Ezra 5
Common Language Bible · Tap a verse to see its cross-references.
1ပရောဖက်ဟ္ဂဲနှင့်ဣဒေါသားပရောဖက်ဇာခရိတို့သည် ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်သူယုဒအမျိုးသားတို့အား ဣသရေလအမျိုးသားတို့ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန်ကြားကြ၏။- 2ရှာလသေလ၏သားဇေရုဗဗေလနှင့်ယောဇဒက်၏သားယောရှုတို့သည် ထိုဗျာဒိတ်စကားများကိုကြားသောအခါယေရုရှလင်မြို့၊ ဗိမာန်တော်ကိုပြန်လည်စတင်တည်ဆောက်ကြလေသည်။ ပရောဖက်နှစ်ပါးတို့သည်သူတို့အားဝိုင်းဝန်းကူညီကြ၏။
3ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်၏ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် ချက်ချင်းပင်ယေရုရှလင်မြို့သို့သွား၍``ဤဗိမာန်တော်ကိုတည်ဆောက်မွမ်းမံရန် သင်တို့အားအဘယ်သူအမိန့်ပေးပါသနည်း'' ဟုမေးမြန်းကြ၏။- 4သူတို့သည်ဗိမာန်တော်တည်ဆောက်မှုတွင် ပါဝင်ကူညီကြသူတို့၏အမည်များကိုတောင်းယူကြ၏။- 5သို့ရာတွင်ဘုရားသခင်သည်ယုဒခေါင်းဆောင်များအားစောင့်ထိန်းကြည့်ရှုလျက်နေတော်မူသဖြင့် ပေရသိအရာရှိတို့သည်ဒါရိမင်းထံသို့စာရေးအကြောင်းကြားရန်နှင့် ထိုမင်းထံမှအမိန့်တစ်စုံတစ်ရာပြန်လည်မရမချင်းမည်သို့မျှအရေးယူဆောင်ရွက်ခြင်းမပြုရန်ဆုံးဖြတ်ကြ၏။- 6သူတို့သည်မင်းကြီးထံသို့အစီရင်ခံစာပေးပို့ကြ၏။
7ထိုအစီရင်ခံစာတွင်``ဧကရာဇ်မင်းဒါရိထံသို့အစီရင်ခံအပ်ပါသည်။ အရှင်သည်ငြိမ်းချမ်းစွာစိုးစံတော်မူနိုင်ပါစေသော။
8``အကျွန်ုပ်တို့သည်ယုဒပြည်သို့သွားရောက်ကြရာ ကြီးမြတ်သောဘုရားသခင်၏ဗိမာန်တော်ကို ကျောက်တုံးကြီးများဖြင့်တည်ဆောက်၍ ကျောက်နံရံများပေါ်တွင်သစ်သားယက်မများကပ်လျက်လုပ်ဆောင်နေကြသည်ကိုတွေ့မြင်ရကြောင်း အရှင်မင်းကြီးအားလျှောက်ထားအစီရင်ခံအပ်ပါသည်။ တည်ဆောက်မှုကိုလုံ့လဖြင့်လုပ်ဆောင်ကြသောကြောင့် တိုးတက်အောင်မြင်လျက်ရှိပါသည်။
9``ထိုနောက်အကျွန်ုပ်တို့သည်ပြည်သူ့ခေါင်းဆောင်များအား ထိုဗိမာန်ကိုအဘယ်သူ၏အမိန့်ခွင့်ပြုချက်အရပြန်လည်တည်ဆောက်ကြသည်ကိုမေးမြန်းပါသည်။- 10ထိုတည်ဆောက်မှုကိုခေါင်းဆောင်သူများ၏အမည်များကိုလည်း အရှင့်ထံအကြောင်းကြားနိုင်ရန်အကျွန်ုပ်တို့တောင်းယူကြပါသည်။- 11သူတို့က`ငါတို့သည်မိုးမြေရှင်ဘုရားသခင်အစေခံများဖြစ်၍ ရှေးနှစ်ပေါင်းများစွာကပင်တန်ခိုးကြီးမားသည့် ဣသရေလဘုရင်တစ်ပါးတည်ဆောက်မွမ်းမံထားခဲ့သည့်ဗိမာန်တော်ကို ပြန်လည်တည်ဆောက်မွမ်းမံကြခြင်းဖြစ်ပါသည်။- 12သို့ရာတွင်ငါတို့သည်မိုးကောင်းကင်ဘုံရှင်ဘုရားသခင်၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြသဖြင့် ကိုယ်တော်သည်ငါတို့အားဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏လက်သို့အပ်တော်မူလေသည်။ ဗိမာန်တော်သည်လည်းပြိုပျက်၍ပြည်သူတို့သည် ဗာဗုလုန်မြို့သို့ပြည်နှင်ဒဏ်သင့်ကြရပါ၏'' ဟုပြောကြားကြပါသည်။- 13ထို့နောက်သူတို့က`ဗာဗုလုန်ဧကရာဇ်ဘုရင်ကုရုသည် မိမိနန်းစံပထမနှစ်၌ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန် အမိန့်ထုတ်ဆင့်တော်မူပါ၏။- 14ထိုမင်းသည်ယေရုရှလင်မြို့ဗိမာန်တော်မှနေဗုခဒ်နေဇာသိမ်းယူကာ ဗာဗုလုန်မြို့ဘုရားဗိမာန်တွင်ထားရှိသည့်ဗိမာန်တော်ဆိုင်ရာရွှေ၊ ငွေအသုံးအဆောင်တော်များကိုပြန်လည်ပေးအပ်တော်မူခဲ့ပါ၏။- 15ကုရုမင်းသည်ယုဒဘုရင်ခံအဖြစ် မိမိခန့်ထားသည့်ရှေရှဗာဇာအမည်ရှိသူ၏လက်သို့ ထိုအသုံးအဆောင်တော်များကိုအပ်နှံတော်မူ၍ ယေရုရှလင်မြို့ဗိမာန်တော်သို့ပြန်လည်ယူဆောင်သွားစေပြီးလျှင် ထိုဗိမာန်တော်ကိုနေရာဟောင်းတွင် ပြန်လည်တည်ဆောက်ရန်မိန့်မှာတော်မူပါ၏။- 16သို့ဖြစ်၍ရှေရှဗာဇာသည်လာရောက်ပြီးနောက် ဗိမာန်တော်အုတ်မြစ်ကိုချပါ၏။ ထိုဗိမာန်တော်တည်ဆောက်မှုမှာ ယနေ့တိုင်ဆက်လက်လုပ်ကိုင်လာခဲ့သော်လည်းမပြီးပြတ်သေးပါ' ဟုပြန်လည်ပြောကြားကြပါသည်။
17``ယေရုရှလင်မြို့ဗိမာန်တော်ကိုပြန်လည်တည်ဆောက်စေရန် ကုရုမင်းအမိန့်တော်ရှိမရှိသိနိုင်ရန် အရှင်မင်းကြီးအလိုရှိတော်မူပါလျှင် နန်းတွင်းမှတ်တမ်းများတွင်ယခုရှာဖွေ၍ကြည့်စေတော်မူပါ။ ထိုနောက်ဤအမှုကိုအရှင်အဘယ်သို့ပြုစေတော်မူလိုသည်ကို အကျွန်ုပ်တို့အားအမိန့်ရှိတော်မူပါ'' ဟုဖော်ပြပါရှိလေသည်။

Did you know?
Resuming the Temple and the Persian Inquiry
- Construction on the temple had ceased for years, but work resumed under the leadership of Zerubbabel and Jeshua after the prophets Haggai and Zechariah urged the people in Jerusalem to rebuild. Zechariah, described in Ezra as the son of Iddo, ministered alongside Haggai during the reign of King Darius.Sources: the Bible text itself · Haggai · Zechariah · Zerubbabel
- Tattenai served as the Persian governor of the province west of the Euphrates River. When he and officials such as Shethar-bozenai observed the diligent construction with large stones and timber, they questioned the Jewish elders regarding their authorization and sent a formal inquiry to King Darius.Sources: the Bible text itself · Tatnai · Shethar-boznai
- In their response to Tattenai, the Jewish leaders appealed to the decree of Cyrus, who had conquered Babylon, permitted the return of the exiles, and returned the gold and silver vessels previously looted by Nebuchadnezzar. Tattenai asked the king to search the royal archives in Babylon to verify this decree.Sources: the Bible text itself · Cyrus · Nebuchadnezzar
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
- Jerusalem · 31.777, 35.234 · verses 1, 2, 3, 14, 15, 16, 17
- Beyond the River · 31.777, 35.234 · verses 3, 6
- Euphrates · Today: Euphrates River · 31.004, 47.442 · verse 6
- Judea · Today: Judea 2 · 31.777, 35.234 · verse 8
- Babylon · 32.543, 44.422 · verses 12, 13, 14, 17
- Babylonia · 32.543, 44.422 · verse 12
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org