Nations Bible

Hebrews 8

Common Language Bible · Tap a verse to see its cross-references.

ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​သ​ခင်​ယေ​ရှု

1ယ​ခု​ဆို​ခဲ့​ပြီး​သော​အ​ကြောင်း​အ​ရာ​များ တွင် အ​ရေး​ကြီး​သည့်​အ​ချက်​မှာ ငါ​တို့​တွင်​ထို​သို့ သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ရှိ​ခြင်း​ပင်​ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​ရှိ​ဘုန်း​တန်​ခိုး​ရှင် ၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌​ထိုင်​နေ​တော်​မူ​၏။- 2ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် တည်း​ဟူ​သော​တဲ​တော်​စစ်​၌ အ​မှု​တော်​ဆောင် လျက်​နေ​တော်​မူ​၏။ ထို​တဲ​တော်​စစ်​ကား​လူ​တို့ တည်​ဆောက်​သော​တဲ​တော်​မ​ဟုတ်၊ ဘု​ရား​ရှင် တည်​ဆောက်​တော်​မူ​သော​တဲ​တော်​ဖြစ်​သ​တည်း။

3ယဇ်​ပု​ရော​ဟိတ်​မင်း​မည်​သည်​ပူ​ဇော်​သ​ကာ ဆက်​သ​ရန်​နှင့်​ယဇ်​ပူ​ဇော်​ရန်​ခန့်​ထား​ခြင်း​ခံ ရ​သူ​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​တို့​၏​ယဇ်​ပု​ရော ဟိတ်​မင်း​မှာ​လည်း​ဆက်​သ​ပူ​ဇော်​ရန် ပူ​ဇော် သ​ကာ​တစ်​စုံ​တစ်​ရာ​ရှိ​ရ​ပေ​မည်။- 4ကိုယ်​တော်​သည်​လော​က​တွင်​ရှိ​နေ​တော်​မူ​မည် ဆို​ပါ​လျှင် ယဇ်​ပု​ရော​ဟိတ်​လုံး​ဝ​ဖြစ်​နိုင်​လိမ့် မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ပညတ်​တ​ရား အ​ရ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​သူ​ယဇ် ပု​ရော​ဟိတ်​များ​ရှိ​သော​ကြောင့်​ပင်​ဖြစ်​၏။- 5ယဇ်​ပု​ရော​ဟိတ်​များ​ပြု​သော​အ​မှု​အ​ရာ​များ သည် ကောင်း​ကင်​ဘုံ​ရှိ​အ​မှု​အ​ရာ​များ​၏​ပုံ​တူ နှင့်​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ပေ​သည်။ မော​ရှေ ပြု​ခဲ့​သည့်​အ​မှု​အ​ရာ​များ​သည်​လည်း ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ပ​ဋိ​ညာဉ်​တဲ​တော်​ကို​တည်​ဆောက်​မည်​ပြု သော​အ​ခါ ဘု​ရား​သ​ခင်​က``တောင်​ပေါ်​တွင် သင့်​အား​ငါ​ပြ​ခဲ့​သည့်​ပုံ​စံ​နှင့်​အ​ညီ အ​လုံး စုံ​တို့​ကို​ပြု​လုပ်​ရန်​သ​တိ​မ​မေ့​နှင့်'' ဟု ညွှန်​ကြား​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။- 6သို့​ရာ​တွင်​ဘု​ရား​နှင့်​လူ​အ​ကြား​တွင်​သ​ခင် ယေ​ရှု​စီ​စဉ်​ပေး​သည့်​ပ​ဋိ​ညာဉ်​တ​ရား​တော် သည် ပို​၍​ကောင်း​မွန်​သော​အ​ရာ​များ​ဆိုင်​ရာ က​တိ​တော်​များ​အ​ပေါ်​တွင်​အ​ခြေ​ခံ​သ​ဖြင့် ပ​ဋိ​ညာဉ်​တ​ရား​ဟောင်း​ထက်​ပို​မို​ကောင်း​မြတ် သ​ကဲ့​သို့ သ​ခင်​ယေ​ရှု​ထမ်း​ဆောင်​ရ​သည့်​ယဇ် ပု​ရော​ဟိတ်​တာ​ဝန်​ဝတ္တ​ရား​များ​သည်​လည်း ထို ယဇ်​ပု​ရော​ဟိတ်​တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ ထက်​သာ​လွန်​ကြီး​မြတ်​ပေ​သည်။

7အ​ကယ်​၍​ပ​ထ​မ​ပ​ဋိ​ညာဉ်​တော်​တွင်​အ​ပြစ် ဆို​စ​ရာ​ရှိ​ပါ​မူ၊ ဒု​တိ​ယ​ပ​ဋိ​ညာဉ်​တော်​ကို ပြု​တော်​မူ​ရန်​လို​မည်​မ​ဟုတ်။- 8သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု တော်​အား​အ​ပြစ်​တင်​တော်​မူ​လျက်၊

``ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား​များ​နှင့်​လည်း​ကောင်း

ပ​ဋိ​ညာဉ်​သစ်​ကို​ငါ​ပြု​ရန်​အ​ချိန်​ကျ​ရောက် လိမ့်​မည်။

9ဤ​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ​အား လက်​ဆွဲ​၍

အီ​ဂျစ်​ပြည်​မှ၊ငါ​ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က

သူ​တို့​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​နှင့်​တူ​လိမ့်​မည် မ​ဟုတ်။

ထို​အ​ခါ​က​ငါ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို

သူ​တို့​ချိုး​ဖောက်​ကြ​သ​ဖြင့်၊ငါ​သည်​သူ​တို့​အား ဂ​ရု​မ​စိုက်​ဘဲ​နေ​ခဲ့​၏။

10နောင်​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊

ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ပ​ညတ်​များ​ကို သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​ထည့်​သွင်း​မည်။

သူ​တို့​၏​နှ​လုံး​သား​ပေါ်​မှာ​ရေး​သား​မည်။ ငါ​သည်​သူ​တို့​ဘု​ရား​ဖြစ်​မည်။

သူ​တို့​သည်​လည်း​ငါ​၏​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။

11အ​ဘယ်​သူ​မျှ​မိ​မိ​၏​အ​မျိုး​သား​ချင်း ကို​သော်​လည်း​ကောင်း၊

မိ​မိ​၏​ညီ​အစ်​ကို​အ​ချင်း​ချင်း​ကို​သော်​လည်း ကောင်း

ထာ​ဝ​ရ​ဘု​ရား​အား​သိ​လော့​ဟု​သွန်​သင်​ပေး​ရန် လို​မည်​မ​ဟုတ်။

အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည်

အ​ငယ်​ဆုံး​မှ​အ​ကြီး​ဆုံး​တိုင်​အောင်​ငါ့​ကို သိ​ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။

12ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​၍

သူ​တို့​၏​ကူး​လွန်​မှု​များ​ကို သိ​မှတ်​တော်​မူ​မည်​မ​ဟုတ်''

ဟု​မိန့်​တော်​မူ​၏။- 13ကိုယ်​တော်​သည်​ယင်း​သို့​ပ​ဋိ​ညာဉ်​သစ်​အ​ကြောင်း ကို​မိန့်​တော်​မူ​သော​အား​ဖြင့် ပ​ထ​မ​ပ​ဋိ​ညာဉ် ကို​ဟောင်း​နွမ်း​စေ​တော်​မူ​၏။ ဟောင်း​နွမ်း​လာ​သော အ​ရာ​သည်​လည်း​မ​ကြာ​မီ​ပျောက်​ကွယ်​သွား လိမ့်​မည်။

Artistic illustration — an interpretation, not a historical record.

Did you know?

The True Tabernacle and a New Covenant

  • Hebrews 8 calls the place where the priests serve a copy and shadow of what is in heaven. That is why Moses, when he was about to build the tabernacle, was warned to make everything according to the pattern shown him on the mountain.Sources: the Bible text itself
  • The new covenant promised to the house of Israel and the house of Judah is set against the covenant made with their fathers when they were led out of Egypt, the land of the Nile.Sources: the Bible text itself · Egypt
  • By speaking of a new covenant, the chapter says the first has been made obsolete, and that what is obsolete and aging will soon disappear.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Egypt · 30.129, 31.308 · verse 9

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Source: http://ebible.org/mya/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.