Joel 1
Common Language Bible · Tap a verse to see its cross-references.

About this book
About Joel
- The dictionary lists Joel as the second of the twelve minor prophets. He was the son of Pethuel, a name explained there as Vision of God, and his personal history is known only from his book.Sources: Joel · Pethuel
- Easton's Bible Dictionary (1897) says Joel was probably a resident of Judah, since his commission was to that people, and that he often mentions Judah and Jerusalem. It also says he probably flourished in the reign of Uzziah, about 800 B.C., and was a contemporary of Amos and Isaiah.Sources: Easton: Joel, Book of
- Jerusalem, which the book names often, is described as a mountain city built on heights that include Zion, the southeastern hill that became the city of David. The opening prophecy warns of a great public calamity then impending over the land: want of water and an extraordinary plague of locusts.Sources: Easton: Joel, Book of · Jerusalem · Zion
- Easton's Bible Dictionary (1897) says that the prophet then calls his countrymen to repent and turn to God, assures them of God's readiness to forgive, and foretells the restoration of the land to its accustomed fruitfulness. The same entry next describes a prophecy it calls Messianic, which it says Peter quotes, and ends with portents and judgments destined to fall on the enemies of God.Sources: Easton: Joel, Book of
- One notable detail is the chapter numbering at the end of the book. Easton's Bible Dictionary (1897) presents the closing section as chapter 3, while noting that in the Hebrew text it is chapter 4.Sources: Easton: Joel, Book of
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
1ဤဗျာဒိတ်တော်သည်ပေသွေလ၏သားယောလအား ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်ဖြစ်၏။
ကောက်ပဲသီးနှံများပျက်စီးသဖြင့်လူတို့ဝမ်းနည်းကြေကွဲကြခြင်း
2အချင်းအသက်ကြီးသူတို့ငါပြောသည်ကိုအာရုံစိုက်ကြလော့။
ယုဒပြည်သူအပေါင်းတို့နားထောင်ကြလော့။
သင်တို့ခေတ်၌သော်လည်းကောင်းသင်တို့ဘိုးဘေးများ၏ခေတ်၌သော်လည်းကောင်း၊
ဤအမှုအရာမျိုးဖြစ်ပျက်ဖူးသလော။
3ဤအချင်းအရာကိုသင်တို့၏သားသမီးများအား ပြောကြားကြလော့။
သူတို့သည်မိမိတို့သားသမီးများအားပြောကြားလျက်၊
ထိုသားသမီးများကလည်းနောင်တစ်ခေတ်မှလူတို့အားပြောကြားကြလိမ့်မည်။
4ကျိုင်းကောင်များသည်တစ်အုပ်ပြီးတစ်အုပ်
ကောက်ပဲသီးနှံများအပေါ်သို့သက်ဆင်းကြ၏။
ကျိုင်းကောင်တစ်အုပ်စား၍ကြွင်းသောအရာကိုအခြားတစ်အုပ်ကစားကြလေသည်။
5အချင်းသေသောက်ကြူးတို့နိုးထ၍ငိုကြွေးကြလော့။
အချင်းစပျစ်ရည်သမားတို့ငိုကြွေးမြည်တမ်းကြလော့။
စပျစ်ရည်သစ်ပြုလုပ်ရန်စပျစ်သီးများပျက်စီးကုန်ပြီ။
6ကျိုင်းကောင်အုပ်ကြီးသည်ငါတို့ပြည်ကိုတိုက်ခိုက်လှလေပြီ။
သူတို့သည်အားအင်ကြီး၍မရေမတွက်နိုင်အောင်များပြားကြ၏။
သူတို့၏သွားများသည်ခြင်္သေ့သွားကဲ့သို့ထက်မြက်၏။
7သူတို့သည်ငါတို့၏စပျစ်နွယ်များကိုဖျက်ဆီးကာ၊
ငါတို့သဖန်းပင်များကိုကိုက်ဖြတ်ပစ်ကြ၏။
သူတို့သည်၊အကိုင်းအခက်များဖြူသွားသည်တိုင်အောင်၊
သစ်ခေါက်များကိုအကုန်အစင်သုတ်သင်ပယ်ရှင်းကြလေပြီ။
8အချင်းလူတို့သင်တို့သည်ကြင်ယာလောင်းသေသဖြင့်၊
ငိုကြွေးမြည်တမ်းသည့်အမျိုးသမီးကလေးကဲ့သို့ငိုကြွေးမြည်တမ်းကြလော့။
9ဗိမာန်တော်တွင်ပူဇော်ဆက်သရန်ဂျုံဆန်သော်လည်းကောင်း
စပျစ်ရည်သော်လည်းကောင်းမရှိတော့ပေ။
မိမိတို့ထံတွင်ထာဝရဘုရားအတွက်
ပူဇော်သကာများမရှိသဖြင့်ယဇ်ပုရောဟိတ်တို့သည်ငိုကြွေးမြည်တမ်းကြကုန်၏။
10လယ်ယာများသည်ကောက်ပင်ကင်းလျက်နေ၏။
ဂျုံဆန်များသည်ပျက်စီး၍စပျစ်သီးများမှာခြောက်သွေ့ကုန်လျက်၊
သံလွင်ပင်များသည်ညှိုးနွမ်းသွားကြ၏။
ထို့ကြောင့်မြေကြီးသည်ငိုကြွေးမြည်တမ်းလေတော့၏။
11အချင်းလယ်သမားတို့ဝမ်းနည်းပူဆွေးကြလော့။
ဂျုံစပါးမုယောစပါးမှစ၍အသီးအနှံရှိသမျှတို့သည်ပျက်စီးသွားလေပြီ။
ထို့ကြောင့်အချင်းစပျစ်ဥယျာဉ်မှူးတို့ငိုကြွေးကြလော့။
12စပျစ်နွယ်ပင်များနှင့်သဖန်းပင်တို့သည်ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။
သီးပင်မှန်သမျှတို့သည်ညှိုးနွမ်း၍သေကြလေကုန်ပြီ။
လူတို့မှာလည်းပျော်ရွှင်မှုမရှိတော့ပေ။
13ယဇ်ပလ္လင်အမှုတော်ဆောင်
အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။
ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍
ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။
သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။
14အစာရှောင်ကြရန်အမိန့်များကိုထုတ်ပြန်ကာလူထုစည်းဝေးပွဲတစ်ရပ်ကိုကျင်းပကြလော့။
သင်တို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်တွင်
ခေါင်းဆောင်များနှင့်၊ယုဒပြည်သားအပေါင်းကိုစုဝေးစေပြီးလျှင်၊
ကိုယ်တော်၏ထံတော်သို့ဟစ်အော်ကြလော့။
15ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက်ကာလသည်နီးကပ်လာလေပြီ။
ထိုကာလတွင်အနန္တတန်ခိုးရှင်သည်
ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော်မူလိမ့်မည်။
ထိုနေ့ရက်သည်အဘယ်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
16ငါတို့သည်မိမိတို့၏ကောက်ပဲသီးနှံများ
အဖျက်အဆီးခံရချိန်၌ပင်မည်သို့မျှမတတ်နိုင်၊ငေး၍ကြည့်နေရကြ၏။
ဘုရားသခင်၏ဗိမာန်တော်တွင်လည်းပျော်ရွှင်မှုမရှိတော့ပေ။
17မျိုးစေ့တို့သည်မြေခြောက်အောက်တွင်ပုပ်ပျက်၍သွားကြ၏။
သိုလှောင်ရန်ဂျုံဆန်မရှိတော့သဖြင့်
ဟာလာဟင်းလင်းဖြစ်လျက်နေသောစပါးကျီများသည်ယိုယွင်းပျက်စီး၍နေကြ၏။
18ကျွဲနွားတို့သည်စားကျက်များမရှိသဖြင့်ဒုက္ခရောက်ကာမြည်တွန်နေကြ၏။
သိုးအုပ်များသည်လည်းဒုက္ခရောက်ရကြလေသည်။
19စားကျက်များနှင့်သစ်ပင်များသည်
မီးသင့်လောင်သည့်အလားခြောက်သွေ့၍သွားကုန်၏။
သို့ဖြစ်၍ အို ထာဝရဘုရားကျွန်တော်မျိုးတို့သည်အထံတော်သို့ဟစ်အော်ကြပါ၏။
20စားကျက်များမီးသင့်လောင်ထားသကဲ့သို့
စမ်းချောင်းများသည်လည်းခန်းခြောက်၍သွားလေပြီ။
ထို့ကြောင့်တောတိရစ္ဆာန်များပင်လျှင်အထံတော်သို့ဟစ်အော်ကြပါ၏။

Did you know?
A Plague of Locusts and National Mourning
- Joel is listed as the second of the twelve Minor Prophets, identified only as the son of Pethuel, with no further details preserved about his personal life outside his prophetic book.Sources: Joel · Pethuel · the Bible text itself
- The chapter details an unprecedented agricultural crisis caused by successive waves of swarming locusts and severe drought, which stripped the bark off fig trees and devastated staple crops like wheat, barley, grapes, and olives.Sources: the Bible text itself
- Because the ruined harvest cut off the grain and drink offerings needed for regular worship at the temple, the prophet urged priests and community leaders to put on sackcloth, proclaim a public fast, and gather the people in prayer before the approaching Day of the LORD.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org