Nations Bible

Deuteronomy 25

Common Language Bible · Tap a verse to see its cross-references.

1``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​နှစ်​ဦး သည်​ရုံး​တွင် တ​ရား​ဆိုင်​ကြ​ရာ​၌​တစ်​ဦး​သည် အ​ပြစ်​မ​ရှိ၊ အ​ခြား​တစ်​ဦး​သည်​အ​ပြစ်​ရှိ သည်​ဟူ​၍​စီ​ရင်​သော​အ​ခါ၊- 2အ​ပြစ်​ရှိ​သော​သူ​သည်​ကြိမ်​ဒဏ်​ခံ​ထိုက်​လျှင် သူ့​အား​မှောက်​စေ​ပြီး​ကြိမ်​ဒဏ်​ပေး​ရ​မည်။ ထို သူ​ကူး​လွန်​သော​အ​ပြစ်​ကြီး​ငယ်​အ​လိုက် ကြိမ်​ဒဏ်​အ​ချက်​ကို​သတ်​မှတ်​ရ​မည်။- 3သို့​သော်​လည်း​ကြိမ်​ဒဏ်​အ​ချက်​လေး​ဆယ် ထက်​မ​ပို​စေ​ရ။ ထို​ထက်​ပို​လျှင်​သူ့​အား လူ​ပုံ​လယ်​၌​အ​ရှက်​ခွဲ​ရာ​ရောက်​မည်။

4``စ​ပါး​နယ်​နေ​သော​နွား​ကို​ပါး​ချုပ်​တပ်​၍ မ​ထား​ရ။

သေ​ဆုံး​သူ​ညီ​အစ်​ကို​အား​ပြု​အပ်​သော​ဝတ္တ​ရား

5``ညီ​အစ်​ကို​နှစ်​ဦး​တို့​သည်​အ​တူ​တူ​နေ​ထိုင် ၍ တစ်​ဦး​သည်​သား​မ​ကျန်​ရစ်​ဘဲ​သေ​ဆုံး​ခဲ့ လျှင် သူ​၏​ဇနီး​မု​ဆိုး​မ​သည်​သူ​စိမ်း​ယောကျာ်း တစ်​ဦး​ဦး​နှင့်​မ​စုံ​ဖက်​စေ​ရ။ သေ​ဆုံး​သူ​၏ ညီ​က ထို​မိန်း​မ​ကို​မယား​အ​ဖြစ်​သိမ်း​ပိုက် ရ​မည်။- 6ဣ​သ​ရေ​လ​လူ​မျိုး​တွင်​သေ​ဆုံး​သူ​၏​မိ​သား​စု မျိုး​ဆက်​မ​ပျောက်​စေ​ရန် ထို​မိန်း​မ​၌​ဖွား​မြင် သော​သား​ဦး​သည်​သေ​သူ​၏​တ​ရား​ဝင်​သား ဖြစ်​စေ​ရ​မည်။- 7အ​ကယ်​၍​ညီ​သည်​သေ​ဆုံး​သူ​အစ်​ကို​၏ ဇ​နီး​နှင့်​မ​စုံ​ဖက်​လို​လျှင် မိန်း​မ​သည်​မြို့ အ​ကြီး​အ​ကဲ​တို့​ထံ​သို့​သွား​၍`ကျွန်​မ​မတ် ဖြစ်​သူ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​တွင် အစ်​ကို ၏​မိသား​စု​မျိုး​ဆက်​ကျန်​ရစ်​ရန်​ဆောင်​ရွက် ရ​မည့်​ဝတ္တ​ရား​ပျက်​ကွက်​ပါ​သည်' ဟု​လျှောက် ဆို​ရ​မည်။- 8ထို​အ​ခါ​မြို့​အ​ကြီး​အ​ကဲ​တို့​က ထို​မိန်း​မ ၏​မတ်​ကို​ခေါ်​၍​မေး​မြန်း​ရ​မည်။ သူ​က​ထို မိန်း​မ​နှင့်​မ​စုံ​ဖက်​လို​ပါ​ဟူ​၍​ငြင်း​ဆန် နေ​သေး​လျှင်၊- 9သူ့​မ​ရီး​သည်​မြို့​အ​ကြီး​အ​ကဲ​တို့​ရှေ့​တွင် ထို သူ​၏​ဖိ​နပ်​တစ်​ဖက်​ကို​ချွတ်​၍​သူ့​မျက်​နှာ ကို​တံ​တွေး​ထွေး​လျက်`အစ်​ကို​၏​မျိုး​ဆက်​ကို မ​ပွား​စေ​လို​သူ​အား ဤ​သို့​ပြု​သင့်​သည်' ဟု ဆို​ရ​မည်။- 10ဣ​သ​ရေ​လ​လူ​မျိုး​တွင် ထို​သူ​၏​မိ​သား​စု ကို`ဖိ​နပ်​အ​ချွတ်​ခံ​ရ​သူ​၏​မိ​သား​စု' ဟူ​၍ ခေါ်​တွင်​စေ​ရ​မည်။

အ​ခြား​ပ​ညတ်​များ

11``အ​ကယ်​၍​လူ​နှစ်​ဦး​ခိုက်​ရန်​ဖြစ်​နေ​စဉ် တစ် ဦး​၏​မ​ယား​သည် မိ​မိ​၏​လင်​ယောကျာ်း​ဘက် မှ​ကူ​ညီ​၍ အ​ခြား​ယောကျာ်း​၏​တန်​ဆာ​ကို ကိုင်​ဆွဲ​လျှင်၊- 12ထို​မိန်း​မ​၏​လက်​ကို ဖြတ်​ပစ်​ရ​မည်။ သူ့​ကို မ​သ​နား​မ​ညှာ​တာ​ရ။- 13``သင်​တို့​သည်​အ​လေး၊ တင်း​တောင်း​တို့​ဖြင့် ခြင်​တွယ်​သော​အ​ခါ မ​မှန်​မ​ကန်​မ​ခြင် တွယ်​ရ။- 15သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် သင်​တို့ အ​သက်​ရှည်​စွာ​နေ​ထိုင်​နိုင်​ရန်​မှန်​ကန် တိ​ကျ​သော အ​လေး၊ တင်း၊ တောင်း​များ​ကို အ​သုံး​ပြု​ကြ​လော့။- 16ထာ​ဝ​ရ​ဘု​ရား​သည် လိမ်​လည်​လှည့်​ဖြား သော​သူ​များ​ကို​ရွံ​ရှာ​တော်​မူ​၏။

အာ​မ​လက်​အ​မျိုး​သား​တို့​အား​သုတ်​သင်​ရန် အ​မိန့်​တော်

17``အီ​ဂျစ်​ပြည်​မှ​သင်​တို့​ထွက်​လာ​စဉ်​က သင် တို့​အား​အာ​မ​လက်​အ​မျိုး​သား​တို့​မည်​ကဲ့ သို့​ရန်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။- 18သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်​ရွံ့ သ​ဖြင့် သင်​တို့​အား​ကုန်​၍​မော​ပန်း​လျက်​ရှိ ကြ​စဉ် သင်​တို့​နောက်​မှ​လိုက်​၍​တိုက်​ခိုက်​ကြ ၏။ နောက်​ကျန်​နေ​သူ​အား​လုံး​ကို​လည်း လုပ် ကြံ​သတ်​ဖြတ်​ခဲ့​ကြ​၏။- 19သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ရောက်​၍ ပတ်​ဝန်း​ကျင်​ရန်​သူ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကင်း လွတ်​ပြီး​အေး​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တစ်​ယောက် မ​ကျန်​သုတ်​သင်​ပစ်​ရန်​မ​မေ့​ကြ​နှင့်။

Did you know?

Justice, Family Lineage, and Memory

  • Judicial flogging was strictly limited to a maximum of forty lashes. The restriction was intended to prevent excessive humiliation and ensure that the offender was not degraded in the community's eyes.Sources: the Bible text itself
  • The custom of levirate marriage required a man to marry his deceased brother's childless widow to preserve the brother's name and inheritance. If he refused, the widow publicly removed his sandal and spat in his face before the town elders at the city gate.Sources: the Bible text itself
  • The Amalekites were a nomadic pastoral tribe inhabiting the arid region south of Canaan. Israel was commanded to wipe out their memory because they had attacked the weary stragglers at the rear of the Israelite camp during the journey out of Egypt.Sources: the Bible text itself · Amalek

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Amalek · 30.648, 34.422 · verses 17, 19
  • Egypt · 30.129, 31.308 · verse 17

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Source: http://ebible.org/mya/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.