂိဗတ်မြို့၊ ကိရယတ် ယာရိမ်မြို့စသောမြို့ကြီးတစ်ဆယ်လေး မြို့နှင့်ယင်းတို့၏ပတ်ဝန်းကျင်ရှိမြို့များ လည်းပါဝင်သည်။ ဤနယ်မြေသည်ဗင်္ယာမိန် အနွယ်မိသားစုတို့ပိုင်သောနယ်မြေဖြစ် သည်။

Did you know?
Assembly at Shiloh and Benjamin's Allotment
- The assembly of Israel established the Tent of Meeting at Shiloh, a city in Ephraim north of Bethel. This made Shiloh the central place of worship and the staging ground for distributing the remaining land to the tribes.Sources: the Bible text itself · Shiloh
- To divide the territory among the seven remaining tribes, Joshua sent three men from each tribe to walk the land and record a detailed description of seven portions. Joshua then cast lots in the presence of the LORD at Shiloh to assign each allotment.Sources: the Bible text itself
- The first lot among the seven tribes fell to Benjamin, situated between the territories of Judah to the south and the house of Joseph to the north. This compact allotment included prominent cities such as Jericho, Bethel, and Jebus (Jerusalem).Sources: the Bible text itself · Benjamin (patriarch)
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
- Shiloh · Today: Khirbet Seilun · 32.056, 35.290 · verses 1, 8, 9, 10
- Jordan · Today: Jordan River · 31.761, 35.558 · verses 7, 12, 19, 20
- Jericho · Today: Tell es Sultan · 31.872, 35.445 · verses 12, 21
- Lower Beth-horon · Today: Beit Ur al Tahta · 31.895, 35.084 · verse 13
- Luz · Today: Beitin · 31.923, 35.241 · verse 13
- Beth-horon · Today: Beit Ur al Tahta · 31.895, 35.084 · verse 14
- Kiriath-jearim · Today: Deir el Azar · 31.809, 35.104 · verses 14, 15, 28
- Valley of Hinnom · Today: Hinnom Valley · 31.769, 35.228 · verse 16
- Valley of Rephaim · 31.763, 35.219 · verse 16
- Adummim · 31.817, 35.362 · verse 17
- Arabah · 30.417, 35.151 · verse 18
- Salt Sea · Today: Dead Sea · 31.500, 35.500 · verse 19
- Gibeon · Today: El Jib · 31.847, 35.183 · verse 25
- Mizpeh · Today: Tell en Nasbeh · 31.885, 35.216 · verse 26
- Jerusalem · 31.777, 35.234 · verse 28
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org