Judges 12
Common Language Bible · Tap a verse to see its cross-references.
ယေဖသနှင့်ဧဖရိမ်အမျိုးသားများ
1ဧဖရိမ်အမျိုးသားတို့သည်စစ်တိုက်ရန်ပြင် ဆင်ကြ၏။ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ် ကျော်ကာဇာဖုန်မြို့သို့ချီသွားပြီးလျှင် ယေဖသအား``သင်တို့သည်ငါတို့ကိုမခေါ် ဘဲအဘယ်ကြောင့်အမ္မုန်အမျိုးသားတို့အား ချီတက်တိုက်ခိုက်ခဲ့ပါသနည်း။ သင်ရှိရာ သင်၏အိမ်ကိုငါတို့မီးရှို့ဖျက်ဆီးပစ်မည်'' ဟုပြော၏။
2သို့ရာတွင်ယေဖသက``ငါနှင့်ငါ၏လူတို့ သည်အမ္မုန်အမျိုးသားတို့နှင့်ပြင်းပြင်းထန် ထန်ခိုက်ရန်ဖြစ်ခဲ့ကြ၏။ ငါသည်သင်တို့ကို ခေါ်သော်လည်း ငါတို့အားထိုသူတို့လက်မှ သင်တို့မကယ်ဘဲနေခဲ့ကြသည်။- 3ယင်းသို့ငါတို့အားသင်တို့ကယ်ကြမည့် ပုံမပေါ်သောအခါ ငါသည်အသက်စွန့်၍ အမ္မုန်အမျိုးသားတို့အားတိုက်ခိုက်ရန်ချီ သွားခဲ့ရပါသည်။ ထာဝရဘုရားကလည်း ငါ့အားသူတို့၏အပေါ်၌အောင်ပွဲခံစေ တော်မူ၏။ သို့ဖြစ်၍အဘယ်ကြောင့်သင် သည်ယခုငါ့အားလာရောက်တိုက်ခိုက် ပါသနည်း'' ဟုပြန်ပြော၏။- 4ထိုနောက်ယေဖသသည်ဂိလဒ်သူရဲအပေါင်း တို့ကိုစုရုံးစေလျက် ဧဖရိမ်အမျိုးသား တို့အားတိုက်ခိုက်လေသည်။ (ဧဖရိမ်ပြည် နှင့်မနာရှေပြည်တွင်နေထိုင်သောဂိလဒ် ပြည်သားတို့သည် သစ္စာဖောက်၍ဧဖရိမ် ပြည်မှထွက်သွားသူများဟူ၍စွပ်စွဲ ပြောဆိုခဲ့သတည်း။-) 5ဧဖရိမ်ပြည်သားတို့မလွတ်မြောက်နိုင်စေ ရန်ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ် တစ်ဘက်ကမ်းသို့ကူးဖြတ်နိုင်သည့်နေ ရာရှိသမျှကိုသိမ်းထားကြ၏။- 6ဧဖရိမ်ပြည်သားတစ်စုံတစ်ယောက်သည် ထွက်မြောက်နိုင်ရန် မြစ်ကိုဖြတ်ကူးခွင့်တောင်း ခံသည့်အခါတိုင်းဂိလဒ်ပြည်သားတို့ က``သင်သည်ဧဖရိမ်ပြည်သားလော'' ဟု မေးစစ်၏။ ``မဟုတ်ပါ'' ဟုဆိုလျှင်``ရှိဗော လက်'' ဟူသောစကားကိုဆိုစေ၏။ သို့ရာ တွင်အကယ်၍ထိုသူသည်စကားကို ပီသစွာမပြောနိုင်ဘဲ``သိဗောလက်'' ဟု ဆိုခဲ့သော်သူ့အားဖမ်းဆီး၍ယော်ဒန် မြစ်ကူးရာအရပ်၌သတ်ကြသည်။ ထို စစ်ပွဲ၌ဧဖရိမ်ပြည်သားလေးသောင်း နှစ်ထောင်ကျဆုံးရကြလေသည်။
7ယေဖသသည်ဣသရေလပြည်သူတို့ အားခြောက်နှစ်မျှခေါင်းဆောင်ပြီးနောက် ကွယ်လွန်သော် သူ၏ရုပ်အလောင်းကိုဂိလဒ် ပြည်ရှိသူ၏ဌာနေမြို့တွင်သင်္ဂြိုဟ်ကြ၏။
ဣဗဇန်၊ဧလုန်၊အာဗဒုန်
8ယေဖသကွယ်လွန်ပြီးနောက်ဣသရေလ လူမျိုးအား ခေါင်းဆောင်သူမှာဗက်လင်မြို့ သားဣဗဇန်ဖြစ်၏။ သူ၌သားသုံးဆယ် နှင့်သမီးသုံးဆယ်ရှိ၏။- 9သူသည်မိမိ၏သမီးတို့အားမိမိသား ချင်းစုဝင်မဟုတ်သူများနှင့်ထိမ်းမြား ပေး၍ မိမိသားများအားမိမိသားချင်း စုဝင်မဟုတ်သောအမျိုးသမီးများ နှင့်ထိမ်းမြားပေးလေသည်။ ဣဗဇန်သည် ဣသရေလအမျိုးအားခုနစ်နှစ်မျှ ခေါင်းဆောင်ရပြီးနောက်၊- 10ကွယ်လွန်သော်သူ၏ရုပ်အလောင်းကို ဗက်လင်မြို့တွင်သင်္ဂြိုဟ်ကြ၏။
11ဣဗဇန်ကွယ်လွန်ပြီးနောက် ဇာဗုလုန်မြို့သား ဧလုန်သည်ဆယ်နှစ်မျှ ဣသရေလလူမျိုး၏ ခေါင်းဆောင်ဖြစ်လာ၏။- 12ထိုနောက်သူသည်ကွယ်လွန်သော်သူ၏ရုပ် အလောင်းကို ဇာဗုလုန်နယ်မြေရှိအာဇလုန် မြို့၌သင်္ဂြိုဟ်ကြလေသည်။- 13ဧလုန်ကွယ်လွန်ပြီးနောက်ပိရသုန်မြို့နေဟိ လေလ၏သားအာဗဒုန်သည် ဣသရေလ လူမျိုးကိုခေါင်းဆောင်ရ၏။- 14သူ၌မြည်းတစ်ကောင်စီစီးနင်းသောသား လေးဆယ်နှင့်မြေးသုံးဆယ်ရှိ၏။ အာဗဒုန် သည်ဣသရေလလူမျိုးကိုရှစ်နှစ်မျှ ခေါင်းဆောင်ပြီးလျှင်၊- 15ကွယ်လွန်သော်သူ၏ရုပ်အလောင်းကိုအာ မလက်တောင်ကုန်းဒေသ၊ ဧဖရိမ်နယ်ရှိ ပိရသုန်မြို့၌သင်္ဂြိုဟ်ကြ၏။

Did you know?
Tribal Conflict and Succession of Judges
- The tense confrontation between the tribe of Ephraim and the Gileadites led to the capture of the Jordan River fords. Because the Ephraimite dialect lacked the 'sh' sound, soldiers identified fleeing Ephraimites by asking them to pronounce 'Shibboleth', killing those who pronounced it 'Sibboleth'.Sources: the Bible text itself · Gilead · Jordan
- Following Jephthah's six-year leadership, three successive judges governed Israel: Ibzan of Bethlehem for seven years, Elon of Zebulun for ten years, and Abdon of Pirathon for eight years.Sources: the Bible text itself · Ibzan · Elon · Abdon
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
- Ammon · 31.955, 35.934 · verses 1, 2, 3
- Jordan · Today: Jordan River · 31.761, 35.558 · verses 1, 5, 6
- Gilead · Today: Gilead 1 · 32.187, 35.692 · verses 4, 5, 7
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org