Nations Bible

Isaiah 12

Common Language Bible · Tap a verse to see its cross-references.

ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ဋ္ဌမ္မ​သီ​ချင်း

1``အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​အား၊ ကျွန်​တော်​မျိုး​ထော​မ​နာ​ပြု​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ယ​ခင်​က​ကျွန်​တော်​မျိုး​အား အ​မျက်​ထွက်​တော်​မူ​ခဲ့​သော်​လည်း၊

ယ​ခု​အ​ခါ​အ​မျက်​ထွက်​တော်​မ​မူ​တော့​ဘဲ နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ'' ဟု

လူ​တို့​သီ​ဆို​ကူး​ဧ​ကြ​မည့်​အ​ချိန်​ကာ​လ ရောက်​လာ​လိမ့်​မည်။

2``ဘု​ရား​သ​ခင်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ် တော်​မူ​၏။

ငါ​သည်​ကိုယ်​တော်​အား​ကြောက်​လန့်​၍​မ​နေ​ဘဲ ယုံ​ကြည်​ကိုး​စား​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​နှင့် ခွန်​အား​ကို

ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။

ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​တည်း။

3ရေ​ကောင်း​ရေ​သန့်​သည်​ရေ​ငတ်​သူ​တို့​အား ရွှင်​ပြ​စေ​သ​ကဲ့​သို့

ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည်၊

ကိုယ်​တော်​ကယ်​တင်​တော်​မူ​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​လိမ့်​မည်။

4ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကူ​မ​တော်​မူ​ရန်​တောင်း​လျှောက်​ကြ​လော့။

ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။

ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို သူ​တို့​အား​ပြော​ကြား​ကြ​လော့'' ဟု

လူ​တို့​သီ​ဆို​ကူး​ဧ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။

5``ကိုယ်​တော်​ပြု​တော်​မူ​သော​ကြီး​မြတ်​သည့် အ​မှု​တော်​တို့​အ​တွက်

ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး သီ​ဆို​ကြ​လော့။

ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​အား ထို​သ​တင်း​ကို​ကြေ​ညာ​ကြ​လော့။

6ဇိ​အုန်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​အား ကြွေး​ကြော်​သီ​ဆို​စေ​ကြ​လော့။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​သည်​ကြီး​မြတ်​တော်​မူ​၍၊

မိ​မိ​လူ​မျိုး​တော်​အ​လယ်​၌​ကျိန်း​ဝပ်​တော် မူ​၏။''

Did you know?

A Song of Praise and Salvation

  • Isaiah 12 is structured as a short hymn of thanksgiving, looking forward to a day of restoration when God's anger turns away and he becomes his people's strength, song, and salvation.Sources: the Bible text itself
  • The chapter directly addresses the inhabitants of Zion—the prominent hill in Jerusalem where King David established his citadel and city—calling on them to shout and sing because the Holy One of Israel dwells among them.Sources: the Bible text itself · Zion

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Zion · Today: Jerusalem · 31.777, 35.234 · verse 6

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Source: http://ebible.org/mya/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.